လီဗာပူးကတော့ ဂျရတ်ရဲ့ဗီလာကို အနိုင်ယူပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။အိမ်ရှင်ဗီလာဟာ ဒီပွဲမှာ ၄-၃-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဒန်နီအင့်စ်နဲ့ ဝက်ကင်စ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ကော်တင်ဟို၊ မက်ဂင်၊ ဒေါက်ကလပ်လူးဝစ်၊ အန်ကမ်ဘာတို့ကို အသုံးပြုခဲ့ပါတယ်။ နောက်တန်းမှာတော့ ဒီဂျန်၊မင့်၊ ကွန်ဆာနဲ့ မက်သယူးကက်ချ်တို့ကို ကစားစေခဲ့တာပါ။ လီဗာပူးက ဒီပွဲမှာ တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဆာလတ်ကို အရန်ခုံပို့ခဲ့ကာ ဂျိုတာ၊ မာနေး၊ ဒီယက်စ်တို့ တိုက်စစ်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ကွင်းလယ်မှာ ကာတစ်ဂျုံးစ်၊ ဖာဘင်ဟို၊ ကီတာတို့ကို တွဲပေးခဲ့ကာနောက်တန်းမှာ ဆီမီကက်စ်၊ ဗန်ဒိုက်ချ်၊ မာတစ်၊ အာနိုးလ်တို့ကို အသုံးပြုခဲ့တာပါ။ ဒီပွဲမှာ ဗီလာနည်းပြဂျရတ်အနေနဲ့ သူ့အသင်းဟောင်းက ချန်ပီယံဆုအတွက် အရေးပါနေပေမဲ့ အထာမထားခဲ့ဘဲ ပရော်ဖက်ရှင်နယ်ပီသစွာ အကြိတ်အနယ်ယှဉ်ပြိုင်ပေးခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ မထင်မှတ်တဲ့အနေအထားကနေ ဗီလာ ဦးဆောင်ဂိုးစတင်ရရှိခဲ့တာက ပွဲကိုမြိုင်ဆိုင်စေခဲ့ပါတယ်။ ဗီလာအတွက် ဦးဆောင်ဂိုးကို ၃ မိနစ်မှာကတည်းက ဒေါက်ကလပ်လူးဝစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လီဗာပူးတို့ ချက်ချင်းဆိုသလို တိုက်စစ်ပြန်ဆင်ခဲ့ရာမှာတော့ ပြစ်ဒဏ်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို ဂိုးဧရိယာထဲ ရှုပ်ယှက်ခတ်နေကြတဲံ အနေအထားမျိုးကနေ မာတစ်က လီဗာပူးအတွက်ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းရဲ့ ကစားပုံက အကြိတ်အနယ်ရှိခဲ့ပြီး အထူးသဖြင့် ဗီလာက ခပ်ကြမ်းကြမ်းနဲ့ လျှော့မကန်ခဲ့ပါဘူး။ လီဗာပူးကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက ဒီပွဲမှာ ရုန်းကန်နေရပြီး ကော်တင်ဟိုဦးဆောင်တဲ့ ဗီလာကွင်းလယ်ကို လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ လီဗာပူးတိုက်စစ်မှာ မာနေးနဲ့ဂျိုတာက တိုင်ပတ်နေပြီး အထူးသဖြင့် ဂျိုတာကဘာမှလှုပ်လို့မရဖြစ်နေခဲ့ပါတယ်။

လီဗာပူးတို့ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ကစားသမားတွေ အသုံးမချနိုင်သလို ဗီလာဂိုးသမား မာတီနက်ဇ်လည်း လက်စွမ်းပြနေခဲ့ပါတယ်။ ဒါတောင် ပထမပိုင်းမှာ ဖာဘင်ဟို ပြန်ပေးအလုံးကို အယ်လီဆန်ရှင်းထုတ်ရာမှာ အမှားကျူးလွန်းခဲ့ပြီး တစ်လုံးရောင်းမလိုဖြစ်ခဲ့သေးတာပါ။ အဲဒီနောက် ကော်တင်ဟိုနဲ့ ဖာဘင်ဟိုတို့ ဘောလုံးယှဉ်လုရင်း ဖာဘင်ဟိုဒဏ်ရာရခဲ့လို့ ဟန်ဒါဆန်နဲ့ စောစောစီးစီးပဲ လူစားလဲခဲ့ရပါတယ်။ ၃၂ မိနစ်မှာ လီဗာပူးအတွက် မာနေးဂိုးသွင်းခဲ့သေးပေမဲ့ ဒီယက်စ် လူကျွံ့နေခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာရဲ့ ကစားပုံ အနည်းငယ်ကျဆင်းလာခဲ့ပြီး အနိုင်လိုအပ်ချက်ကြီးမားနေတဲ့ လီဗာပူးတို့ပိုပြီးတင်ကစားလာခဲ့ပါတယ်။ အထူးသဖြင့် သီယာဂိုဝင်လာပြီးနောက် လီဗာပူးကွင်းလယ်ကပိုမိုအားကောင်းလာခဲ့ပြီး ဝင်လာပြီး ၃ မိနစ်အကြာမှာပဲ သူ့ရဲ့အားထုတ်မှုကနေ ဂျိုတာ၊ ဒီယက်စ်တို့ရဲ့ လှပတဲ့ တွဲလုံးကနေတစ်ဆင့် ဒီယက်စ်ရဲ့ ဖြတ်တင်ပေးမှုကို မာနေးက ခေါင်းတိုက်အဆုံးသတ်ပြီး လီဗာပူးအတွက်လိုအပ်နေတဲ့ အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချက်ချင်းဆိုသလို ဗီလာတို့ တင်ကစားရာမှာ တိုက်စစ်ဆင်မှုတွေက ကောင်းမွန်ခဲ့ပေမဲ့ လီဗာပူးနောက်တန်းနဲ့ ဂိုးသမား အယ်လီဆန်တို့ ဟန့်တားနိုင်ခဲ့ပါတယ်။

၇၂ မိနစ်မှာ လီဗာပူးက ဒီယက်စ်နေရာမှာ ဆာလတ်ကို ထည့်ပြီး တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဆာလတ်ဝင်လာပြီးချင်းမှာ အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ လက်ကျန်မိနစ်တွေမှာတော့ လီဗာပူးကပဲ ဖိအားပေးတိုက်စစ်ဆင်မှုတွေပြုလုပ်ရင်း လီဗာပူးတိုက်စစ်ကို ဗီလာ အသည်းအသန်ကာကွယ်နေခဲ့ရပါတယ်။ ဗီလာရဲ့ တစ်ချက်တစ်ချက် တိုက်စစ်ဆင်မှုတွေကနေ အန္တရာယ်များခဲ့ပြီး ဒန်နီအင့်စ် တစ်ဂိုးသွင်းခဲ့သေးပေမဲ့ လူကျွံ့နေခဲ့လို့သာ လီဗာပူးသက်သာရာရခဲ့တာပါ။

ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်း အားနည်းလို့ လီဗာပူး နောက်ထပ်ဂိုးတွေ ထပ်မရတော့ဘဲ တစ်ဂိုးအကွာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီ့ပွဲစဉ်မှာ မာနေးဂိုးသွင်းပြီးနောက် လီဗာပူးဟာ မန်စီးတီးရဲ့စံချိန်ကောင်းတစ်ခုကို လိုက်မှီခဲ့ပါတယ်။ ဒါကတော့ ၂၀၁၃-၁၄ ရာသီက မန်စီးတီးအသင်းက ယာယာတိုရေး၊ အဂူရို၊ ဒီဇီကိုတို့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အသင်းကစားသမား ၃ ဦး (မာနေး၊ ဆာလတ်၊ဂျိုတာ)၁၅ ဂိုးနဲ့အထက်သွင်းနိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။

ZAWGYI: လီဗာပူးကတော့ ဂျရတ်ရဲ့ဗီလာကို အနိုင်ယူပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။အိမ်ရှင်ဗီလာဟာ ဒီပွဲမှာ ၄-၃-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဒန်နီအင့်စ်နဲ့ ဝက်ကင်စ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ကော်တင်ဟို၊ မက်ဂင်၊ ဒေါက်ကလပ်လူးဝစ်၊ အန်ကမ်ဘာတို့ကို အသုံးပြုခဲ့ပါတယ်။ နောက်တန်းမှာတော့ ဒီဂျန်၊မင့်၊ ကွန်ဆာနဲ့ မက်သယူးကက်ချ်တို့ကို ကစားစေခဲ့တာပါ။ လီဗာပူးက ဒီပွဲမှာ တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဆာလတ်ကို အရန်ခုံပို့ခဲ့ကာ ဂျိုတာ၊ မာနေး၊ ဒီယက်စ်တို့ တိုက်စစ်နဲ့ ပွဲထွက်လာခဲ့ပါတယ်။