ဘာမင်ဂမ် နဲ့ အက်စတွန်ဗီလာ မန်နေဂျာဟောင်း ဖြစ်သူ အဲလကျဈမကျလဈရျှက ကယ်ဗင်ဖီးလစ် အနေနဲ့ ပက်ဂွာဒီယိုလာ ထံကနေ အာမခံမှု တစ်ခုကို မရခဲ့ဘူးဆိုရင် မန်ချက်စတာစီးတီးကို ဒီနွေရာသီမှာ မပြောင်းရွေ့ရန် တိုက်တွန်း သွားခဲ့ပါတယ်။ စီးတီးဟာ ကလပ်နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အီတီဟတ်ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်တဲ့ ဖာနန်ဒင်ညိုရဲ့ နေရာမှာ ကွင်းလယ်လူ တစ်ဦး ပြန်လည် အစားထိုးဖို့ စီစဉ်နေတာ ဖြစ်ပြီး ကယ်ဗင်ဖီးလစ်ကို မျက်စိကျနေတာ ဖြစ်ပါတယ်။

ဖီးလစ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက ဥရောပချန်ပီယံရှစ်မှာ အင်္ဂလန်နဲ့ အတူ နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာပြသနာတွေကြောင့် ပွဲတော်တော်များများကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းရဲ့ ဒဏ်ရာ ပြသနာတွေ အပြင် အခြား အဓိက ကစားသမားတွေ ကလည်း ဒဏ်ရာတွေ အဆက်မပြတ် ရနေခဲ့တာကြောင့် လိဒ်ယူနိုက်တက်ဟာ တန်းဆင်းဇုန်တိုက်ပွဲကို အပြင်းအထန် ဆင်နွှဲခဲ့ရပြီး ကံကောင်းစွာနဲ့ လွတ်ကင်းခဲ့တာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်တို့ ဆိုးရွားတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းသား တစ်ချို့ ကတော့ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်၀င်စားမှုကို ခံနေရဆဲ ဖြစ်ကာ ဒီကစားသမားတွေ ထဲမှာ ကယ်ဗင်ဖီးလစ်လည်း ပါ၀င်နေပါတယ်။ အက်စတွန်ဗီလာ မန်နေဂျာဟောင်း ဖြစ်တဲ့ မက်လစ်ရှ် ကတော့ အီတီဟတ်ကို ပြောင်းရွေ့ဖို့ ရှိနေတဲ့ အသက် ၂၆ နှစ် အရွယ် အင်္ဂလန် စတားကို သတိပေးစကား ပြောဆို သွားခဲ့ ပါတယ်။

မကျလဈရျှက “ကယ်ဗင်ဖီးလစ် အနေနဲ့ လိဒ်ယူနိုက်တက် ကနေ ထွက်ခွာ သွားခဲ့မယ် ဆိုရင် အပတ်တိုင်း ပုံမှန် ပွဲကစားခွင့် ရမှာ ဖြစ်တဲ့ အသင်းကိုပဲ ပြောင်းရွေ့ သင့်ပါတယ်။ သူ့အနေနဲ့ အရန်ခုံမှာ ထိုင်သွားရမယ့် အသင်း ၊ ၄ ပတ် ၅ ပတ်လောက် နေမှ တစ်ခါလောက် ကစားရမယ့် အသင်းကို ပြောင်းရွေ့တာမျိုး မလုပ်သင့်ပါဘူး။ ကျွန်တော့် အတွက် ပြောနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ကစားသမား ဘ၀ အတွက် ပြောတာပါ။”

“ဖီးလစ် အနေနဲ့ ဘယ်အသင်းကို ပဲ ပြောင်းရွေ့သည် ဖြစ်စေ လစာ ကောင်းကောင်းတော့ ရရှိသွားမှာ သေချာပါတယ်။ လစာလည်း ကောင်းကောင်း ရမယ့် အပြင် အပတ်တိုင်းလည်း ကစားခွင့် ရမှာ ဖြစ်တဲ့ အသင်း တစ်သင်းကို ပြောင်းရွေ့တာက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ။ အကယ်၍ ဖီးလစ် အနေနဲ့ အသင်းရဲ့ အားထားရတဲ့သူ ဒါမှမဟုတ် အသင်းရဲ့ အဓိက ကစားသမား အဖြစ် ပြောင်းရွေ့မယ့် အသင်းရဲ့ နည်းပြဘက်က အာမခံမှု မပေးနိုင်ဘူး ဆိုရင် သူ တစ်ခြား အသင်းကိုပဲ သွားသင့်ပါတယ်။” လို့ အကြံပေး လိုက်ပါတယ်။

ZAWGYI: ဘာမင်ဂမ် နဲ့ အက်စတွန်ဗီလာ မန်နေဂျာဟောင်း ဖြစ်သူ အဲလကျဈမကျလဈရျှက ကယ်ဗင်ဖီးလစ် အနေနဲ့ ပက်ဂွာဒီယိုလာ ထံကနေ အာမခံမှု တစ်ခုကို မရခဲ့ဘူးဆိုရင် မန်ချက်စတာစီးတီးကို ဒီနွေရာသီမှာ မပြောင်းရွေ့ရန် တိုက်တွန်း သွားခဲ့ပါတယ်။ စီးတီးဟာ ကလပ်နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အီတီဟတ်ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်တဲ့ ဖာနန်ဒင်ညိုရဲ့ နေရာမှာ ကွင်းလယ်လူ တစ်ဦး ပြန်လည် အစားထိုးဖို့ စီစဉ်နေတာ ဖြစ်ပြီး ကယ်ဗင်ဖီးလစ်ကို မျက်စိကျနေတာ ဖြစ်ပါတယ်။

ဖီးလစ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက ဥရောပချန်ပီယံရှစ်မှာ အင်္ဂလန်နဲ့ အတူ နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာပြသနာတွေကြောင့် ပွဲတော်တော်များများကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းရဲ့ ဒဏ်ရာ ပြသနာတွေ အပြင် အခြား အဓိက ကစားသမားတွေ ကလည်း ဒဏ်ရာတွေ အဆက်မပြတ် ရနေခဲ့တာကြောင့် လိဒ်ယူနိုက်တက်ဟာ တန်းဆင်းဇုန်တိုက်ပွဲကို အပြင်းအထန် ဆင်နွှဲခဲ့ရပြီး ကံကောင်းစွာနဲ့ လွတ်ကင်းခဲ့တာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်တို့ ဆိုးရွားတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းသား တစ်ချို့ ကတော့ ထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်၀င်စားမှုကို ခံနေရဆဲ ဖြစ်ကာ ဒီကစားသမားတွေ ထဲမှာ ကယ်ဗင်ဖီးလစ်လည်း ပါ၀င်နေပါတယ်။ အက်စတွန်ဗီလာ မန်နေဂျာဟောင်း ဖြစ်တဲ့ မက်လစ်ရှ် ကတော့ အီတီဟတ်ကို ပြောင်းရွေ့ဖို့ ရှိနေတဲ့ အသက် ၂၆ နှစ် အရွယ် အင်္ဂလန် စတားကို သတိပေးစကား ပြောဆို သွားခဲ့ ပါတယ်။

မကျလဈရျှက ကယ်ဗင်ဖီးလစ် အနေနဲ့ လိဒ်ယူနိုက်တက် ကနေ ထွက်ခွာ သွားခဲ့မယ် ဆိုရင် အပတ်တိုင်း ပုံမှန် ပွဲကစားခွင့် ရမှာ ဖြစ်တဲ့ အသင်းကိုပဲ ပြောင်းရွေ့ သင့်ပါတယ်။ သူ့အနေနဲ့ အရန်ခုံမှာ ထိုင်သွားရမယ့် အသင်း ၊ ၄ ပတ် ၅ ပတ်လောက် နေမှ တစ်ခါလောက် ကစားရမယ့် အသင်းကို ပြောင်းရွေ့တာမျိုး မလုပ်သင့်ပါဘူး။ ကျွန်တော့် အတွက် ပြောနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ကစားသမား ဘ၀ အတွက် ပြောတာပါ။

ဖီးလစ် အနေနဲ့ ဘယ်အသင်းကို ပဲ ပြောင်းရွေ့သည် ဖြစ်စေ လစာ ကောင်းကောင်းတော့ ရရှိသွားမှာ သေချာပါတယ်။ လစာလည်း ကောင်းကောင်း ရမယ့် အပြင် အပတ်တိုင်းလည်း ကစားခွင့် ရမှာ ဖြစ်တဲ့ အသင်း တစ်သင်းကို ပြောင်းရွေ့တာက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာပါ။ အကယ်၍ ဖီးလစ် အနေနဲ့ အသင်းရဲ့ အားထားရတဲ့သူ ဒါမှမဟုတ် အသင်းရဲ့ အဓိက ကစားသမား အဖြစ် ပြောင်းရွေ့မယ့် အသင်းရဲ့ နည်းပြဘက်က အာမခံမှု မပေးနိုင်ဘူး ဆိုရင် သူ တစ်ခြား အသင်းကိုပဲ သွားသင့်ပါတယ်။ လို့ အကြံပေး လိုက်ပါတယ်။