တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးသလို လက်ရှိအချိန်မှာ နာမည်ကြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး နောက်ခံလူပါလို့ ချီးကျူးသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ဟာ လီဗာပူးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၉၇ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၁၅၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း လီဗာပူးနဲ့အတူ ကစားစဉ်က ရယူနိုင်ခဲ့တာပါ။

တဖက်မှာတော့ အသက် ၃၀ အရွယ် နယ်သာလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူလို့လည်း တင်စားခံနေရပါတယ်။ ဗာဂျယ် ဗန်ဒိုက်ဟာ ၂၀၁၈ခုနှစ်ကမှ ဆောက်သမ်တန်ကနေ လီဗာပူးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး လီဗာပူးထံ စတင် ရောက်ရှိကာစမှာပဲ အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်လာသလို အသင်းကိုလည်း ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားနဲ့ ကာရာဘောင်းဖလားတို့ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူပါ။

ဒါကြောင့်ပဲ ဗာဂျယ် ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ခံစစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း ချီးကျူးသံတွေ ထွက်ပေါ်နေပြီး လီဗာပူးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အိုဝင်ကတော့ ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ဗဟိုနောက်ခံလူပါလို့ ချီးကျူး ထောပနာ ပြုသွားခဲ့ပါတယ်။ အိုဝင်က – “ဗန်ဒိုက်က ဖာဒီနန်နဲ့ ယှဉ်လိုက်ရင် ဂိုးတွေ ပိုမို သွင်းယူနိုင်တဲ့ ခံစစ်မှူး တဦးပါ။ ကျွန်တော်က ကျွန်တော်နဲ့ တွဲကစားခဲ့ဖူးတဲ့ နောက်ခံလူတွေထဲမှာ ဖာဒီနန်က အကောင်းဆုံး ခံစစ်မှူးပါလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗန်ဒိုက်က ဖာဒီနန်ထက် ပိုကောင်းတယ်လို့ ယူဆပါတယ်။ တကယ်လို့ အခုချိန်သာ ကျွန်တော်က ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမယ် ဆိုရင် ဘယ်လိုမျိုး ကစားရမလဲ ဆိုတာကိုတောင် မစဉ်းစားတတ်ပါဘူး။”

“ဗန်ဒိုက်က ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ခံစစ်မှူးပါ။ သူက လူကောင်ကြီးတယ်။ ကြံ့ခိုင်တယ်။ ပြီးတော့ ဘောလုံးစွမ်းရည်လည်း ကောင်းတယ်။ အတော်လေးလည်း လျင်မြန်တဲ့ ကစားသမားပါ။ ဒါကြောင့်ပဲ သူနဲ့ ရင်ဆိုင်ရမယ် ဆိုရင် အတော်လေးကို ခက်ခဲမယ်လို့ ယူဆပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။ တစ်ဖက်မှာလည်း မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်အသင်းက ပထမပိုင်း ပွဲချိန်လေးအတွင်းမှာပဲ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အတွက် အခက်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းမှာပဲ လီဗာပူးလ်တို့ ပြန်လာနိုင်ခဲ့ပြီး (၃)ဂိုးထိ ပြန်သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၅)ဂိုးဆိုတဲ့ ရလဒ်နဲ့ လီဗာပူးလ်က ချန်ပီယံလိဂ် ဖိုင်နယ်ထိ တတ်လှမ်းသွားနိုင်ခဲ့ရပါတယ်။

ပထမပိုင်း ပွဲချိန်အတွင်း ဖရိုဖရဲ ဖြစ်ခဲ့ရတဲ့ လီဗာပူးလ် ခံစစ်တန်းမှာ ပါဝင်ခဲ့တဲ့ ညာနောက်ခံလူ အာနိုးဟာ ဒုတိယပိုင်း ပွဲချိန်မှာတော့ အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး လူးဝစ်ဒီယက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ အာနိုးက အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း ဆီမီးဖိုင်နယ်အဆင့်များကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရပုံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့တွေ ဒီလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွေကို ဘယ်တော့မှ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ရအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့တွေ ရိုးမားကို အဝေးကွင်းမှာ ရှုံးနိမ့်တယ်။ ပြီးတော့ ဘာစီလိုနာ။ အခု ဒီမှာပါ ထပ်ကြုံခဲ့ရသေးတယ်။ ခက်ခဲပါတယ်။ တကယ့်ကို ခက်ခဲပါတယ်။”

“ကျွန်တော်တို့ ဒီကိုရောက်လာပြီး သူတို့က ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းမွန်ခဲ့တယ်။ ပထမပိုင်းပြီးချိန်မှာ ကျွန်တော်တို့ ပြန်လည်စုဖွဲ့ခဲ့ပြီး ပွဲကိုလည်း အားလုံးနီးပါး ထိန်းချုပ်လာနိုင်ခဲ့တယ်။ ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တာတွေကို လုပ်ခဲ့တယ်။ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပေမယ့် တစ်ခါတစ်လေမှာ ဘယ်လိုကစားချင်လဲဆိုတာကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့က စောစောစီးစီးပဲ ဂိုးသွင်းယူတယ်။ ဒါက သူတို့လုပ်ချင်တာကို လုပ်ဆောင်နိုင်ပါတယ်။”

“ဒါပေမယ့် ကျွန်တော်တို့ကလည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကစားခဲ့သလိုမျိုး ကျွန်တော်တို့ ဘယ်တော့မှကို မကစားခဲ့ဖူးပါဘူး။ သူတို့က သူတို့ကစားချင်သလို ကစားနေတာကို ကျွန်တော်တို့ဘက်ကနေ ခွင့်ပြုနေသလိုပါ ဖြစ်နေရတယ်။ အင်္ဂါနေ့မှာပဲ အလုပ်ပြီးအောင် လုပ်ရတာက အမြဲတမ်းကို ကောင်းပါတယ်။ နောက်ဆီမီးဖိုင်နယ်ပွဲကိုလည်း ကျွန်တော်တို့ ကြည့်ရှုနိုင်ပါပြီ။ ဒီပွဲမှာ ယှဉ်ပြိုင်ကြမယ့် အသင်းနှစ်သင်းလုံးဟာလည်း ဖိုင်နယ် တတ်လှမ်းဖို့ ထိုက်တန်မှုရှိတဲ့ အသင်းတွေပါ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ZAWGYI: တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးသလို လက်ရှိအချိန်မှာ နာမည်ကြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မိုက်ကယ် အိုဝင်ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး နောက်ခံလူပါလို့ ချီးကျူးသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ဟာ လီဗာပူးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၉၇ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၁၅၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း လီဗာပူးနဲ့အတူ ကစားစဉ်က ရယူနိုင်ခဲ့တာပါ။