အာဆင်နယ်အသင်းဟာ ဘာစီလိုနာကစားသမား မန်းဖစ် ဒီပေးကို ခေါ်ယူလိုတဲ့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ဒီပေးကို ဝက်စ်ဟမ်းအသင်းကလဲ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ နယ်သာလန်သား ကစားသမား ဒီပေးဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ နွေရာသီက အလွတ်ပြောင်းရွေ့ခဲ့တာပါ။ သူဟာ ဘာစီလိုနာကို မပြောင်းခင် ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ လေးနှစ်ခွဲကြာ ကစားခဲ့ပါတယ်။ သူဟာ လာလီဂါကို ရောက်ရောက်ချင်း ကစားရတဲ့ ၁၅ ပွဲ မှာ အသင်းအတွက် ၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ထို့နောက် ဒီပေးဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒဏ်ရာက ပြန်လည်သက်သာလာပြီး အသင်းမှာ ပြန်လည်ပါဝင်ကစားခွင့်ရခဲ့သော်လည်း ဒီပေးဟာ ဇန်နဝါရီအပြောင်းအရွေ့က ရောက်ရှိခဲ့တဲ့ အူဘာမီယန်နဲ့ အတူတူ ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အသက် ၂၈ နှစ်သားဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွေ့လာခဲ့စဉ်က စာချုပ်သက်တမ်း ၂ နှစ်သာ ချုပ်ဆိုထားခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၂-၂၃ ရာသီကုန်လျှင်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ဘာစီလိုနာအသင်းကိုယ်တိုင်က ကစားသမားကို အသင်းဘဏ္ဍာ‌‌ ရေးအတွက် ရောင်းချလိုနေတာ ဖြစ်ပါတယ်။ ဒီပေးကို အာဆင်နယ်အသင်းနဲ့ တော့တင်ဟမ်အသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်ဆိုပေမယ့် စပိန်သတင်းဌာန ABC နဲ့ Fichajes တို့ လက်ရှိ လန်ဒန်နှစ်သင်းနဲ့အတူ ဝက်စ်ဟမ်းအသင်းကလဲ ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ် လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းကတော့ နည်းပြ ဇာဗီရဲ့ အစီအစဉ်မှာ မပါဝင်တော့တဲ့ ဒီပေးကို အသင်းကဖယ်ထုတ်ဖို့ စဉ်းစားနေပြီး ABC သတင်းဌာနကတော့ ဒီပေးဟာ ရောင်းချမယ့်ကစားသမားတစ်ယောက်ဖြစ်ပြီး သဘောတူညီမှု ကြီးကြီးနဲ့ အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စာချုပ်ချုပ်ဆိုချင်နေပါတယ်။ ဒါပေမယ့် အသင်းအနေနဲ့ ချန်ပီယံလိဂ် ကစားခွင့် မရတာက အသင်းကို ကစားသမားတွေ ခေါ်ယူနိုင်ဖို့ ဆွဲဆောင်မှု အားလျော့စေနိုင်ပါတယ်။ အာဆင်နယ်ကလဲ တိုက်စစ်မှူးတွေ ဖြစ်တဲ့ လာကာဇက်နဲ့ အန်ကီးတီးယားတို့ ရာသီကုန်လျှင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာမို့ ဈေးကွက်ထဲမှာ တိုက်စစ်ကစားသမားကို ရှာဖွေနေတာပါ။

ABC သတင်းအရ အာဆင်နယ်အသင်းဟာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းလဲ ဖြစ်တဲ့ ဒီပေးအတွက် ဘာစီလိုနာအသင်းထံ စုံစမ်းမှု ပြုလုပ်ထားတယ်လို့ သိရပြီး ဂျူဗင်တပ်အသင်းကလဲ ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကတော့ ဒီပေးအပါအဝင် ၊ မန်စီးတီး ကစားသမား ဂါဘရီရယ်ဂျေးဆပ် ၊ အဲဗာတန် ကစားသမား ဒိုမနစ် ကယ်လ်ဗတ် လီဝင်နဲ့ ရိုးမားရဲ့ တမ်မီ အီဗရာဟင်တို့ကိုလဲ ခေါ်ယူဖို့ ကြိုးစား‌နေပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ တိုက်စစ်မှာ ဂိုးသွင်းယူပေးနိုင်ဖို့ ယခုနွေရာသီမှာ ရောဘတ်လီဝန်ဒေါစကီးကို ပစ်မှတ်ထားခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွင်းဂိုးတွေ ပိုမိုသွင်းယူလာနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ယခုရာသီမှာ သွင်းဂိုး ၅၀ သွင်းယူထားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သွင်းဂိုး သွင်းယူနိုင်မှုနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ယခုနှစ်မှာတော့ သူတို့ဟာ ၂၀၀၄-၀၅ ရာသီတုန်းကလို သွင်းဂိုးရရှိနှုန်း နည်းပါးနေတာဖြစ်ပါတယ်။

အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ အသင်းကထွက်ခွာမှုတွေမှာ လီယွန်နယ် မက်ဆီတစ်ယောက် ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကထွက်ခွာခဲ့တာက အသင်းရဲ့ သွင်းဂိုးတွေ အဓိက လျော့နည်းလာရခြင်းရဲ့ အကြောင်းရင်းတစ်ချက်လဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီ သွင်းဂိုး စုစုပေါင်း ၈၆ ဂိုးသွင်းယူထားပြီး လာလီဂါမှာ ၆၈ ဂိုးသာသွင်းယူထားတာပါ။ ဥပမာအားဖြင့် ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းယူထားတဲ့ မာဖစ်ဒီပေးဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပါတယ်။ ၂၀၁၄-၁၅ ရာသီကနေစပြီး ဘာစီလိုနာအသင်းဟာ အသင်းဟာ သွင်းဂိုးတွေ ရရှိမှု လျော့ကျလာခဲ့တာပါ။

၂၀၁၅-၁‌၆ ရာသီမှာ ဘာစီလိုနာဟာ သွင်းဂိုး ၁၇၃ ဂိုး နောက်နှစ်တွင် ၁၇၁ ဂိုး ၊ ၁၄၁ ဂိုး ၊ ‌၁၃၈ ၊ ၁၁၀ နှင့် ဒီရာသီမှာ ၈၆ ဂိုးသွင်းယူထားပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ အသင်းအတွက် ဂိုးတွေသွင်းယူပေးမယ့် ကစားသမားကို ဈေးကွက်မှာ လိုက်လံရှာဖွေနေခဲ့တာပါ။ ရာသီတိုင်းမှာ အသင်းဟာ သွင်းဂိုးတွေရရှိဖို့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ရမှာပါ။ ဘာစီလိုနာရဲ့ တိုက်စစ်မှာ ထိုကဲ့သို့ အခွင့်အရေးတွေကို ဂိုးသွင်းယူပေးနိုင်မယ့် ကစားသမားမျိုးကို လိုအပ်နေတာပါ။ ဒါကြောင့်လဲ လီဝန်ဒေါစကီးကို ပစ်မှတ်ထား ခေါ်ယူလိုနေတာပါ။

လီဝန်ဒေါစကီးက အသက်ရလာတဲ့ အမျှ သွင်းဂိုးသွင်းနှုန်း မြင့်မားလာပါတယ်။ သူဟာ လာမယ့် ဩဂုတ်လမှာ ၃၄ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဟာ သူ့ရဲ့ သွင်းဂိုးတွေ အများဆုံး သွင်းယူနိုင်ခဲ့တဲ့ နှစ်လဲ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါဟာ ရာသီသိမ်းပြီးနောက် လီဝန်ဒေါစကီးဟာ နောက်ဆုံးပွဲစဉ်မှာ သူ့ရဲ့ ဂိုး ၅၀ မြောက် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သူဟာ ၂၀၁၇-၁၈ ရာသီကထဲက ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုးအများဆုံးဂိုးသမား ဖြစ်ခဲ့ပါတယ်။ ဥရောပ ရွှေဖိနပ်ဆုကို သူက မနှစ်က ၄၈ ဂိုးနဲ့ ရရှိခဲ့ပြီး ၂၀၁၉-၂၀ ရာသီတုန်းက သူဟာ သွင်းဂိုး ၄၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။