ဗာဂျယ်ဗန်ဒိုက်ဟာ ရီယိုဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် အမည်တပ်လိုက်ပါတယ်။ လီဗာပူးစတား ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး ဖြစ်ပြီး အန်ဖီးကို ရောက်လာခဲ့ပြီးနောက် လီဗာပူးကို ပြည်တွင်းနဲ့ ပြည်ပ ဆုဖလားတွေ အားလုံး ရယူပေးနိုင်အောင် အဓိက ကူညီပေးခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ၅ ဦးကို ရွေးချယ်ပေးသွားခဲ့ကာ မန်ယူနိုက်တက် နောက်ခံလူဟောင်းကို အရင်ဦးဆုံး ရွေးချယ်ခဲ့ပါတယ်။ ဗန်ဒိုက်က “ကျွန်တော့် အနေနဲ့ ဒီနေရာမှာ ကိုယ့်ကိုကိုယ် မထည့်သွင်းနိုင်သေးပါဘူး။ ဒါပေမယ့် တစ်နေ့နေ့မှာ ကျွန်တော်ဟာ top 5 ထဲ ပါလာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်ကတော့ ခင်ဗျားဟာ ဒီခေတ်မှာလည်း ကစားနိုင်စွမ်း ရှိတယ်လို့ ထင်ပါတယ်။ ခင်ဗျားဟာ ယူနိုက်တက် အတွက် တအားကို အရေးပါခဲ့တဲ့သူပါ။

အင်္ဂလန် နောက်ခံလူ အားလုံးဟာ ခင်ဗျားကိုပဲ ဥပမာယူခဲ့ရတာပါ။ ခင်ဗျားဟာ နောက်ခံလူ တစ်ဦး အနေနဲ့ icon တစ်ဦး ဖြစ်ပါတယ်။ ပြီးတော့ ခင်ဗျားရဲ့ ကစားပုံ ၊ အရှိန်အဝါတွေဟာ တအားကို အရေးကြီးလှပါတယ်။ ခင်ဗျားဟာ ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ ကောင်းမွန်ပြီး ကျွန်တော့်ထက် ဖျက်ထုတ်မှုတွေ အနည်းငယ် ပိုလုပ်ပါတယ်။” ဒုတိယတစ်ဦး အနေနဲ့ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း မန်စီးတီးရဲ့ အမှတ်ပေးဖလားအောင်မြင်မှုတွေမှာ အထူး အရေးပါခဲ့တဲ့ ဗင်ဆန့်ကွန်ပနီကို ရွေးချယ်သွားခဲ့ပါတယ်။

လီဗာပူးစတားက “သူဟာ အရမ်းကို ထူးချွန်တဲ့ အသင်းခေါင်းဆောင် ဖြစ်ပြီး ဘောလုံးကိုင်ကစားပုံ ကောင်းမွန်ပါတယ်။ ဘောလုံးမရှိချိန်လည်း ဒီလိုပါပဲ။ စီးတီးကစားသမားဘ၀မှာ အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လုနီးပါး ဖြစ်ခဲ့တဲ့ ရာသီမှာ အရေးပါလှတဲ့ ဂိုးကို လက်စတာနဲ့ပွဲမှာ သွင်းယူပေးခဲ့ပါတယ်။ အရမ်းကို ကောင်းပြီး ထူးချွန်တဲ့လူတစ်ဦးပါ။”

တတိယ နဲ့ စတုတ္ထမြောက် အဖြစ် ဗန်ဒိုက်ဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ အပြင် ယူနိုက်တက်ရဲ့ ၁၉၉၉ ဖလား ၃ လုံးအောင်မြင်မှုမှာ အဓိက ပါ၀င်ခဲ့တဲ့ ယပ်စတန်း နဲ့ ချဲလ်ဆီး ဂန္တ၀င် နောက်ခံလူ ဂျွန်တယ်ရီ တို့ကို ရွေးချယ်ခဲ့ပါတယ်။ “ဒီ list မှာ ကျွန်တော့်ရဲ့ တစ်နိုင်ငံတည်းသာကို ထည့်သွင်းသွားရမှာပါ။ သူဟာ ကျွန်တော့်ရဲ့ စံပြကစားသမား တစ်ဦး ဖြစ်ပြီး တကယ့်ကို လူကောင်ထွားကြိုင်းလှပါတယ်။ သူဟာ တကယ့်ကို လွှမ်းမိုးမှု ကြီးမားပြီး သူ့ရဲ့ ကစားသမားဘ၀ဟာ တအားကို ကောင်းလှပါတယ်။ ယူနိုက်တက်မှာ ကစားခဲ့တဲ့ အချိန်ကော မီလန်မှာ ကစားခဲ့တဲ့ အချိန်ကောပါ။

ဂျွန်တယ်ရီဟာ ချဲလ်ဆီးမှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပါတယ်။ သူဟာ clean sheet record ကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ငယ်ရွယ်တဲ့ အချိန်တုန်းက ကိုယ်အတုယူ အားကျရတဲ့ ဗဟိုနောက်ခံလူတွေထဲက တစ်ဦး ဖြစ်ပါတယ်။” နောက်ဆုံးမှာတော့ ဗန်ဒိုက်ဟာ လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဆမ်မီဟူပီယာကို ရွေးချယ်သွားခဲ့ပြီး ၎င်းဟာ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရခဲ့ဘူးလို့ သုံးသပ်လိုက်ပါတယ်။

ဗန်ဒိုက်က “နောက်ဆုံးတစ်ဦး အဖြစ် ကျွန်တော် ဟူပီယာကို ထည့်သွင်းသွားမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ခင်ဗျားသိတဲ့အတိုင်းပဲ လီဗာပူးဂန္တ၀င်တစ်ဦး ဖြစ်နေလို့ပါ။ သူဟာ underrated ကစားသမား တစ်ဦးလို့ ကျွန်တော် ယူဆပါတယ်။ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး ဘောလုံး ကိုင်ကစားပုံ တအားကောင်းပါတယ်။ ကလပ်အတွက် အရေးပါတဲ့ အခိုက်အတန့်မှာ တအားကို အရေးပါခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

ZAWGYI: ဗာဂျယ်ဗန်ဒိုက်ဟာ ရီယိုဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်းကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် အမည်တပ်လိုက်ပါတယ်။ လီဗာပူးစတား ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး ဖြစ်ပြီး အန်ဖီးကို ရောက်လာခဲ့ပြီးနောက် လီဗာပူးကို ပြည်တွင်းနဲ့ ပြည်ပ ဆုဖလားတွေ အားလုံး ရယူပေးနိုင်အောင် အဓိက ကူညီပေးခဲ့ပါတယ်။