ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဝီလီယံအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ်ရာ ပြန်လာဖြစ်ဖို့အတွက် နီးစပ်နေကြောင်း လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်ကစားသမားအနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတုန်းကမှ အာဆင်နယ်အသင်းကနေ ထွက်ခွါခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ ၁ ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲအတွင်း ၁ ဂိုးသာ သွင်းယူနို်ငခဲ့သလို ပြိုင်ပွဲစုံမှာလည်း အဆိုပါသွင်းဂိုး ၁ ဂိုးသာ ရှိခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ မနှစ်တုန်းက ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ကောလဟလတွေအရတော့ သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ကိုလက်ကျန် ၂ နှစ်အတွက် မယူတော့ဘဲ အသင်းပြောင်းသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ မွေးရပ်မြေဘရာဇီးလ်နိုင်ငံမှာလည်း ရုန်းကန်နေရဆဲဖြစ်ပြီး ၃၅ ပွဲအတွင်း သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ အဓိက,ကစားသမားအဖြစ် သတ်မှတ်ခံနေရဆဲဖြစ်ပါတယ်။

Goal သတင်းဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ အံ့အားသင့်စွာနဲ့ပဲ ပရီးမီးယားလိဂ်မှာ သူ့ကို ခေါ်ယူလိုတဲ့ အသင်းရှိနေဆဲဖြစ်ပြီး ဖူလ်ဟမ်အသင်းနဲ့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေတာကြောင့် လန်ဒန်မြေကို တစ်ကျော့ပြန်နင်းတော့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဝီလီယံအနေနဲ့ ကိုရင်သီယန်အသင်းမှာ နေသားတကျဖြစ်ဖို့အတွက် ရုန်းကန်နေခဲ့ရပြီး ကြွက်သားဒဏ်ရာပြဿနာတွေကြားမှာပါ ရုန်းကန်နေခဲ့ရသလို အင်္ဂလန်ကို ပြန်လာဖို့အတွက် ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိလာခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ကိုရင်သီယန်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ ဥရောပအသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းခွင့်ပေးရမယ်ဆိုတဲ့အချက် ပါဝင်ပြီး ဖူလ်ဟမ်အသင်းနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးလို့ရစေမယ့် အချက်တစ်ချက်လည်း ဖြစ်ခဲ့ပါတယ်။ ရုရှားကလပ် အန်ဇီအသင်းကနေ ၂၀၁၃ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဝီလီယံကတော့ လန်ဒန်မြို့မှာ ၉ နှစ်ကျော်နေထိုင်ခဲ့ပြီး အခုတစ်ကြိမ်မှာလည်း လန်ဒန်မြို့မှာ နောက်တစ်ကြိမ် ကျင်လည်ဖို့အတွက် အခွင့်အရေးကို အသုံးချခဲ့ပြီလို့ဆိုရမှာပါ။

ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အလားအလာရှိနေတဲ့ ဘရာဇီးလ်သားတောင်ပံတိုက်စစ်ကစားသမားအနေနဲ့ အနောက်လန်ဒန်ကို ပြန်လည်ရောက်ရှိခဲ့ရင်တော့ သူ့ရဲ့ ငယ်ရွယ်သေးတဲ့ မိသားစုဝင်တွေကို ပြုစုပျိုးထောင်ခဲ့တဲ့ နေရာကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး သူ့အတွက် နှစ်ခြိုက်စရာကောင်းတဲ့ အမှတ်တရများစွာရှိခဲ့တဲ့ နေရာတစ်ခုပါပဲ။

ZAWGYI: ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဝီလီယံအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ်ရာ ပြန်လာဖြစ်ဖို့အတွက် နီးစပ်နေကြောင်း လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်ကစားသမားအနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတုန်းကမှ အာဆင်နယ်အသင်းကနေ ထွက်ခွါခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ ၁ ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲအတွင်း ၁ ဂိုးသာ သွင်းယူနို်ငခဲ့သလို ပြိုင်ပွဲစုံမှာလည်း အဆိုပါသွင်းဂိုး ၁ ဂိုးသာ ရှိခဲ့တာဖြစ်ပါတယ်။