တန်းဆင်းလုနီးပါး ဖြစ်နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို တန်းမဆင်းရအောင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပဲ ဆက်လက်ရှိနေရအောင် အဓိကနေရာကနေ ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာဟာ သူ့ကို ခေါ်ယူသွားဖို့ အမှန်အကန် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းထက် သူရဲ့အသင်းဖော်ဟောင်း ဘရူနိုဖာနန်ဒက်ရှိရာ မန်ချက်စတာယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ၂၀၂ဝခုနှစ်မှာပဲ လီဂူးကလပ် ရန်းစ်အသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းဆီ (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သလို သွင်းဂိုး(၆)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း လိဒ်စ်အတွက် ပိုမိုစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရာဖင်ညာဟာ လာမယ့်နွေမှာတော့ အသင်းအပြောင်းအလဲ လုပ်ဖွယ်ရှိနေတာကြောင့် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေက အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

ရာဖင်ညာနဲ့ သတင်းအထွက်ဆုံး ဖြစ်နေရတဲ့ အသင်းက ဘာစီလိုနာအသင်း ဖြစ်နေပေမယ့်လည်း ရာဖင်ညာရဲ့လက်ရှိကလပ် လိဒ်စ်ယူနိုက်တက်က ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရခြင်း မရှိတာကြောင့် ရာဖင်ညာကို ပေါင်(၂၁)သန်းတည်းနဲ့ ခေါ်ယူနိုင်တော့မှာ မဟုတ်ပဲ အနည်းဆုံး ပေါင်သန်း(၄၀)လောက်အထိ ပေးချေရမှာဖြစ်လို့ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအနေနဲ့ ဆာလာကို ခေါ်ယူဖို့ လက်လျှော့ရဖွယ် ရှိနေပါတယ်။

ဒီလို အခြေအနေမှာ ရာဖင်ညာကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ထက် သူနဲ့ စပို့တင်းလစ္စဘွန်းမှာ တွဲဖက်ကစားခဲ့ရင်း အလွန်ရင်းနှီးခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဖာနန်ဒက်စ်နဲ့အတူ ပြန်လည်ပူးပေါင်းချင်နေတယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် ကစားသမားတွေ အလိုရှိနေပြီး ရာဖင်ညာလို ပရီးမီးယားလိဂ်မှာ (၂)ရာသီလောက် ကျင်လည်ထားဖူးတဲ့ ကစားသမားမျိုးကို သေချာပေါက် ခေါ်ယူချင်နေမှာ ဖြစ်ပေမယ့် လတ်တလောမှာတော့ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကိုသာ ဦးစားပေး ကမ်းလှမ်းသွားဖွယ်သာ ရှိနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ (၂၃)နှစ်လောက်အထိ ဝေးကွာလို့နေတဲ့ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား ဂျိမ်းစ်ဂါနာကို လက်ရှိမှာ ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဖြစ်တဲ့ လက်စတာနဲ့ အဲဗာတန်အသင်းတွေကနေ စိတ်ဝင်စားနေတာကြောင့် ဂါနာအနေနဲ့ နော်တင်ဟမ်မှာ ဆက်နေမလား သူရဲ့မူရင်းကလပ် မန်ချက်စတာယူနိုက်တက်ဆီပဲ ပြန်သွားမလား လက်စတာ ဒါမှမဟုတ် အဲဗာတန်အသင်းတွေဆီ ပြောင်းရွှေ့မလားဆိုတာ စဉ်းစားရပါတော့မယ်။

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ယူနိုက်တက် လူငယ်အကယ်ဒမီမှာ အသက်(၁၀)နှစ် မပြည့်သေးခင်ကတည်းက ပါဝင်ခဲ့တာဖြစ်ပြီး (၁၅)နှစ် မတိုင်ခင်အထိ ဗဟိုခံစစ်ကစားသမားအဖြစ် ကစားခဲ့ရာကနေ နောက်ပိုင်းမှာ ကွင်းလယ်ပိုင်းကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် စီနီယာအသင်းအတွက် (၇)ပွဲသာ ကစားထားခဲ့ဖူးတဲ့ ဂါနာဟာ ဝက်ဖို့ဒ်အသင်းနဲ့ နော်တင်ဟမ်အသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကစားခဲ့ဖူးပြီး အခုလည်း နော်တင်ဟမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

နော်တင်ဟမ်မှာ (၂)ရာသီဆက်တိုက် အငှားသွားရောက်ကစားခဲ့တဲ့ အင်္ဂလန်ယူ-၂၁ ကစားသမား ဂါနာဟာ လက်ရှိမှာတော့ နော်တင်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာပါ ဆက်လက်ဖြတ်သန်းသွားဖို့ ဆန္ဒရှိနေတဲ့အပြင် သူရဲ့မူလကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်ကလည်း လူငယ်ကစားသမားတွေကို ပွဲထုတ်လေ့ရှိတဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်နဲ့ လက်တွဲထားတာကြောင့် တန်ဟက်ဂ်အနေနဲ့ ဂါနာကို အသင်းနဲ့ ပူးပေါင်းခိုင်းမလားဆိုတာကလည်း ဂါနာအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

ဂါနာဟာ လက်ရှိမှာ ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းရတော့မှာ ဖြစ်ပေမယ့်လည်း သူနဲ့ ယူနိုက်တက်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့်ဇွန်လကုန်မှာပဲ ကုန်ဆုံးရတော့မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဂါနာရဲ့ စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်မလားဆိုတာကိုလည်း အလျင်အမြန် ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂါနာကို လက်စတာ အဲဗာတန်အသင်းတို့ကပါ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတာဖြစ်လို့ ဂါနာအနေနဲ့ကလည်း သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို အမြန်အဆန် ချမှတ်သွားရတော့မှာ ဖြစ်ပါတယ်။

ZAWGYI: တန်းဆင်းလုနီးပါး ဖြစ်နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို တန်းမဆင်းရအောင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပဲ ဆက်လက်ရှိနေရအောင် အဓိကနေရာကနေ ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာဟာ သူ့ကို ခေါ်ယူသွားဖို့ အမှန်အကန် စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းထက် သူရဲ့အသင်းဖော်ဟောင်း ဘရူနိုဖာနန်ဒက်ရှိရာ မန်ချက်စတာယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။