ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မိုက်ကယ်အို၀င် က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန် အသင်းကို (၂)ဂိုး-(၁) ဂိုးနဲ့ အရေးနိမ့်မယ်လို့ ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံရဖို့ ရုန်းကန်နေရ တာပါ။သူတို့ဟာ နောက်ဆုံးပွဲတွေမှာ လီဗာပူးလ်နဲ့ အာဆင်နယ် အသင်းကို အရေးနိမ့်ခဲ့ပြီး ဘရန်ဖိုဒ့် အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန် အသင်းကတော့ အာဆင်နယ်နဲ့ စပါး အသင်းတွေကို အနိုင်ရခဲ့ပြီး နောက်ဆုံးပွဲမှာလည်း ဝုလ်ဗ်စ် အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ မိုက်ကယ်အို၀င် က “ဧပြီလက ဘရိုက်တန်ရဲ့ ပုံစံက အလွန်ကောင်းခဲ့ပါတယ်။အာဆင်နယ်၊စပါးနဲ့ ဝုလ်ဗ်စ် တို့ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး သူတို့ဟာ လိဂ်ရဲ့ အကောင်းဆုံးအဝေးကွင်း ရလဒ်ကောင်းတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် သူတို့ကိုယ်သူတို့ သက်သေပြထားပါတယ်”လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် မိုက်ကယ်အို၀င် က “မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရန်ဖိုဒ့်နဲ့ ပွဲမှာတော့ ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ရော်နယ်ဒို ဟာ ရာသီကုန်ခါနီးမှာ အကောင်းဆုံးပုံစံတွေပြသနေပြီး နောက်ဆုံး(၃)ပွဲလုံး ဂိုးသွင်းထားပါတယ်”

“ဒီပွဲမှာလည်း သူဂိုးသွင်းရင် ကျွန်တော် အံသြမိမှာ မဟုတ်ပါဘူး။ဒီပွဲမှာတော့ ဘရိုက်တန် အသင်းက (၂)ဂိုး-(၁) ဂိုးနဲ့ အနိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ဒီနှစ်သင်း ပထမအကျော့ အဖြစ် တွေ့ဆုံခဲ့တုန်းက မန်ချက်စတာယူနိုက်တက် အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

အဲ့ဒီတုန်းက မန်ချက်စတာယူနိုက်တက် အတွက် ဂိုးတွေကို ရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒတ်စ် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲပြီးရင် နောက်ဆုံးပွဲစဉ်အဖြစ် ပဲလေစ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ZAWGYI: ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မိုက်ကယ်အို၀င် က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန် အသင်းကို (၂)ဂိုး-(၁) ဂိုးနဲ့ အရေးနိမ့်မယ်လို့ ပြောလိုက်ပါတယ်။