အာဆင်နယ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့အနေနဲ့ ဗဟိုခံစစ်မှူး ကလေမွန် လွန်ဂလေကို အငှါးနဲ့ ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းရဲ့ အခွင့်အရေးပေးမှုကို ရရှိခဲ့ကြကြောင်း သိရပါတယ်။ မြောက်လန်ဒန်မြို့ခံပြိုင်ဘက် ၂ သင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးတစ်နေရာအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ရာသီပိတ်ပွဲစဉ်အပြီးမှသာ စပါးစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့မန်နေဂျာ မီခဲလ် အာတီတာရော စပါးစ်အသင်းရဲ့မန်နေဂျာ အန်တိုနီယို ကွန်တီပါ နောက်နှစ်ဘောလုံးရာသီအတွက် အသင်းရဲ့လူစာရင်းကို တိုးတက်အောင်ပြုလုပ်ဖို့ ကြည့်ရှုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရော စပါးစ်အသင်းပါ ဒီနှစ်နွေအတွက် ပစ်မှတ်ကစားသမားတွေက အံ့အားသင့်ဖွယ်ရာကောင်းတဲ့ထိ တူညီနေခဲ့ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကိုလည်း နှစ်သင်းစလုံး အပြိုင်လိုက်နေကြတာပါ။

The Times သတင်းဌာနရဲ့ဖော်ပြချက်အရ ဗဟိုခံစစ်မှူး လွန်ဂလေကို ဘာစီလိုနာအသင်းအနေနဲ့ မြောက်လန်ဒန်ကလပ် ၂ သင်းစလုံးအတွက် အငှါးနဲ့ခေါ်ယူနိုင်တယ်ဆိုတာ အသိပေးပြီး အဆိုပါ ၂ သင်းရဲ့ ကမ်းလှမ်းမှုတွေအတွက် တံခါးဖွင့်ထားပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်သန်ဗဟိုခံစစ်မှူး လွန်ဂလေအနေနဲ့ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၁၆၀ တိတိကစားပေးခဲ့ပြီးဖြစ်သလို ပြင်သစ်လက်ရွေးစင်အသင်းကြီးအတွက်လည်း ရွေးချယ်ခံရလေ့ရှိတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နောက်နှစ်ဘောလုံးရာသီအတွင်း ဥရောပပြိုင်ပွဲအဆင့်မှာ ယူရိုပါလိဂ်မှာ ကစားရမှာဖြစ်ပြီး ဂန်းနားကစားသမားဟောင်း ဗွိုင်းရှက် စတန်းစနဲကတော့ သူ့အသင်းဟောင်းက အခုအနေအထားထက်ပိုပြီး ချန်ပီယံလိဂ်ကို စောစောရောက်သင့်ကြောင်း ယူဆနေတာဖြစ်ပါတယ်။ စတန်းစနဲက “ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင်တော့ ဒါက တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်”

“သူတို့အနေနဲ့ အစကောင်းခဲ့တယ်လို့ပြောရမှာပဲ။ ပြီးတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမစခင်တုန်းကအထိ ဘယ်သူမှ သူတို့မှာ ဒီချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာအတွက် အခွင့်အရေးရှိတယ်ဆိုတာ ပြောခဲ့မိလိမ့်ကြမှာမဟုတ်ဘူး။ သူတို့အနေနဲ့ ဘောလုံးရာသီပြီးဆုံးခါနီး ပွဲစဉ် ၂ ပွဲပဲလိုတော့တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒါက စိတ်ပျက်စရာပါပဲ။ ဒါပေမယ့်လည်း သူတို့အနေနဲ့ ဒီနှစ်မှာ တကယ့်ကို ကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်နိုင်ခဲ့တာပါပဲ”

“ကျွန်တော့်အနေနဲ့ မီခဲလ်ရဲ့ ဘောလုံးအယူအဆတွေကို မြင်နိုင်ပါတယ်။ သူ့မှာ ငယ်ရွယ်နုပျိုတဲ့ အသင်းရှိတယ်လေ။ ဒီတော့ သူတို့အနေနဲ့ အဆင်ပြေမှာပါ။ နောက်ထပ် ၂ နှစ်လောက် ထပ်ကြာရင်တော့ သူတို့အနေနဲ့ ချန်ပီယံလိဂ်ကို ပြန်ရောက်လာကြပါလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။

ZAWGYI: အာဆင်နယ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့အနေနဲ့ ဗဟိုခံစစ်မှူး ကလေမွန် လွန်ဂလေကို အငှါးနဲ့ ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းရဲ့ အခွင့်အရေးပေးမှုကို ရရှိခဲ့ကြကြောင်း သိရပါတယ်။ မြောက်လန်ဒန်မြို့ခံပြိုင်ဘက် ၂ သင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးတစ်နေရာအတွက် အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ရာသီပိတ်ပွဲစဉ်အပြီးမှသာ စပါးစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။