နိုင်ပွဲတွေပြန်လည်ရယူပြီး ရစ်သမ်ပြန်မှန်လာတဲံ ဘာစီလိုနာဟာ ဒီပွဲမှာလည်း အိမ်ကွင်းနူးကမ့်မှာ ခြေစွမ်းပြပြီး နိုင်ပွဲရှာဖွေခဲ့ပါတယ်။ အိမ်ရှင် ဘာစီလိုနာဟာ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီးအူဘာမီယန်ကို၊ ဖာရန်တောရက်စ်၊ ဒီပေး၊ ဒမ်ဘီလီတို့ကို တိုက်စစ်မှာ တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဒီဂျောင်၊ ဂါဗီတို့ အတွဲကို အသုံးပြုခဲ့ပြီး နောက်တန်းမှာတော့ အယ်လ်ဘာ၊ ဂါစီယာ၊ အာရူဂျို၊ အဲဗက်စ်တို့ကို ကစားစေခဲ့ပါတယ်။ ဧည့်သည် ဆယ်တာဗီဂိုကလည်း အက်စ်ပတ်၊ မန်ဒက်ဇ်၊ ဒင်းနစ်ဆွာရက်ဇ်၊မူရယ်လိုတို့ရဲ့ စုဖွဲ့မှုနဲ့ ဘာစီလိုနာကို ရင်ဆိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ရမှတ်လိုအပ်ချက် မပြင်းထန်ကြတော့ပေမဲ့ အပြန်အလှန်တိုက်စစ်ဖွင့်ကစားခဲ့ကြပြီး ပွဲကမြိုင်ဆိုင်ခဲ့ပါတယ်။အထူးသဖြင့် ဒီပွဲမှာ ဘာစီလိုနာ ကွင်းလယ်နဲ့ တိုက်စစ်ကစားပုံက သွက်ခဲ့ပြီး အားရစရာပါ။ဘာစီလိုနာမှာ တောင်ပံကစားသမား ဒမ်ဘီလီက ခြေစွမ်းပြခဲ့ပြီး တောက်ပံတစ်လျှောက် သူ့ရဲ့အတိုး၊ အလှုပ်တွေက ကောင်းမွန်ခဲ့ပြီး ဘာစီတိုက်စစ်အတွက် ထိရောက်ခဲ့ပါတယ်။ ပွဲအစကတည်းက နှစ်သင်းစလုံးက တိုက်စစ်ဖွင့်ကစားခဲ့ကြတာဖြစ်ပြီး ပွဲအစ ၁၀ မိနစ်မှာ ဘာစီနောက်တန်း အားနည်းချက်ကနေ ဆယ်တာဗီဂို လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးရခဲ့ပေမဲ့ ဂယ်ဟာဒိုပိတ်သွင်းရာမှာ နှေးနေခဲ့လို့ ဘာစီ သက်သာရာရခဲ့တာပါ။

ပွဲအစပိုင်းမှာ ဆယ်တာက ထိရောက်တဲ့ အခွင့်အရေးတွေ ပိုရခဲ့ပြီး အက်စ်ပတ်က ဂိုးသမားနဲ့ တစ်ယောက်ချင်း လွတ်လွတ်ကျွတ်ကျွတ် အနေအထားနဲ့ ကန်သွင်းခွင့်ရခဲ့ပေမဲ့အာရူဂျို လိုက်လံတားဆီးနိုင်ခဲ့ပါတယ်။ မိနစ် ၃၀ မှာတော့ ဘာစီလိုနာတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဒမ်ဘီလီက တောင်ပံတစ်လျှောက် ဆွဲပြေးလာပြီး ဖြတ်ချိုးပေးမှုကို ဒီပေးက အဆုံးသတ်သေချာစွာ ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆယ်တာတို့ပြန်လည်ဖိအားပေး ကစားခဲ့ပေမဲ့ အခွင့်အရေးကို အသုံးမချနိုင်ဖြစ်ခဲ့ရပြီး ဘာစီလိုနာကသာ နောက်ထပ်ဂိုးတစ်ဂိုး ထပ်ရခဲ့ပါတယ်။

ဒီဂိုးကိုတော့ ပွဲချိန် ၄၁ မိနစ်မှာ ဒီပေးရဲ့ တိုက်စစ်ဆင်မှုကို ဆယ်တာနောက်တန်း ဟန့်တားရာက ပြန်လျှံထွက်လာတာကို အူဘာက ပတ်ကစ်နဲ့ လှလှပပ အဆုံးသတ်ခဲ့ပြီး ပထမပိုင်းက ၂-၀ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်း အစကတည်းက ဘာစီတို့ တိုက်စစ်ဆင်ခဲ့ရာမှာ ဒီပွဲမှာ ခြေစွမ်းပြနေတဲ့ ဒမ်ဘီလီရဲ့ ဖန်တီးမှုကို အူဘာမီယန်ကပဲ အဆုံးသတ်ခဲ့ပြီး ဘာစီအတွက် တတိယမြောက်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်တာတို့ ချက်ချင်းဆိုသလို တိုက်စစ်ပြန်ဆင်ခဲ့ရာမှာ အက်စ်ပတ်စ်က ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့ပါတယ်။

အဲဒီနောက် နှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လာခဲ့ပြီး ၅၈ မိနစ်မှာ ဆယ်တာဗီဂို ကစားသမားမူရယ်လို တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်အသာရပြီးနောက် ဘာစီလိုနာတို့က ပွဲကိုပိုမိုထိန်းချုပ်လာခဲ့ပြီး ဖာတီ၊ ဒီဂျောင်နဲ့ ရီပွတ်ချ်တို့ကို ထည့်သွင်းခဲ့ပါတယ်။ ဘာစီလိုနာတို့အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းနေခဲ့လို့ နစ်နာခဲ့ရပြီး ပွဲပြီးခါနီးမှာ ရီပွတ်ချ်ဂိုးတစ်ဂိုးသွင်းခဲ့ပေမဲ့ VAR က လူကျွံ့ဘောအဖြစ် ပယ်ဖျက်ခဲ့ပါတယ်။ဒီပွဲမှာ ဘာစီနောက်ခံလူ အာရူဂျိုအနေနဲ့ အသင်းဖော် ဂါဗီနဲ့အချင်းချင်း ထိခိုက်မိခဲ့ပြီး ကွင်းအတွင်းအထိ ဆေးရုံကာခေါ်ဆောင်ခဲ့ရပါတယ်။

ZAWGYI: နိုင်ပွဲတွေပြန်လည်ရယူပြီး ရစ်သမ်ပြန်မှန်လာတဲံ ဘာစီလိုနာဟာ ဒီပွဲမှာလည်း အိမ်ကွင်းနူးကမ့်မှာ ခြေစွမ်းပြပြီး နိုင်ပွဲရှာဖွေခဲ့ပါတယ်။ အိမ်ရှင် ဘာစီလိုနာဟာ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီးအူဘာမီယန်ကို၊ ဖာရန်တောရက်စ်၊ ဒီပေး၊ ဒမ်ဘီလီတို့ကို တိုက်စစ်မှာ တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဒီဂျောင်၊ ဂါဗီတို့ အတွဲကို အသုံးပြုခဲ့ပြီး နောက်တန်းမှာတော့ အယ်လ်ဘာ၊ ဂါစီယာ၊ အာရူဂျို၊ အဲဗက်စ်တို့ကို ကစားစေခဲ့ပါတယ်။ ဧည့်သည် ဆယ်တာဗီဂိုကလည်း အက်စ်ပတ်၊ မန်ဒက်ဇ်၊ ဒင်းနစ်ဆွာရက်ဇ်၊မူရယ်လိုတို့ရဲ့ စုဖွဲ့မှုနဲ့ ဘာစီလိုနာကို ရင်ဆိုင်ခဲ့ပါတယ်။