၂၀၂၂ခုနှစ် အတွက် ဘလွန်းဒီအော်ဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသူက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာပါ။ ဒါပေမယ့် နောက်နှစ်မှာ ဒီဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား အဖြစ် အလှည့်ကျလာမှာက ဗင်နီဆီးယက်စ် ဂျူနီယာ ဖြစ်မယ်လို့ ထင်မိကြောင်း ရီဗယ်ဒိုက ပြောလိုက်ပါတယ်။ ဗင်နီဆီးယက်စ် ဂျူနီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် အထူး ခြေစွမ်းပြခဲ့သူ ဖြစ်တာကြောင့် လာမယ့်နှစ်မှာ ဒီဆုကို ရယူနိုင်မယ့် ရေပန်းအစားဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ရီဗယ်ဒိုက ယုံကြည်နေတာပါ။

ဘရာဇီးလ် လက်ရွေးစင် ဗင်နီဆီးယက်စ်ဟာ ၂၀၂၁၂၀၂၂ခုနှစ် ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ် အသင်း လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ဆွတ်ခူး နိုင်ခဲ့ရာမှာ အဓိကကျတဲ့ အစိတ်အပိုင်း တခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ကြယ်စင်စုတို့ အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး၊ သူ့ရဲ့ အသင်းဟာ ၁၄ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ပွဲကစား ပေးခဲ့ရာမှာ ၂၂ဂိုးသွင်းယူကာ ၁၆ဂိုးဖန်တီး ပေးနိုင်ခဲ့ပြီး၊ ဒီစွမ်းဆောင်ရည်ဟာ သူ့ရဲ့ ယခင် ဘောလုံးရာသီ ၃ခုပေါင်း စွမ်းဆောင်ရည်ထက် ပိုကောင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဥရောပ ထိပ်တန်းလိဂ်၅ခုမှာ ဗင်နီဆီးယက်စ် ဂျူနီယာထက် သွင်းဂိုး ပါဝင်ပတ်သက်မှု အကြိမ်ရေ ပိုများတဲ့ ကစားသမား ၅ဦးသာရှိပြီး၊ သူတို့ကတော့ အမ်ဘာပေ(၆၀ကြိမ်)၊ ဘန်ဇီမာ(၅၉ကြိမ်)၊ အန်ကွန်ကူ(၅၁ကြိမ်)နဲ့ ဆာလာ(၄၆ကြိမ်)တို့ပဲ ဖြစ်ကြပါတယ်။

သူဟာ ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပေမယ့်၊ ရီးရဲလ်မက်ဒရစ် အသင်းဖော် တိုက်စစ်မှူး ဘန်ဇီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသထားတာကြောင့် ၂၀၂၂ခုနှစ် အတွက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် အဆိုပါ လူငယ် ကြယ်ပွင့်ဟာ အခုထက် ပိုတိုးတက်လာဖို့ အလားအလာတွေ ရှိနေပြီး၊ လာမယ့်နှစ်ဟာ ဗင်နီဆီးယက်စ်ရဲ့ နှစ်တနှစ် ဖြစ်လာလိမ့်မယ်လို့ ကမ္ဘာ့ဖလား ချန်ပီယံဟောင်းဖြစ်တဲ့ ရီဗယ်ဒိုက အခုလို ပြောလိုက်ပါတယ်။

“ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီတခု ဖြတ်သန်းနိုင်ခဲ့တဲ့ ဗင်နီဆီးယက်စ်ဟာ ချန်ပီယံလိဂ် ဆုဖလားကြီး ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပြီး၊ ဒီဘရာဇီးလ် လူငယ် တိုက်စစ်မှူးဟာ လက်ရှိ ပုံစံအတိုင်း ဆက်လက် တိုးတက်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ဂိုးရှေ့မှာ ကစားပုံ အများကြီး တိုးတက်လာခဲ့ပြီး ဒီတိုင်းသာ ဆက်လုပ်နိုင်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ကြယ်ပွင့် ဖြစ်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကာရင် ဘန်ဇီမာက တနေ့နေ့မှာ မလွဲမသွေ အနားယူတော့မှာလေ။”

“ဘောလုံးရာသီတခု မစတင်မီ ဘလွန်းဒီအော် ဆုအတွက် ရေပန်းစားတဲ့ ကစားသမား ရွေးချယ်ရတာ အခက်အခဲ ရှိပေမယ့်၊ လာမယ့်နှစ် အတွက် ဒီဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမားတွေ အဖြစ် အမ်ဘာပေနဲ့ ဒီဘရိုင်းတို့ပြီးရင် ဗင်နီဆီးယက်စ်ကိုပဲ ကျွန်တော် မြင်မိပါတယ်။ ဒါပေမယ့် ဒီဆုကို ရယူနိုင်ဖို့ သက်ဆိုင်ရာ ကစားသမားတွေရဲ့ အသင်းတွေ ဆုဖလား အောင်မြင်မှု ရရှိဖို့လည်း လိုပါသေးတယ်။ ဘာလို့လဲဆိုတော့ ဘလွန်းဒီအော် ဆုအတွက် နောက်ဆုံး ရွေးချယ်ရာမှာ အဲဒီအချက်က အရမ်း အရေးပါနေတယ်လေ။”

ZAWGYI: ၂၀၂၂ခုနှစ် အတွက် ဘလွန်းဒီအော်ဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသူက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာပါ။ ဒါပေမယ့် နောက်နှစ်မှာ ဒီဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား အဖြစ် အလှည့်ကျလာမှာက ဗင်နီဆီးယက်စ် ဂျူနီယာ ဖြစ်မယ်လို့ ထင်မိကြောင်း ရီဗယ်ဒိုက ပြောလိုက်ပါတယ်။ ဗင်နီဆီးယက်စ် ဂျူနီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် အထူး ခြေစွမ်းပြခဲ့သူ ဖြစ်တာကြောင့် လာမယ့်နှစ်မှာ ဒီဆုကို ရယူနိုင်မယ့် ရေပန်းအစားဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ရီဗယ်ဒိုက ယုံကြည်နေတာပါ။