ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ စီးပွားရေးဆိုင်ရာ ဥက္ကဋ္ဌ အဖြစ် မန်စီးတီး အသင်းရဲ့ အမှုဆောင်ချုပ်ဟောင်း တဦး ဖြစ်တဲ့ တွန်ဂလစ်ကို တရားဝင် ခန့်အပ်ခဲ့ပြီးနောက် ၊ ပိုင်ရှင်သစ် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီ ဟာ အသင်းရဲ့ စီးပွားရေး အဝင်အထွက် မျှတမှု ရှိစေဖို့ စတင် ပစ်မှတ်ထားလာပြီ ဖြစ်ပါတယ် ။ ဘိုလီ ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီး အသင်းက ဝယ်ယူထားတဲ့ ကစားသမား အများအပြား ဟာ လစာပိုင်းမှာ မလိုအပ်ပဲ သိသိသာသာ များနေတာကြောင့် ၊

စာချုပ်သာ ကျန်နေပြီး အသုံးမဝင်တော့တဲ့ ကစားသမား အချို့ကို လက်ရှိ နွေရာသီ စျေးကွက် အတွင်း အပြီးသတ် ရှင်းထုတ်နိုင်ဖို့ ကြံစည်နေပါတယ် ။ လောလောဆယ် အချိန် အထိ ချဲလ်ဆီး ဟာ မန်စီးတီးကနေ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင်ကို ပေါင် ၄၇.၅သန်း ၊ နာပိုလီကနေ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီကို ပေါင် ၃၄သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် အသုံးမလိုတော့တဲ့ အသင်းသား အချို့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ အလားအလာ များစွာ ရှိနေပါသေးတယ် ။

အသင်းရဲ့ နည်းစနစ်မှာ အံမဝင်တော့တဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ရိုမီလူ လူကာကူကို အင်တာမီလန် အသင်းသို့ အငှားချထားပြီးနောက် ၊ ချဲလ်ဆီးဟာ လူငယ် ကြယ်ပွင့် အချို့ကို အငှား ထပ်ပို့ဖို့ စီစဉ်နေပါတယ် ။ တဖက်မှာ အသက်အရွယ်ကြောင့် ခြေစွမ်းကျလာတဲ့ စပိန် ဝါရင့် နောက်ခံလူ ၂ဦး ဖြစ်တဲ့ မားကို့စ် အလွန်ဆိုနဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ဟာလည်း ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ဖို့ အထူး နီးစပ်နေတဲ့ အပြင် ၊

မနေ့က ထွက်လာတဲ့ သတင်းတွေ အရ အယ်ဘေးနီးယား လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကိုလည်း ဝက်စ်ဟမ်း အသင်းက ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ် ။ ဒီတော့ ယခုရက်ပိုင်း အတွင်း ကစားသမား အထွက် တချို့ ချဲလ်ဆီး အသင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ လက််ရှိ ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်နေပေမယ့် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ်မှာ ဘယ်လိုမှ အံမဝင်တဲ့ အင်္ဂလန် ကွင်းလယ်လူ ရော့စ်ဘာကလေကိုလည်း ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီ က အရောင်းစာရင်း တိတ်တခိုး တင်ထားကြောင်း The Mirror သတင်းဌာန က ဖော်ပြခဲ့ပါတယ် ။

အသက် ၂၈နှစ် အရွယ်ရှိ ဘာကလေ ဟာ လက်ရှိ ချဲလ်ဆီး အသင်းနဲ့ တနှစ် စာချုပ်သာ ကျန်တော့တာကြောင့် ၊ ဘိုလီ ဟာ ၄င်းကို ရနိုင်သလောက် ပြောင်းရွှေ့ကြေးနဲ့ ရှင်းထုတ်နိုင်ဖို့ အလိုရှိနေတဲ့အပြင် ၊ ၄င်းကို ရောင်းချနိုင်ခဲ့ရင် တပတ်လုပ်ခ ပေါင်တသိန်း အနည်းဆုံး သက်သာမှာလည်း ဖြစ်ပါတယ် ။ လောလောဆယ်မှာတော့ ဘာကလေ ဟာ ချဲလ်ဆီး အသင်းရဲ့ အမေရိကန် ခရီးစဉ်မှာ ပူးပေါင်း ပါဝင်ထားပြီး ၊ ၄င်းကို ခေါ်ယူဖို့ တရားဝင် ချဉ်းကပ်နေတဲ့ အသင်းတော့ မရှိသေးပါဘူး ။ ဒါကြောင့်လည်း တော့ဒ်ဘိုလီ ဟာ ဘာကလေကို ဝယ်ယူဖို့ အဲဗာတန် ၊ အက်စတွန် ဗီလာ အသင်းတွေထံ ကမ်းလှမ်းထားကြောင်း သိရပါတယ် ။

၂သင်းလုံး ဟာ ဘာကလေ ကစားခဲ့ဖူးတဲ့ ကလပ်တွေ ဖြစ်ကြပေမယ့် ၊ လက်ရှိ ခြေစွမ်း အရတော့ ၄င်းကို ခေါ်ယူဖို့ ၂သင်းလုံးက ကြိုးပမ်းဖို့ အလားအလာနည်းပါတယ် ။ အထူးသဖြင့် ဗီလာဆိုရင် ဖီလစ်ပီ ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူထားပြီး ဖြစ်တာကြောင့် ကွင်းလယ်တိုက်စစ် ကစားသမား တဦး ထပ်ခေါ်ဖို့ အခြေအနေ မရှိနိုင်တော့ပါဘူး ။ ချဲလ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ် ကိုင်တွယ်နေတဲ့ အဲဗာတန်ကတော့ လက်ရှိ အချိန်ထိ ဂျိမ်းစ် တာကောစကီးက လွဲကာ ၊ ထူးထူးခြားခြား အပြောင်းအရွှေ့ မလှုပ်ရှားရသေးတဲ့ အပြင် ၊ ရစ်ချာလီဆင်ကိုလည်း တော့တင်ဟမ်သို့ ရောင်းချထားတာကြောင့် တိုက်စစ်အားသန် ကစားသမား တဦး အစားထိုး ဖြည့်တင်းဖို့ လိုအပ်နေပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ စီးပွားရေးဆိုင်ရာ ဥက္ကဋ္ဌ အဖြစ် မန်စီးတီး အသင်းရဲ့ အမှုဆောင်ချုပ်ဟောင်း တဦး ဖြစ်တဲ့ တွန်ဂလစ်ကို တရားဝင် ခန့်အပ်ခဲ့ပြီးနောက် ၊ ပိုင်ရှင်သစ် တဦး ဖြစ်တဲ့ တော့ဒ်ဘိုလီ ဟာ အသင်းရဲ့ စီးပွားရေး အဝင်အထွက် မျှတမှု ရှိစေဖို့ စတင် ပစ်မှတ်ထားလာပြီ ဖြစ်ပါတယ် ။ ဘိုလီ ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီး အသင်းက ဝယ်ယူထားတဲ့ ကစားသမား အများအပြား ဟာ လစာပိုင်းမှာ မလိုအပ်ပဲ သိသိသာသာ များနေတာကြောင့် ၊