ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအနေနဲ့ ကစားသမားအဝင်အထွက်များစွာကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ ကစားသမားက ၁၁ ယောက်ထိ ရှိနေပေမယ့် ဇွန်လ ၂၂ ရက်နေ့ထိတိုင်အောင် ကစားသမားသစ် တစ်ယောက်တောင် မခေါ်နိုင်သေးတာပါပဲ။

ဖရန်ကီဒီဂျောင်ကတော့ ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်ဖြစ်ပေမယ့်လည်း ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုက မပြတ်သားသေးပါဘူး။ သတင်းတွေအရတော့ ကတ္တလန်ကလပ်ဟာ ဒီဂျောင်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၈၆ သန်းလောက်ထိ တောင်းဆိုနေတယ်လို့ သိရပါတယ်။

နည်းပြသစ်တန်ဟတ် အနေနဲ့လည်း ဒီဂျောင်အပြင် အခြားပစ်မှတ်တွေကိုလည်း ခေါ်ယူဖို့ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့ အသုံးစရိတ်က ဘယ်ထောက်ရမလဲဆိုတာ မသိနိုင်သေးပါဘူး။ အဲ့ဒါကြောင်း အသုံးစရိတ်ပိုထွက်စေဖို့ ယူနိုက်တက် အနေနဲ့ ကစားသမားတစ်ချို့ကိုရောင်းထုတ်ဖို့လည်း လိုပါတယ်။

ဒေးလီးမေးလ်ရဲ့ အဆိုအရတော့ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ရှိနေတာကြောင့် အသင်းရဲ့ခံစစ်မှူး ၃ ယောက်ဖြစ်တဲ့ အဲရစ်ဘိုင်လီ၊ ဖီးလ်ဂျုံးစ်နဲ့ အက်စဲလ်တွမ်ဇီဘီတို့ကို ဒီနွေရာသီမှာပဲ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ဒေးလီးမေးလ်ဂျာနယ်လစ် ခရစ္စဝီလာကတော့ “နည်းပြသစ် အဲရစ်တန်ဟတ်က ဟယ်ရီမက်ဂွာရီကို ရာဖေးလ်ဗာရာနီ၊ ဗစ်တာလင်ဒီလော့ဖ်တို့နဲ့အတူ အသင်းမှာ ဆက်ထားဖို့ စီစဉ်ထားပေမယ့် သူ့ရဲ့အသင်းခေါင်းဆောင်ရာထူးကတော့ မသေချာတော့ပါဘူး”လို့ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ အေဂျက်စ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂျူရီယန်တင်ဘာနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့အပါအဝင် ခံစစ်ကစားသမား အတော်များများနဲ့လည်း သတင်းထွက်ခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူနိုက်တက်မှာ ပွဲကစားချိန်အနည်းငယ်သာ ရရှိခဲ့တဲ့ ကစားသမားအများစုကို ရောင်းထုတ်သွားဖွယ် ရှိပါတယ်။

ဘိုင်လီဆိုရင်လည်း အသင်းမှာ လုံးဝနီးပါး မကစားရသလို၊ ဂျုံးစ်ကလည်း အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ တွမ်ဇီဘီကတော့ အက်စတွန်ဗီလာနဲ့ နာပိုလီတို့မှာ အငှားထွက်ကစားခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီသုံးယောက်က လာမယ့်ရာသီမှာလည်း ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် အသင်းကနေ ထွက်ဖို့ သေချာနေပါတယ်။

အထူးသဖြင့် ဖီးလ်ဂျုံးစ်လို လစာပမာဏအများအပြားနဲ့ အသင်းမှာ လုံးဝခြေစွမ်းမပြနိုင်တဲ့ ကစားသမားမျိုးကတော့ နည်းပြတန်ဟတ်အနေနဲ့ သေချာပေါက် ရှင်းထုတ်သွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၃ ယောက်စလုံးက ဒဏ်ရာပြဿနာတွေရော၊ ခြေစွမ်းရောကပါ အခြေအနေဆိုးနေတာကြောင့် ပြောင်းရွှေ့ကြေးအနည်းငယ်သာ ရရှိဖို့များပါတယ်။

ZAWGYI: ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအနေနဲ့ ကစားသမားအဝင်အထွက်များစွာကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ ကစားသမားက ၁၁ ယောက်ထိ ရှိနေပေမယ့် ဇွန်လ ၂၂ ရက်နေ့ထိတိုင်အောင် ကစားသမားသစ် တစ်ယောက်တောင် မခေါ်နိုင်သေးတာပါပဲ။