ဗလင်စီယာအသင်းရဲ့ ကွင်းလယ်ကစားသမား ကားလို့စ် ဆိုလဲရ်အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီသွားခဲ့တာကြောင့် ကာတာလန်အသင်းကြီးအနေနဲ့ ဖရန်ကီ ဒီယွန်းအတွက် အစားထိုးမှုတစ်ရပ်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီယွန်းကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ‌ ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေပြီး ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ကတော့ ဒီယွန်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဓိကနေရာကနေ ပါဝင်လာရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေရင် ချန်ပီယံလိဂ်ကစားရမှာဖြစ်ပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့ရင် ယူရိုပါလိဂ်မှာ ကစားရမှာကြောင့် တွန့်ဆုတ်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် ဒတ်ချ်ကွင်းလယ်လူကို ရှင်းထုတ်လိုနေတာပါ။ ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်နွေမှာ ကစားသမားသစ်ခေါ်ယူဖို့အတွက်ဆိုရင် အသင်းရဲ့ ရှိရင်းစွဲကစားသမားကို ရောင်းချပြီးမှသာ ငွေရှာနိုင်မှာဖြစ်ပြီး ဈေးကွက်ထဲ တင်လို့ရတဲ့ ကစားသမားတွေထဲမှာတော့ ဒီယွန်းက တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်နေပါတယ်။

အသင်းရဲ့ ရှိရင်းစွဲကစားသမားကို ရောင်းချပြီးလို့ ပြောင်းရွှေ့ကြေး လက်ထဲရလာပြီဆိုမှ ဗလင်စီယာအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ဆိုလဲရ်အနေနဲ့ ဒီယွန်းနေရာမှာ အစားထိုးဝင်ရောက်လာမယ့် ကစားသမားဖြစ်လာမှာဖြစ်ကြောင်း SPORT သတင်းဌာနရဲ့အဆိုအရ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ကွင်းလယ်ကြယ်ပွင့်ကစားသမားအနေနဲ့ ဗလင်စီယာအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ဘာစီလိုနာအသင်းလိုမျိုးပဲ ဗလင်စီယာအသင်းမှာလည်း ငွေရေးကြေးရေးပြဿနာတွေကြောင့် အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ထုတ်ရောင်းမှရမယ့် အနေအထားမျိုး ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အဆိုပါဖော်ပြချက်အရ ဆိုလဲရ်အနေနဲ့ အသင်းက ရောင်းထုတ်တာခံရမယ့် ကြယ်ပွင့်ကစားသမားတွေထဲက တစ်ယောက်အပါအဝင်သာဖြစ်ပြီး ဘာစီလိုနာအသင်းရော မန်နေဂျာ ဂျာဗီ ဟာနန်ဒက်ဇ်တို့ကပါ ဒီယွန်းကို ရောင်းချပြီးလို့ ငွေရပြီဆိုတာနဲ့ ဆိုလဲရ်ကို ခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်အနေနဲ့ ဆုံးဖြတ်ချက်မပြတ်မသားဖြစ်နေတဲ့ ဒီယွန်းကို သတိပေးသွားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့အတွက် တိုက်တွန်းသွားခဲ့ပါတယ်။

တကယ်လို့များ ဒီယွန်းအနေနဲ့ တိကျရေရာတဲ့ ဆုံးဖြတ်ချက်တစ်ခု အကြောင်းမပြန်ခဲ့ဘူးဆိုရင်တော့ ယူနိုက်တက်အနေနဲ့ အခြားပစ်မှတ်ကစားသမားတွေကို ခေါ်ယူဖို့အတွက်ပဲ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သတိပေးသွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီယွန်းကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ ပစ်မှတ်ကစားသမားဟောင်းတွေဖြစ်တဲ့ လက်စ်တာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်နဲ့ ဝုလ်ဗ်စ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင် နဲဗက်စ်တို့ကို ခေါ်ယူဖို့အတွက် ပြန်လည်ကြိုးပမ်းသွားနိုင်တာပါ။

ဗလင်စီယာအသင်းရဲ့ကွင်းလယ်လူ ဆိုလဲရ်ရဲ့ အပြောင်းအရွှေ့သတင်းကြောင့် ဟာရီ မက်ဂွိုင်းယားကိုတောင် ပေါင်သန်း ၈၀ ဝန်းကျင်အသုံးပြုကာ ခေါ်ယူခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ဒီယွန်းကို ဘာစီလိုနာအသင်းထံကနေ သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူသွားနိုင်မှာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: ဗလင်စီယာအသင်းရဲ့ ကွင်းလယ်ကစားသမား ကားလို့စ် ဆိုလဲရ်အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီသွားခဲ့တာကြောင့် ကာတာလန်အသင်းကြီးအနေနဲ့ ဖရန်ကီ ဒီယွန်းအတွက် အစားထိုးမှုတစ်ရပ်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီယွန်းကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ‌ ခေါ်ယူဖို့အတွက် စိတ်အားထက်သန်နေပြီး ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ကတော့ ဒီယွန်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဓိကနေရာကနေ ပါဝင်လာရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။