အဲရစ်ဆန်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ထံ အသင်းထံကို ဘရက်ဖို့ဒ်ကနေပြီးတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ အတူ (၃)နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကျတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ အသင်း ပရိသတ်တွေရဲ့ မျှော်လင့်ခြင်းတွေကို ခံနေရတဲ့ သူတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။

အေဂျက် ကစားသမား ဟောင်းဖြစ်တာကြောင့် နည်းပြ တန်ဟတ်ရဲ့ ကစားကွက်တွေနဲ့ သိပျပွီးတောာ့ စိမ်းလှမှာ မဟုတ်တဲ့ အဲရစ်ဆင် ကြောင့် မန်ယူနိုက်တက်တို့ တိုးတက်လာဖို့ ရှိနေပြီး ဘယ်အချက်တွေကြောင့် တိုးတက်လာဖို့ သေချာနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တန်ဟတ်အတွက် လွယ်ကူစေတဲ့ ရွေးချယ်မှု။ ။ ပြီးခဲ့တဲ့ ရာသီပြီးဆုံးကတည်းက မန်ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အရည်အသွေးရှိတဲ့ ကွင်းလယ်ကစားသမား တစ်ယောက် လိုအပ်နေတယ်ဆိုတာ သိသာတဲ့ အချက်တစ်ခု ဖြစ်ခဲ့တာပါ။

တိုမီးနေးနဲ့ ဖရက် ကောင်းမွန်တာ မှန်ပေမဲ့ ပရီးမီးယားလိဂ်လို ကြမ်းတမ်းတဲ့ ခရီးရှည်ကြီးမှာ အပတ်တိုင်းမှာ ဒီကစားသမား နှစ်ယောက်လုံးကို အသုံးပြုနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေါ့ဘာကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ဘအသင်းကနေ ထွက်ခွာသွားခဲ့ဘပြီ ဖြစ်တာကြောင့် အဲရစ်ဆင်လို ကွင်းလယ် ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူနိုင်လိုက်တာဟာ မန်ယူနိုက်တက်အတွက်တော်တော်းလေး ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ပြောရမှာ ဖြစ်သလို တန်ဟတ်အတွက်လည်း ရွေးချယ်စရာတွေ ပိုများလာတာလည်း ဖြစ်ပါတယ်။

(၂) အခွင့်အရေးဖန်တီးမှု ပိုလာနိုင်မှု။ ။ လက်ရှိမန်ယူနိုက်တက်မှာ ဂိုးဖန်တီးမှုတွေအတွက် ဖာနန်ဒက်စ်တယောက်ကိုသာ မီခိုနေရတဲ့ အခြေအနေမှာ ရှိနေတာပါ။ ကွင်းလယ်တိုက်စစ်နေရမှာ ဖာနန်ဒက်စ်ခြေစွမ်းမပြနိုင်တဲ့ ပွဲစဥ်တွေမှာဆိုရင် မန်ယူနိုက်တက်တို့ သိသိသာသာ ရုန်းကန်နေရတာကို ပြီးခဲ့တဲ့ ရာသီကတည်းက တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ လက်ရှိ ခေါ်ယူထားတဲ့ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဒီဘရိုင်းနဲ့ ဂရီလစ်ပြီးရင် ဂိုးကန်သွင်းခွင့်တွေ ဖန်တီးမှု အများဆုံးကစားသမား အဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တယောက်ဖြစ်ပြီး killer pass တွေက မန်ယူနိုက်တက်အတွက် တော်တော်လေးအကျိုးဖြစ်ထွန်းစေမှာပါ။ ဒါ့အပြင် ဖာနန်ဒက်စ်တယောက်ထဲကို မှီခိုနေရတဲ့ အခြေအနေကနေလည်း ရုန်းထွက်သွားနိုင်မှာ ဖြစ်ပြီး မန်ယူနိုက်တက်ရဲ့ကွင်းလယ်ဟာ အဲရစ်ဆင်ကြောင့် ပိုပြီးတော့ ကောင်းမွန်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

(၃) အဲရစ်ဆင်ကြောင့် ပိုကောင်းလာဖို့ရှိနေတဲ့ ဖာနန်ဒက်စ်။ ။ ဖာနန်ဒက်စ်ဟာ သူ့ရဲ့နေရာမှာ ပြိုင်ဘက်မရှိပဲ ကစားလာနေခဲ့ရတာ နှစ်နှစ်ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။ ခြေစွမ်းမပြနိုင်ရင်တောင် မန်ယူနိုက်တက်မှာ ကွင်းလယ် တိုက်စစ်နေရာကို ဖာနန်ဒက်စ်ထက် ပိုကောင်းအောင် ကစားနိုင်မယ့်သူ မရှိတာက ဖာနန်ဒက်စ်အတွက် ခြေစွမ်းပိုင်းတိုးတက်လာထြင်းမရှိတဲ့ အဓိက အကြောင်းတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာသီသစ်မှာတော့ အဲရစ်ဆင် ရောက်ရှိလာခဲ့ပါပြီ။ ပရီးမီးယားလိဂ်ဘောလုံးလောကနဲ့ အသားကျပြီးသား ဖြစ်နေတဲ့ အဲရစ်ဆင်ဟာ ဖာနန်ဒက်စ် ပိုကောင်းလာအောင် တွန်းအားပေးဖို့ ရှိနေပါတယ်။

အထူးသဖြင့် ပုံမလာရင် အရန်ခုံပို့မယ့် နည်းပြတန်ဟတ်ကြောင့် ဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်တို့ နှစ်ဦးမှာ အသင်းအတွက် ပိုပြီး အကျိုးပြုမယ့် ကစားသမားကိုသာ တန်ဟတ်က အသုံးပြုသွားဖို့ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖာနန်ဒက်စ်ဟာ အဲရစ်ဆင်ပေးမယ့် တွန်းအားတွေကြောင့် ရာသီသစ်မှာ ပိုကောင်းတဲ့ ခြေစွမ်းတွေကို မြင်တွေ့လာရဖို့ ရှိနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: အဲရစ်ဆန်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ထံ အသင်းထံကို ဘရက်ဖို့ဒ်ကနေပြီးတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ အတူ (၃)နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကျတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ အသင်း ပရိသတ်တွေရဲ့ မျှော်လင့်ခြင်းတွေကို ခံနေရတဲ့ သူတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။

အေဂျက် ကစားသမား ဟောင်းဖြစ်တာကြောင့် နည်းပြ တန်ဟတ်ရဲ့ ကစားကွက်တွေနဲ့ သိပျပွီးတောာ့ စိမ်းလှမှာ မဟုတ်တဲ့ အဲရစ်ဆင် ကြောင့် မန်ယူနိုက်တက်တို့ တိုးတက်လာဖို့ ရှိနေပြီး ဘယ်အချက်တွေကြောင့် တိုးတက်လာဖို့ သေချာနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တန်ဟတ်အတွက် လွယ်ကူစေတဲ့ ရွေးချယ်မှု။ ။ ပြီးခဲ့တဲ့ ရာသီပြီးဆုံးကတည်းက မန်ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အရည်အသွေးရှိတဲ့ ကွင်းလယ်ကစားသမား တစ်ယောက် လိုအပ်နေတယ်ဆိုတာ သိသာတဲ့ အချက်တစ်ခု ဖြစ်ခဲ့တာပါ။

တိုမီးနေးနဲ့ ဖရက် ကောင်းမွန်တာ မှန်ပေမဲ့ ပရီးမီးယားလိဂ်လို ကြမ်းတမ်းတဲ့ ခရီးရှည်ကြီးမှာ အပတ်တိုင်းမှာ ဒီကစားသမား နှစ်ယောက်လုံးကို အသုံးပြုနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေါ့ဘာကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ဘအသင်းကနေ ထွက်ခွာသွားခဲ့ဘပြီ ဖြစ်တာကြောင့် အဲရစ်ဆင်လို ကွင်းလယ် ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူနိုင်လိုက်တာဟာ မန်ယူနိုက်တက်အတွက်တော်တော်းလေး ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ပြောရမှာ ဖြစ်သလို တန်ဟတ်အတွက်လည်း ရွေးချယ်စရာတွေ ပိုများလာတာလည်း ဖြစ်ပါတယ်။

(၂) အခွင့်အရေးဖန်တီးမှု ပိုလာနိုင်မှု။ ။လက်ရှိမန်ယူနိုက်တက်မှာ ဂိုးဖန်တီးမှုတွေအတွက် ဖာနန်ဒက်စ်တယောက်ကိုသာ မီခိုနေရတဲ့ အခြေအနေမှာ ရှိနေတာပါ။ ကွင်းလယ်တိုက်စစ်နေရမှာ ဖာနန်ဒက်စ်ခြေစွမ်းမပြနိုင်တဲ့ ပွဲစဥ်တွေမှာဆိုရင် မန်ယူနိုက်တက်တို့ သိသိသာသာ ရုန်းကန်နေရတာကို ပြီးခဲ့တဲ့ ရာသီကတည်းက တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ လက်ရှိ ခေါ်ယူထားတဲ့ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဒီဘရိုင်းနဲ့ ဂရီလစ်ပြီးရင် ဂိုးကန်သွင်းခွင့်တွေ ဖန်တီးမှု အများဆုံးကစားသမား အဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တယောက်ဖြစ်ပြီး killer pass တွေက မန်ယူနိုက်တက်အတွက် တော်တော်လေးအကျိုးဖြစ်ထွန်းစေမှာပါ။ ဒါ့အပြင် ဖာနန်ဒက်စ်တယောက်ထဲကို မှီခိုနေရတဲ့ အခြေအနေကနေလည်း ရုန်းထွက်သွားနိုင်မှာ ဖြစ်ပြီး မန်ယူနိုက်တက်ရဲ့ကွင်းလယ်ဟာ အဲရစ်ဆင်ကြောင့် ပိုပြီးတော့ ကောင်းမွန်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

(၃) အဲရစ်ဆင်ကြောင့် ပိုကောင်းလာဖို့ရှိနေတဲ့ ဖာနန်ဒက်စ်။ ။ဖာနန်ဒက်စ်ဟာ သူ့ရဲ့နေရာမှာ ပြိုင်ဘက်မရှိပဲ ကစားလာနေခဲ့ရတာ နှစ်နှစ်ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။ ခြေစွမ်းမပြနိုင်ရင်တောင် မန်ယူနိုက်တက်မှာ ကွင်းလယ် တိုက်စစ်နေရာကို ဖာနန်ဒက်စ်ထက် ပိုကောင်းအောင် ကစားနိုင်မယ့်သူ မရှိတာက ဖာနန်ဒက်စ်အတွက် ခြေစွမ်းပိုင်းတိုးတက်လာထြင်းမရှိတဲ့ အဓိက အကြောင်းတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာသီသစ်မှာတော့ အဲရစ်ဆင် ရောက်ရှိလာခဲ့ပါပြီ။ ပရီးမီးယားလိဂ်ဘောလုံးလောကနဲ့ အသားကျပြီးသား ဖြစ်နေတဲ့ အဲရစ်ဆင်ဟာ ဖာနန်ဒက်စ် ပိုကောင်းလာအောင် တွန်းအားပေးဖို့ ရှိနေပါတယ်။