မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်း ယာယာတိုရေးက ဆီနီဂေါရဲ့ မာနေးက ဒီနှစ် ရွှေဘောလုံးဆုကို ရရှိသွားမယ်လို့ ထောက်ခံခဲ့ပါတယ်။ တိုရေးဟာ လီဗာပူး တောင်ပံကစားသမားဟောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ချီးကျူးခဲ့ပြီး သူဟာ ဒဏ်ရာပြသနာ နည်းပါးကြောင်းကို ပြောဆိုခဲ့ပါတယ်။ တိုရေးက သူနဲ့ ပုဂ္ဂိုလ်ရေးအရ သိတဲ့ မာနေးဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဖြစ်ရုံသာမက လေးစားစရာ လူသားတစ်ယောက် ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

တိုရေးက သူဟာ ကစားသမားအတွက် လာမဲ့ ဖီဖာ ကမ္ဘာ့ဖလားမှာ တောက်ပလာဖို့ မျှော်လင့်ထားပါတယ်။ သူဟာ မာနေးက ရွှေဘောလုံးဆုရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက ရပ်တည်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ တိုရေးဟာ အာဖရိက အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး အိုင်ဗရီကို့စ်ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ မာနေးဟာ ဇန်နဝါရီလမှာ ဆီနီဂေါကို AFCON ဖလား ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး ဒါကပဲ သူ့ကို ဆီနီဂေါရဲ့ ဂန္ဓဝင် ကစားသမားတစ်ယောက် ဖြစ်လာစေတာပါ။

ဖီဖာ ကမ္ဘာ့ဖလားအတွက် သံအမတ်ဖြစ်တဲ့ တိုရေးဟာ ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို မာနေး ရရှိသင့်တယ်လို့ ဘာကြောင့်တွေးမိရသလဲ အာအက်ဖ်အိုင်နဲ့ ပြောဆိုရာမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။ သူက ဂိုးလ်ကနေတစ်ဆင့် ” ကျွန်တော် မာနေး ပွဲတိုင်းနီးပါး ကစားနေတာကို တွေ့ခဲ့ရပြီး ဒဏ်ရာပြသနာ သိပ်ပြီးမရှိပါဘူး။ သူဟာ ဒဏ်ရာ ရခဲ့ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ အရမ်းကြံ့ခိုင်မှု ရှိသူပါ။ သူဟာ ကျွန်တော်သိထားတဲ့ လူတော်လူကောင်း တစ်ယောက်ပါ။ ကျွန်တော်သူ့ကို အကောင်းဆုံးတွေ ရရှိစေချင်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” သူ ကောင်းမွန်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပိုင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။ သူဟာ ထိပ်ဆုံး အဆင့်မှာ ရှိမနေပေမဲ့ ရွှေဘောလုံးဆု ရရှိဖို့ မျှော်လင့်ပါတယ်။ မာနေးဟာ အသင်းကြီး တစ်သင်းကနေ နောက်အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့သွားတာပါ။ သူဟာ အရမ်းကောင်းတဲ့ နည်းပြနဲ့ လီဗာပူးကို စွန့်ခွာပြီး ဘိုင်ယန်ကို ပြောင်းရွှေ့သွားတာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။ ရွှေဘောလုံးဆုကို ရရှိခဲ့တဲ့ အာဖရိက ကစားသမား တစ်ဦးသာရှိခဲ့ပါတယ်။

သူကတော့ ၁၉၉၅ ခုနှစ်မှာ ရရှိခဲ့တဲ့ လစ်ဗျားရဲ့ ဂျော့ဝါ့ရှ်ပဲ ဖြစ်ပါတယ်။ မာနေးနဲ့ ဆာလတ်တို့ဟာ မကြာသေးမီနှစ်တွေက အာဖရိကရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ပေမဲ့ ဒီလို အောင်မြင်မှုကိုတော့ မရသေးပါဘူး။ ၂၁၀၉ ခုနှစ်မှာတော့ မာနေးဟာ မဲရလဒ်မှာ အာဖရိကရဲ့ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ကစားသမားပါ။ သူဟာ မက်ဆီ ၊ လီဗာပူး အသင်းဖော်ဟောင်း ဗန်ဒိုက်နဲ့ ရော်နယ်ဒိုတို့ရဲ့နောက် စတုတ္ထနေရာမှာ ပြီးဆုံးခဲ့ပါတယ်။ သူဟာ လီဗာပူးအသင်း ၂၀၁၈-၁၉ ခုနှစ် ချန်ပီယံလိဂ်ဖလား ရရှိတုန်းက အသင်းအတွက် အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာလည်း ဆာလတ် ၊ အော့ဘာမီယန်းတို့နဲ့အတူ ၂၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဆု ပူးတွဲရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း သူဟာ လီဗာပူးအသင်း အက််ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား ရရှိမှုရဲ့ အကစားသမား ဖြစ်ခဲ့ပါတယ်။ သူတို့ ဒုတိယနေရာနဲ့ ပြီးဆုံးခဲ့ရတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာလည်း အဓိက ကစားသမားပါ။ သူဟာ AFCON ဖိုင်နယ်မှာ ဆီနီဂေါအတွက် အနိုင်ရရှိစေမဲ့ ပင်နယ်တီကို သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ အီဂျစ်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း အလားတူပုံစံအတိုင်း အနိုင်ဂိုး သွင်းယူနိုင်ခဲ့ ပြန်ပါတယ်။ သူသာ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ အကောင်းဆုံး စတင်နိုင်ပြီး ယခုနှစ် ကမ္ဘာ့ဖလားမှာ ကောင်းကောင်း လုပ်ဆောင် နိုင်မယ်ဆိုရင် သူဟာ ရွှေဘောလုံးဆုကို ရရှိသွားနိုင်မဲ့ အခွင့်အရေး ရှိနေပါတယ်။

ZAWGYI: မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်း ယာယာတိုရေးက ဆီနီဂေါရဲ့ မာနေးက ဒီနှစ် ရွှေဘောလုံးဆုကို ရရှိသွားမယ်လို့ ထောက်ခံခဲ့ပါတယ်။ တိုရေးဟာ လီဗာပူး တောင်ပံကစားသမားဟောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ချီးကျူးခဲ့ပြီး သူဟာ ဒဏ်ရာပြသနာ နည်းပါးကြောင်းကို ပြောဆိုခဲ့ပါတယ်။ တိုရေးက သူနဲ့ ပုဂ္ဂိုလ်ရေးအရ သိတဲ့ မာနေးဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဖြစ်ရုံသာမက လေးစားစရာ လူသားတစ်ယောက် ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။