မန်ယူနိုက်တဒ် အသင်းရဲ့ ပြင်ဆင်မှု့တွေပြုလုပ်မယ့် အစီစဉ်မှာ အဓိကကျတဲ့ အပြောင်းရွှေ့ ဖြစ်လာမယ့် ကွင်းလယ် ကစားသမားသစ် ခေါ်ယူရေးမှာ ဝုဗ်ကွင်းလယ်လူ ရူဘင်နာဗက်ဇ် ကီဗင်ဖီးလစ် နဲ့တန်းတူ အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။ဝုဗ် အသင်း ဟာ သူတို့ရဲ့ အသက် (၂၅) နှစ်အရွယ် ကွင်းလယ်လူကို လာမယ့်နွေမှာ လက်လွှတ်ရမယ်လို့ သိရှိထားပြီး အေးဂျင့် ဂျော့ချ်မန်ဒက်စ် ရဲ့ အကူညီနဲ့ ယူနိုက်တဒ် က ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

နာဗက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀) ဝန်းကျင် ရယူလိုပြီး လက်ရှိအချိန်မှာတော့ မန်ဒက်စ် ရဲ့ အေဂျင်စီ ဖြစ်တဲ့ Gestifute အေဂျင်စီဟာ ယူနိုက်တဒ် ရဲ့ ကစားသမားထံစိတ်ဝင်စားမှု့ကို လက်ခံရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ ကီဗင်ဖီးလစ် ကို ဦးစားပေးခေါ်ယူလိုပေမယ့် လိဒ် နဲ့ ယူနိုက်တဒ် ကြား က ခါးသီးတဲ့အမုန်းတရားကြောင့် အတားဆီးသဖွယ် ဖြစ်လာနိုင်ပါတယ်။

မာတချ် ရဲ့ ထွက်ခွါမှု့ ကြေငြာမှု့အပြီး ပေါဂ့်ဘာ၊မာတာ၊လင်ဂါဒ် တို့ ထွက်ခွါမှာ ဖြစ်တာကြောင့် ကွင်းလယ်မှာ ကစားသမား နှစ်ဦးအထိ ဖြည့်တင်းရန် ရဖ်ရန်းနဂ် က တောင်းဆိုထားပါတယ်။ဒီကလန်ရိုက်စ်၊ ချောင်မန်နီ တို့ကို ခေါ်ယူလိုပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးမှု့ ကြောင့် ခေါ်ယူရန် ခက်ခဲနေပြီး ဖြစ်နိုင်ချေ ရှိတဲ့ ခေါ်ယူမှု့ဖြစ် ဖီးလစ် နဲ့ နာဗက်ဇ် ကို ဥိးတည်ပြီး ပစ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

ကီဗင်ဖီးလစ် အတွက် ကနဦး စုံစမ်းမှု့တွေ ပြုလုပ်ခဲ့ပြီး ကြားခံကတဆင့် ဆက်သွယ်မှု့ ပြုလုပ်ထားပေမယ့် တိုက်ရိုက်ချိတ်ဆက် မှု့တော့ပြုလုပ်ထားခြင်း မရှိပါဘူး။ ဖီးလစ် ကို ခေါ်ယူရာမှာ အဓိက အခက်ခဲအနေနဲ့ ကစားသမားရဲ့ မိသားစုတစ်ခုလုံးက မန်ယူနိုက်တဒ်ကို မုန်းတီးကြတဲ့ လိဒ်အမာခံ တွေ ဖြစ်ကြပြီး တန်းဆင်းခဲ့ရခြင်း မရှိရင် အီလန်ရုဒ် မှာပဲ အင်္ဂလန် ကွင်းလယ်လူကို ဆက်လက်မြင်တွေ့ရဖွယ် ရှိပါတယ်။

ရူဘင်နာဗက်ဇ် ကို ခေါ်ယူဖို့ ယူနိုက်တဒ် အပြင် အာဆင်နယ် နဲ့ ဘာစီလိုနာ အသင်းတွေကလည်း ကမ်းလှမ်းမှု့တွေ ပြုလုပ်လိုနေပါတယ်။ယူနိုက်တဒ် ရဲ့ အဓိက အားသာချက်အနေနဲ့ ဘရူနို နဲ့ ရော်နယ်ဒို တို့လို ပေါ်တူဂီ အသင်းဖော်တွေရဲ့ တိုက်တွန်းမှု့ဖြစ်ပြီး အဲရခ်တန်ဟဂ် သာ အလိုရှိမယ်ဆိုရင် သေချာပေါက် ခေါ်ယူနိုင်မယ့် အပြောင်းရွှေ့ ဖြစ်လာပါလိမ့်မယ်။ ဝုဗ် အသင်း က ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) အောက် သာ တောင်းဆိုဖွယ်ရှိတာကလည်း ဈေးကွက်ထဲ

အခြားသော သက်တူ၊ခြေတူ ကစားသမားတွေ ထက် ပိုမိုနိမ့်ပါးတဲ့ ပြောင်းရွှေ့ကြေး ဖြစ်ပြီး အကောင်းဆုံးရွေးချယ်မှု့လည်းဖြစ်နေပါတယ်။ နာဗက်ဇ် က နံပတ်(၆) နေရာနဲ့ ထိုက်တန်ပြီး ကာရစ် အလွန် ကွင်းလယ်ကနေ အမြင်စူးရှပြီး ပေးပို့မှု့ ကောင်းကောင်းနဲ့ ထိန်းချုပ် ကစားနိုင်တဲ့ ကစားသမားအဖြစ် တန်ဟဂ်ရဲ့ခေတ်သစ်မှာ အသုံးချ ခံ နိုင်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တဒ် အသင်းရဲ့ ပြင်ဆင်မှု့တွေပြုလုပ်မယ့် အစီစဉ်မှာ အဓိကကျတဲ့ အပြောင်းရွှေ့ ဖြစ်လာမယ့် ကွင်းလယ် ကစားသမားသစ် ခေါ်ယူရေးမှာ ဝုဗ်ကွင်းလယ်လူ ရူဘင်နာဗက်ဇ် ကီဗင်ဖီးလစ် နဲ့တန်းတူ အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေပါတယ်။ဝုဗ် အသင်း ဟာ သူတို့ရဲ့ အသက် (၂၅) နှစ်အရွယ် ကွင်းလယ်လူကို လာမယ့်နွေမှာ လက်လွှတ်ရမယ်လို့ သိရှိထားပြီး အေးဂျင့် ဂျော့ချ်မန်ဒက်စ် ရဲ့ အကူညီနဲ့ ယူနိုက်တဒ် က ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။