ဒီရာသီ နည်းပြရန်းနစ်လက်ထက် ဥရောပစင်မြင့်ထက်မှာ ထွန်းတောက်စပြုလာတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီထွက်ကစားသမား အီလန်ဂါဟာ ရိုနယ်ဒိုကို အသင်းမှာ ပိုင်ဆိုင်ထားတာက သူတို့အတွက် အရမ်းကောင်းမွန်တယ်လို့ အသင်းရဲ့ website နဲ့ အင်တာဗျူးမှာ ဆိုသွားခဲ့ပါတယ်။

ထို့ပြင် အီလန်ဂါက ရိုနယ်ဒိုဟာ ဆန်ချိုနဲ့ သူတို့နှစ်ဦးကို အမြဲတမ်းအကြံညာဏ်ကောင်းတွေ ပေးလေ့ရှိကြောင်းနဲ့ ရိုနယ်ဒိုနဲ့ အလုပ်တွဲလုပ်ရတာက အထူးစပယ်ရှယ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

“ရိုနယ်ဒိုရဲ့ မှတ်တမ်းနဲ့ သွင်းဂိုးစံချိန်တွေကို ခင်ဗျားတို့မြင်ကြမှာပဲ။ သူက ထိပ်တန်းအဆင့်ကို ရောက်အောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သိတဲ့သူပါ။ ဒါကြောင့် သူ့လိုကစားသမားမျိုးနဲ့ စကားပြောသင့်တယ်ဆိုတာထက်တောင် ပိုတာပေါ့ (လေ့လာစရာတွေ အများကြီးရှိကြောင်းကို ဆိုလို)။”

“ကျွန်တော်တို့ ပွဲမစတင်ခင်အချိန်မှာရော၊ ပွဲစဉ်အတွင်းမှာရော စကားတွေ ပြောလေ့ရှိပါတယ်။ ခင်ဗျားတို့ သွေးပူလေ့ကျင့်ခန်းဆင်နေချိန်တွေမှာ မြင်ကြမှာပါ။ သူက ဆန်ချိုနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးကို ပွဲစဉ်အတွင်းမှာ ထိရောက်မှုရှိအောင် ဘယ်လိုပုံစံနဲ့ ကစားလို့ရတဲ့ အကြောင်းတွေကို ပြောပြလေ့ရှိပါတယ်။”

“သူ့လိုကစားသမားမျိုးကို အသင်းမှာပိုင်ဆိုင်ထားဖို့က အရေးကြီးပါတယ်။ ရိုနယ်ဒိုက ကျွန်တော် အမြဲတမ်းအားကျပြီး အကြံညာဏ်တောင်းဖို့ စကားပြောချင်နေတဲ့ သူပါ။ သူနဲ့ အလုပ်အတူတွဲလုပ်ဖို့ အရမ်းကောင်းတဲ့ ကစားသမားပါ။ ပွဲစဉ်တစ်ရက်အလိုမှာဆိုရင် ကျွန်တော်တို့က ကွင်းထဲ ဘယ်လို အလုပ်လုပ်ကြမယ်။ အထူးသဖြင့် Pressing နဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေးလေ့ရှိကြပါတယ်။”

“သူအမြဲအကြံပေးတာ တစ်ခုရှိပါတယ်။ ‘ခင်ဗျား အခွင့်အရေးရရင် ကျွန်တော့်ကို ကြည့်၊ ကျွန်တော်အခွင့်အရေးရရင် ခင်ဗျားကို ကြည့်မယ်။ ကျွန်တော် ဂိုးရှေ့မှာ ရှိနေမယ် (ဒါမှမဟုတ်) ခင်ဗျားက ဂိုးရှေ့မှာ ပြေးတက်’ စသည်ဖြင့်ပေါ့..”လို့ အီလန်ဂါက ရိုနယ်ဒိုနဲ့ အတူရှိနေရတဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို မျှဝေသွားခဲ့ပါတယ်။

ZAWGYI: ဒီရာသီ နည်းပြရန်းနစ်လက်ထက် ဥရောပစင်မြင့်ထက်မှာ ထွန်းတောက်စပြုလာတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီထွက်ကစားသမား အီလန်ဂါဟာ ရိုနယ်ဒိုကို အသင်းမှာ ပိုင်ဆိုင်ထားတာက သူတို့အတွက် အရမ်းကောင်းမွန်တယ်လို့ အသင်းရဲ့ website နဲ့ အင်တာဗျူးမှာ ဆိုသွားခဲ့ပါတယ်။