“ အသင်းကို ပြန်လည် ရောက်ရှိလာတာ ကျေနပ်မိပါတယ်။ အားလပ်ရက် ခရီး ထွက်ရတာလဲ ကျေနပ်စရာလေ။ အချိန် လုံလုံလောက်လောက် ရခဲ့လို့ ကောင်းကောင်းလဲ အနားယူခဲ့ရပါတယ်။ အခုတော့ အသင်းဖော်တွေ ၊ ကစားသမားသစ်တွေ နဲ့ ပြန်တွေ့ခွင့်ရတဲ့ အတွက် ပျော်နေတာပါ။ ပြီးခဲ့တဲ့ နှစ်က ကျနော်တို့ အတွက် ဘောလုံးရာသီကောင်း တစ်ခုတော့ ဖြစ်ခဲ့ပါတယ် ဒါပေမယ့် နောက်ဆုံးပန်းဝင်ခါနီး မှာတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဒီရာသီမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာဖို့ မျှော်လင့်ထားသလို ၊ နောက်တစ်ကြိမ် အဲဒီ ခြေလှမ်းမျိုး လှမ်းပြနိုင်လိမ့်မယ်လို့လဲ ထင်ပါတယ်။”

“မနှစ်က ရာသီကတော့ အိပ်မက် တစ်ခုလိုပဲဗျာ။ အဲဒီလို ဖြစ်လာဖို့ ကျနော်လဲ အလုပ်တွေ အများကြီး ကြိုးစားခဲ့တာပါ။ အဲဒီ အတွက် ထိုက်ထိုက်တန်တန် ပြန်ရခဲ့တယ်လို့လဲ ခံစားမိပါတယ်။ ဒါပေမယ့် အတိတ်က အတိတ်မှာပဲ ကျန်ခဲ့ပြီလေ ၊ အခုတော့ လာမယ့် ရာသီသစ် အတွက်ပဲ အာရုံစိုက်နေပါပြီ” လို့ ပြင်သစ် နောက်ခံလူက စတင် ပြောဆိုလာခဲ့ ပါတယ်။ ကိုနာတေး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အသင်းကို စတင်ရောက်ရှိလာခဲ့သူ ဖြစ်ပေမယ့် ၊ အသင်းရဲ့ ပွဲထွက် ကစားသမား နေရာကို ခိုင်ခိုင်မာမာ တည်ဆောက်ရယူပြနိုင်ခဲ့သူပါ။

လီဗာပူး ကစားသမားဘ၀ တစ်ရာသီလုံး ရှုံးပွဲ မရှိခဲ့သည့်တိုင်အောင် ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ အဲဒီ မှတ်တမ်းက ကျိုးပျက်သွားခဲ့ပါတယ်။ သို့သော် သူ့ရဲ့ အဲဒီလိုမျိုး စွမ်းဆောင်ရည်တွေကြောင့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် အရွေးခံခဲ့ရသလို ၊ ပထမ ဆုံး ပွဲထွက် ကစားခွင့်လဲ ရရှိခဲ့ပါတယ်။ လီဗာပူး ပရိသတ်တွေ ကတော့ သူ့ရဲ့ ခန္ဒာကိုယ် တည်ဆောက်ပုံ နဲ့ ဘော်ဒီ အားပြုပြီး ကစားနိုင်တဲ့ အနေအထားတွေကြောင့် တစ်ချိန်ချိန်မှာ ဗန်ဒိုက် လက်သစ် ဖြစ်လာလိမ့်မယ်လို့တောင် ထင်ကြေး ပေးနေကြတာပါ။

ကာယကံရှင် ကစားသမား ကိုယ်တိုင်ကလဲ အဲဒီ အဆင့်မျိုး အထိ ရောက်လာဖို့ မျှော်လင့်ထားတဲ့ အကြောင်းကို အခု ပြောဆိုလာခဲ့ပါတယ်။ “ သူနဲ့ တွဲကစားလို့ ကျနော်လဲ အများကြီး တိုးတက်လာတာ သေချာပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်ကလဲ သူ့ဆီကနေ အများကြီး သင်ယူဖြစ်သလို ၊ ကစားပုံ ကစားဟန်တွေကိုလဲ အမြဲတမ်း စောင့်ကြည့်ဖြစ်တယ်လေ။”

“ဒါပေမယ့် သူ့ တစ်ယောက်ထဲတော့ မဟုတ်ဘူးပေါ့ ၊ မာတစ် ၊ ဂိုးမက်ဇ် တို့ဆီကနေလဲ သင်ယူဖြစ်ပါတယ်။ အဓိက က အားလုံးက ဒီနေရာမှာပဲ ကစားပေးနေကြတဲ့သူတွေပါ။ လူတိုင်းက ဗန်ဒိုက် ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုး တစ်ယောက် ဆိုတာ သိကြပြီးသားပါ။ အဲဒီတော့ ကျနော်က သူ ဘယ်လို တွေးခေါ်ပြီ ကစားလဲ ၊ ဘယ်လို ပွဲကို ချဉ်းကပ်လဲ ဆိုတာတွေ က အစ ကြည့်ဖြစ်ပါတယ်။ သူက ပွဲ မကစားခင် ပြိုင်ဘက် ကစားသမား တော်တော်များများ ရဲ့ အကြောင်းကိုတောင် သိထားတာဗျ။”

“အဲဒီတော့ သူ့ကို ကြည့်ရင်း စိတ်ဓါတ်ခွန်အားတွေ ယူရတာပေါ့။ ကမ္ဘာပေါ်မှာ ထိပ်တန်း ခံစစ်မှုးကောင်းတွေ အများကြီး ရှိမှာပါ။ ဒါပေမယ့် ကျနော် ကတော့ သူ နဲ့ အတူတူ လက်တွဲပြီး လေ့ကျင့်သင်ယူခွင့် ရရှိထားတာပေါ့။ ကျနော့် စိတ်ထဲမှာ အခုမှ ကန့်လန့်ကာ အဖွင့်ပဲ ရှိသေးတယ် ထင်ပါတယ်။ သူ့ဆီကနေ တစ်နှစ်ပြီး တစ်နှစ် သင်ယူမှုတွေ ဆက်တိုက် လုပ်ဆောင်သွားမှာပါ။ တစ်နေ့နေ့ ရောက်လာရင်တော့ သူ့လိုမျိုး ဖြစ်ချင်သလို ၊ သူ့ထက်တောင် ပိုကောင်းတဲ့ ခံစစ်မှုး ဖြစ်ရင် ပိုကောင်းတာပေါ့ဗျာ။ မျှော်လင့်ထားကြတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ZAWGYI: “ အသင်းကို ပြန်လည် ရောက်ရှိလာတာ ကျေနပ်မိပါတယ်။ အားလပ်ရက် ခရီး ထွက်ရတာလဲ ကျေနပ်စရာလေ။ အချိန် လုံလုံလောက်လောက် ရခဲ့လို့ ကောင်းကောင်းလဲ အနားယူခဲ့ရပါတယ်။ အခုတော့ အသင်းဖော်တွေ ၊ ကစားသမားသစ်တွေ နဲ့ ပြန်တွေ့ခွင့်ရတဲ့ အတွက် ပျော်နေတာပါ။ ပြီးခဲ့တဲ့ နှစ်က ကျနော်တို့ အတွက် ဘောလုံးရာသီကောင်း တစ်ခုတော့ ဖြစ်ခဲ့ပါတယ် ဒါပေမယ့် နောက်ဆုံးပန်းဝင်ခါနီး မှာတော့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဒီရာသီမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာဖို့ မျှော်လင့်ထားသလို ၊ နောက်တစ်ကြိမ် အဲဒီ ခြေလှမ်းမျိုး လှမ်းပြနိုင်လိမ့်မယ်လို့လဲ ထင်ပါတယ်။”