မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မတ်ကူကူရယ်လာကို လာမယ့်နွေစျေးကွက်ထဲမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်ခန့်လောက်နဲ့ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာ နေရာမရလို့ အီဘာ ဂီတာဖေးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားရရင်းနဲ့ ၂၀၂ဝခုနှစ်မှာပဲ ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဂီတာဖေးအသင်းမှာ (၂)ရာသီကြာ ဖြတ်သန်းခဲ့တဲ့ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘရိုက်တန်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ကာ အခုဆိုရင် ကူကူရယ်လာက ဘရိုက်တန်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေခဲ့ရသလို သူ့ကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။ ဘယ်နောက်ခံ နေရာမှာရော wide midfielder နေရာမှာအပြင် ဗဟိုခံစစ်နေရာအထိပါ ပါဝင်ကစားနိုင်သူဖြစ်တဲ့ ကူကူရယ်လာကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူရဲ့အသင်းဆီ ခေါ်ဆောင်သွားဖို့ပါ စိတ်ဝင်စားလာခဲ့ပြီး အာလင်းဟော်လန်းကို ခေါ်ယူပြီးနောက် ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် ကူကူရယ်လာကို ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ အခုနှစ် ဘောလုံးရာသီအတွင်း အသင်းရဲ့ ဘယ်ခြမ်း ခံစစ်နေရာမှာ ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပေမယ့်လည်း ကန်ဆယ်လိုက ညာနောက်ခံလူတစ်ဦးသာ ဖြစ်နေတဲ့အပြင် တခြားသော ဘယ်နောက်ခံလူ ဘင်ဂျမင်မန်ဒီဟာလည်း လိင်အကြမ်းဖက်မှုကြောင့် အသင်းရဲ့ လူစာရင်းထဲကနေပါ ဖယ်ရှားထားတာဖြစ်လို့ စျေးကွက်အတွင်း ဘယ်နောက်ကစားသမားတစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ အခုလို ဘယ်နောက်ခံလူတစ်ဦး လိုအပ်နေတဲ့ မန်စီးတီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကို စိတ်ဝင်စားနေပေမယ့် ဟာနန်ဒက်ဇ်က မီလန်မှာသာ ဆက်လက်ရှိနေနိုင်တာကြောင့် စပိန် left-back ကစားသမား ကူကူရယ်လာကိုသာ အရခေါ်ယူဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း တော့တင်ဟမ် နယူးကာဆယ်တို့ကို ဆက်တိုက်ရှံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အတော်လေးကို ဝေဝါးသွားခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သေချာပေါက် လွဲချော်သွားခဲ့မယ်ဆိုရင်တောင် အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်သူ ဂါဘရီရယ်ဂျေဇူးကိုတော့ အရခေါ်ယူနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်စျေးကွက်အတွင်း အသင်းမှာ ကစားသမားသစ် ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ နေရာတစ်ခုဖြစ်တဲ့ တိုက်စစ်ပိုင်းအတွက် မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ရာဟင်စတာလင်နဲ့ ဂါဘရီရယ်ဂျေဇူးတို့ကို ပူးတွဲပစ်မှတ်ထားနေတာဖြစ်ပြီး တခြားသော တိုက်စစ်ကစားသမားတွေကိုလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ အာဆင်နယ်ဟာ လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ခယ်တီယာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ဆောင်းစျေးကွက်တုန်းကလည်း အူဘာမီယန်းကို ဘာစီလိုနာအသင်းဆီ ဆုံးရှုံးထားရလို့ တိုက်စစ်ပိုင်းအတွက် ကစားသမားတွေ မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် မန်စီးတီးအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျေဇူးကို အဓိက စိတ်ဝင်စားနေတာဖြစ်ပြီး မန်စီးတီးကလည်း ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟော်လန်းကို ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင့် အသင်းမှာ ပိုမိုနေရာပျောက်လာရဖွယ် ရှိနေတဲ့ ဂျေဇူးက လာမယ့်နွေစျေးကွက်ထဲ အသင်းနဲ့ လမ်းခွဲချင်နေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂျေဇူးကိုလည်း နည်းပြအာတီတာက သူရဲ့အာဆင်နယ်အသင်းဆီ ခေါ်ဆောင်ချင်နေပြီး ကနဦး ကမ်းလှမ်းချက်အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) ဒါမှမဟုတ် သန်း(၅၀)နဲ့ စတင်ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။ ဂျေဇူးနဲ့ အာတီတာတို့ကလည်း အာတီတာ မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့စဉ်တုန်းက ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့သလို ဒီအချက်ကို အသုံးချပြီး အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဂျေဇူးကိုယ်တိုင်ကတော့ ချန်ပီယံလိဂ် ကစားရတဲ့ အသင်းတစ်သင်းကိုသာ ရွေးချယ်သွားချင်နေပြီး ဂျေဇူးရဲ့အေးဂျင့်ကလည်း သူ့ကစားသမားအနေနဲ့ အနာဂတ်အရေးအတွက် ခေါင်းအေးအေးနဲ့သာ ဆုံးဖြတ်သွားလိမ့်မယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံကစားသမား မတ်ကူကူရယ်လာကို လာမယ့်နွေစျေးကွက်ထဲမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်ခန့်လောက်နဲ့ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းမှာ နေရာမရလို့ အီဘာ ဂီတာဖေးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားရရင်းနဲ့ ၂၀၂ဝခုနှစ်မှာပဲ ဂီတာဖေးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။