မန်ယူနိုက်တက် နည်းပြသစ် တန်ဟတ်ကတော့ ဖာဂူဆန် နောက်ပိုင်း မန်ယူနိုက်တက်ကို တကယ်ကြီး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပြနေတဲ့ နည်းပြ အဖြစ် မြင်တွေ့လာရဖို့ ရှိနေပါတယ်။ မန်ယူနိုက်တက်ကို စတင် ရောက်ရှိလာချိန်ကတည်းက စည်းကမ်းတွေ တလှေကြီး ချမှတ်ထားသလို၊ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်းတွေ ပြန်လည် စတင်ချိန်မှာလည်း မန်ယူနိုက်တက် ကစားသမားတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့် မောင်းနှင်နေတာ ဖြစ်ပါတယ်။

ဖာဂူဆန် အနားယူသွားပြီးကတည်းက ပျက်ယွင်းနေတဲ့ အသင်းရဲ့ အခြေအနေတွေကို တန်ဟတ်ကတော့ သူ့ရဲ့ နည်းစနစ်တွေ စည်းကမ်းတွေ အောက် ပြန်ရိုက်သွင်းဖို့ အစွမ်းကုန်ကြိုးစား နေတာကိုလည်း တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ရက်က လေ့ကျင့်ခန်းအစီအစဉ်တွေမှာဆိုရင်လည်း မန်ယူနိုက်တက် ကစားသမားတွေဟာ တန်ဟတ်ညွှန်ကြားတဲ့ အတိုင်း ပြုလုပ်နိုင်ခြင်းမရှိပဲ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေကြတာ ကြောင့် တန်ဟတ်တစ်ယောက် ဆူပူကြိမ်းမောင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီတခါမှာလည်း တန်ဟတ်တစ်ယောက် အသင်းရဲ့ ကစားသမားတွေ အပေါ် ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မလိုက်နာ ရင် ပေးမယ့် အပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာခဲ့ ပြန်ပါတယ်။ တန်ဟတ်ဟာ အသင်းရဲ့ လေ့ကျင့်ခန်းတွေကို နောက်ကျရင် ဒါမှမဟုတ် အသင်းရဲ့ အစည်းအဝေးတွေမှာ နောက်ကျခဲ့မယ်ဆိုရင် အမေးအမြန်း မရှိ အသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံသွားရမှာ ဖြစ်ကြောင်း ကစားသမားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပွဲကစားဖို့ ရှိတဲ့ ရက်သတ္တပတ်တွေမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အကောင်းဆုံးမှာ ရှိနေဖို့အတွက် အရက်သောက်ဖို့ ခွင့်ပြုထားခြင်း မရှိကြောင်းကိုလည်း ကစားသမားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာလည်း အစားအသောက်အတွက် အစီအစဉ်တွေကိုလည်း သေချာ ချမှတ်ထားခဲ့ သေးတယ်လို့ ဆိုပါတယ်။ ကစားသမားတွေ ရဲ့ ကိုယ်ပိုင် စားဖိုမှူးတွေရဲ့ ပြင်ဆင်မှုနဲ့ မဟုတ်ပဲ ကစားသမားတွေ အားလုံးအတွက် တူညီတဲ့ စားဖိုမှူးတွေကသာ အစားအသောက်ပိုင်း အတွက် ပြင်ဆင်ပေးတာမျိုးတွေကို အလို ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကာရင်တန်မှာ ရှိမယ့် အစားအသောက် စာရင်းတွေမှာ ငါးနဲ့ အသီးအရွက်တွေကိုသာ အဓိက ထားရှိသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါတွေအပြင် ကစားသမားတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေကိုလည်း လစဉ်စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တန်ဟတ်အနေနဲ့ ကစားသမားတွေ အပေါ် သူ့ရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး အဆင်မပြေတာ မကျေနပ်တာတွေ ရှိရင်လည်း အေးဂျင့်တွေကနေတဆင့် ပြောကြားတာထက် သူ့ကို တိုက်ရိုက် လာပြောဖို့ လည်း ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒါဟာ တန်ဟတ် ချမှတ်ထားတဲ့ အပြင်းစား စည်းကမ်းတွေ ဖြစ်ပြီး၊ ဖာဂူဆန်နောက်ပိုင်း အသင်းသားတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်နေတဲ့ ပထမဆုံး နည်းပြတစ်ယောက်လို့ ဆိုရမှာပါ။ ဆိုတော့ တန်ဟတ်ရဲ့ နည်းစနစ်နဲ့ ကစားဟန်တွေမှာ အံ့ဝင်ဖို့ဆိုရင် ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေဟာ အမြင့်ဆုံး အခြေအနေမှာ ရှိနေဖို့ လိုအပ်တာကြောင့် တန်ဟတ်က အခုလို မျိုး တင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားခဲ့ လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက် နည်းပြသစ် တန်ဟတ်ကတော့ ဖာဂူဆန် နောက်ပိုင်း မန်ယူနိုက်တက်ကို တကယ်ကြီး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပြနေတဲ့ နည်းပြ အဖြစ် မြင်တွေ့လာရဖို့ ရှိနေပါတယ်။ မန်ယူနိုက်တက်ကို စတင် ရောက်ရှိလာချိန်ကတည်းက စည်းကမ်းတွေ တလှေကြီး ချမှတ်ထားသလို၊ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်းတွေ ပြန်လည် စတင်ချိန်မှာလည်း မန်ယူနိုက်တက် ကစားသမားတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့် မောင်းနှင်နေတာ ဖြစ်ပါတယ်။