ချဲလ်ဆီး အသင်းဟာ လက်ရှိမှာ ရာသီကြို ခရီးစဉ် အနေနဲ့ အမေရိကန် နိုင်ငံ ၊ လက်စ်ဗေးဂတ်စ်မြို့သို့ ရောက်ရှိနေပြီး ၊ ပြီးခဲ့တဲ့ ရာသီက ရှိရင်းစွဲ စီနီယာ အသင်းသားတွေနဲ့ အငှား ကြယ်ပွင့် အချို့ ၊ အကယ်ဒမီ ကြယ်ပွင့် အချို့တို့ ထိုအစီအစဉ်မှာ ပူးပေါင်း ပါဝင်နေကြပါတယ် ။ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် တခုမှာ ပြီးခဲ့တဲ့ ရာသီ ဆောက်သမ်တန် အသင်းသို့ အငှားထွက်ကာ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ အယ်လ်ဘေးနီးယား လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ထိခိုက်မိပြီး ၊ ခြေထောက်မှာ စတီးလ်ချောင်း တပ်ကာ ထရိန်နင်မှ ထွက်ခွာခဲ့ရပါတယ် ။

ဒါဟာ အထောင် တိုက်စစ် နေရာမှာ ချဲလ်ဆီး ပရိသတ်တို့ မျှော်လင့်တကြီး စောင့်စားနေတဲ့ ကစားသမား တယောက် အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ် ။ တဖက်မှာ ဆောက်သမ်တန်နဲ့ အတူ ရခဲ့တဲ့ သွင်းဂိုး မှတ်တမ်းကြောင့် ဘရိုဂျာ ဟာ ပရီးမီးယားလိဂ် အလယ်အလတ်တန်းစား ကလပ်တွေ ဖြစ်ကြတဲ့ ဝက်စ်ဟမ်း ၊ လက်စတာ ၊ အဲဗာတန် အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ် ။ The Athletic သတင်းဌာနရဲ့ ဖော်ပြချက် အရဆို ဝက်စ်ဟမ်း ဟာ ဘရိုဂျာ အတွက် ပေါင်သန်း ၃၀နဲ့ပင် ချဲလ်ဆီးထံ တရားဝင် ချဉ်းကပ်မှု လုပ်ထားပြီးပြီလို့ သိရပါတယ် ။

ကစားသမားဖက်ကတော့ ချဲလ်ဆီး အသင်းမှာ နေရာ တနေရာ ရဖို့ကိုသာ ဦးစားပေး ပစ်မှတ်ထားနေပြီး ၊ ရာသီကြို ပြင်ဆင်မှု ပြီးမှသာ ၄င်းရဲ့ အနာဂတ် ဘယ်လဲ ဘာလဲ ဆိုတာ တပ်အပ် ပြောနိုင်မှာ ဖြစ်ပါတယ် ။ ယနေ့မနက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ဘရိုဂျာ ဟာ ၄င်းတို့ရဲ့ အရောင်းစာရင်းမှာ တင်ထားတဲ့ ကစားသမား မဟုတ်ကြောင်း တုန့်ပြန်ရင်း ၊ ထရိန်နင်က ထိခိုက်မှုဟာ သာမန်အဆင့် ထိခိုက်မှုသာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

တူချယ် က ” ပထမဆုံး အနေနဲ့ ပြောချင်တာက အာမန်ဒို ဟာ ကျွန်တော်တို့ အသင်းသား တယောက် ဖြစ်ပါတယ် ။ လောလောဆယ် အချိန် အထိ ကျွန်တော်တို့ဟာ သူ့ကို ရောင်းချဖို့ အစီအစဉ် လုံးဝ မရှိပါဘူး ။ ဆောက်သမ်တန်ကို အငှားထွက်ခဲ့ပြီးတဲ့နောက် ၊ သူဟာ စီနီယာ အသင်းမှာ နေရာ တနေရာ ရဖို့ သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြဖို့ ရောက်နေတာပါ ။ ကိုယ့်အသင်းက ကစားသမား တယောက်ကို တခြား ကလပ် တသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဟာ သူ့ရဲ့ အရည်အချင်းနဲ့ အလားအလာ ဘယ်လောက် ရှိလဲ ဆိုတာကို ပြသနေပါတယ် ။ ”

” သူဟာ ချဲလ်ဆီး အသင်းသား တယောက် ဖြစ်လာဖို့ ထိုက်တန်ကြောင်း သက်သေပြလို့ ရနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဖော်ညွှန်းရာ ရောက်ပါတယ် ။ ဒါက ကောင်းတဲ့ အရာပါ ။ ဒါဆို သူ ဘယ်အချိန်မှာ ချဲလ်ဆီး စီနီယာ အသင်းသား အတည်ပြု ဖြစ်လာမှာလဲ ? ဘယ်သူမှတော့ မသိနိုင်ပါဘူး ။ ဖြစ်နိုင်ရင် အမြန်ဆုံး အဖြေထွက်လာဖို့ မျှော်လင့်ပါတယ် ။ သူဟာ မနေ့က လေ့ကျင့်ရင်း ဒဏ်ရာ ရခဲ့ပါတယ် ။ ဒီတော့ ဒါက သူ့ရဲ့ တိုးတက်မှုကို ကြန့်ကြာစေနိုင်ပါတယ် ။ ”

” လူငယ် ကစားသမား တယောက် အတွက် ရာသီကြို ကာလ ပထမဆုံး မိနစ်မှာကတည်းက အသင်းကို အထင်ကြီးအောင် လုပ်ပြရမယ့် အချိန် ၊ ဒဏ်ရာ ရသွားတာက ဘယ်လိုမှ မကောင်းပါဘူး ။ ထရိန်နင်မှာ သူ အသေးစား ထိခိုက်မှု ဖြစ်ခဲ့ပြီး ၊ ထူးဆန်းတဲ့ ပုံစံနဲ့ အကျမတော် ဖြစ်ခဲ့တာကြောင့် ၊ ခြေကျင်းဝတ် တဝိုက် ထိခဲ့ပါတယ် ။ နာတော့ နာကျင်နေပေမယ့် ၊ ဆေးစစ်ချက်တွေ ထွက်လာအပြီးမှာတော့ ကံကောင်း ထောင့်မစွာနဲ့ သူ ဒဏ်ရာ မရခဲ့ပါဘူး ။ ဒီအတွက်တော့ ကျွန်တော်တို့ ပျော်ရွှင် ဝမ်းသာရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ လက်ရှိမှာ ရာသီကြို ခရီးစဉ် အနေနဲ့ အမေရိကန် နိုင်ငံ ၊ လက်စ်ဗေးဂတ်စ်မြို့သို့ ရောက်ရှိနေပြီး ၊ ပြီးခဲ့တဲ့ ရာသီက ရှိရင်းစွဲ စီနီယာ အသင်းသားတွေနဲ့ အငှား ကြယ်ပွင့် အချို့ ၊ အကယ်ဒမီ ကြယ်ပွင့် အချို့တို့ ထိုအစီအစဉ်မှာ ပူးပေါင်း ပါဝင်နေကြပါတယ် ။ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် တခုမှာ ပြီးခဲ့တဲ့ ရာသီ ဆောက်သမ်တန် အသင်းသို့ အငှားထွက်ကာ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ အယ်လ်ဘေးနီးယား လူငယ် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ထိခိုက်မိပြီး ၊ ခြေထောက်မှာ စတီးလ်ချောင်း တပ်ကာ ထရိန်နင်မှ ထွက်ခွာခဲ့ရပါတယ် ။