မန်စီးတီး ဟာ ဘရိုတ်တန် အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာ ကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ အားဖြည့်ဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီး ဟာ ကူကူရယ်လာ ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ၊ ပက် ဂွာဒီယိုလာ ကိုယ်တိုင် သူ့ရဲ့ ကတ်တလန် ဒေသဖွား ဘောလုံးသမား ရဲ့ စွမ်းဆောင်ရည်တွေ ကို သဘောကျနေတာ ဖြစ်ပါတယ်။

ကူကူရယ်လာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကမှ ဂီတာဖေး အသင်းကနေ ဘရိုတ်တန် အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ ဘယ်နောက်ခံလူ ဟာ ဘာစီလိုနာ လူငယ် ကစားသမားဟောင်း ဖြစ်ပြီး ၊ စီနီယာ အသင်းကြီးမှာ မတိုးနိုင်လို့ အသင်းပြောင်း ကစားခဲ့ရင်းကနေ ဘရိုတ်တန်ဆီ ရောက်ရှိလာခဲ့တာပါ။ ပရီးမီးယားလိဂ် မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေ ကို အမြင့်ဆုံး အထိ ပြသနိုင်ခဲ့ပြီး ဘရိုတ်တန် ရဲ့ ဒီရာသီ အကောင်းဆုံး ဘောလုံးသမားဆု ရတဲ့ အထိ ခြေစွမ်းပြခဲ့ပါတယ်။ ဒါ့အပြင် ဘရိုတ်တန် ကစားသမားဘ၀ ပထမဆုံး သွင်းဂိုးကိုလဲ ယူနိုက်တက် ဘက်ကို သွင်းယူနိုင်ခဲ့တာပါ။

နာမည်ကြီး အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ မန်စီးတီး ဟာ စပိန် ဘယ်နောက်ခံလူ အတွက် တရားဝင် ကမ်းလှမ်းမှုတွေကို လာမယ့် ရက်ပိုင်း အတွင်း ပေးပို့ဖို့ စီစဉ်ထားတယ်လို့ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ဇင်ချန်ကို ၊ ကန်ဆယ်လို တို့ဟာ ဘယ်အခြမ်း ခံစစ်အတွက် တာဝန်ယူရင်း ပရီးမီးယားလိဂ် ဖလားကြီး ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပြခဲ့သူတွေပါ။ သို့သော်လဲ ဘင်ဂျမင် မန်ဒီ က အမှုတွေ နဲ့ ဆက်ပြီး ရင်ဆိုင်ရမှာ ဖြစ်လို့ ၊ ပက် ဂွာဒီယိုလာ က သူ့ခံစစ်ကို ထပ်ပြီး အားဖြည့်ဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ဟာ ဒေါ့မွန် အသင်းက တိုက်စစ်မှုး ဟာလန်း ကို ပြောင်းရွှေ့ကြေး ပေါင် 51 သန်း နဲ့ ခေါ်ယူထားပြီးပြီ ဖြစ်ပြီး ၊ ဥက္ကဌ အယ် မူဘာရက် ကတော့ နောက်ထပ် ကစားသမားသစ် နှစ်ယောက် ထပ်ပြီး ခေါ်ဦးမယ်လို့ အတည်ပြု ထားပါတယ်။ ဘရိုတ်တန် ဟာ ဂရာဟမ် ပေါ်တာ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ် ပရိသတ်တွေ အံ့အားသင့်လောက်အောင် ကစားကွက် အရရော ၊ စွမ်းဆောင်ရည်ပိုင်း အရပါ ကောင်းလွန်းခဲ့လို့ ၊ အသင်းကြီး တော်တော်များများ ကလဲ ဘရိုတ်တန် ကစားသမားတွေကို အားပြု ခေါ်ယူလာနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက အာဆင်နယ် ဟာ ဘန်ဝှိုက် ကို ပေါင် သန်း 50 ပေးပြီး ခေါ်ယူခဲ့သလို ၊ နယူးကာဆယ် ကလဲ ဒန်ဘန်း ကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှ ခေါ်ယူခဲ့ပါတယ်။ အဓိက ခံစစ်မှုးတွေ ဆက်တိုက် ဆုံးရှုံးခဲ့ရသည့်တိုင်အောင် ဘရိုတ်တန် ရဲ့ တည်ဆောက်မှု က ယိမ်းယိုင်ခဲ့ခြင်း မရှိပါဘူး။ လက်ရှိမှာလဲ မန်စီးတီး က ကူကူရယ်လာ ကို ခေါ်ယူဖို့ ချဉ်းကပ်နေပြီ ဖြစ်တဲ့အပြင် ၊ ကွင်းလယ် ခံစစ် ကစားသမား ဘစ်ဇူးမား က စပါး နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်နေပြန်ပါပြီ။ ဘရိုတ်တန်ဟာ ကြိုက်ဈေးရရင်တော့ ဘယ်လို ကစားသမားမျိုးကို မဆို ရောင်းချပေးမှာ သေချာပါတယ်။ ဒါကြောင့်လဲ ကူကူရယ်လာ ကို ခေါ်ယူခဲ့စဉ် အချိန် က ပေါင် 15 သန်းသာ ကုန်ခဲ့တာ ဖြစ်လို့ ၊ အမြတ်တွေ တော်တော်များများ ရဦးမယ့် အချက်ကိုလဲ မြင်ယောင် မိပါတယ်။

ZAWGYI: မန်စီးတီး ဟာ ဘရိုတ်တန် အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာ ကို ခေါ်ယူဖို့ အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဘယ်နောက်ခံလူ အားဖြည့်ဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီး ဟာ ကူကူရယ်လာ ကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ၊ ပက် ဂွာဒီယိုလာ ကိုယ်တိုင် သူ့ရဲ့ ကတ်တလန် ဒေသဖွား ဘောလုံးသမား ရဲ့ စွမ်းဆောင်ရည်တွေ ကို သဘောကျနေတာ ဖြစ်ပါတယ်။