ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အပြောင်းအရွှေ့ စျေးကွက်ပုံစံဟာ ပြောင်းလဲလာခဲ့ပါတယ်။ ဒီလို ပြောင်းလဲလာခဲ့ရာမှာ ငွေကြေး ချမ်းသာတဲ့ ကလပ်အသင်းတွေဟာ ပိုချမ်းသာလာခဲ့ပြီး၊ အောင်မြင်မှုကို ငွေနဲ့ဝယ်ဖို့အထိ ကြိုးစား လာခဲ့ကြပါတယ်။ ရလဒ် အနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သန်း၁၀၀ကျော်တန် အပြောင်းအရွှေ့ပေါင်း များစွာကို ဘောလုံးလောကမှာ မြင်တွေ့ခဲ့ရပြီး၊

ငွေကြေး အမြောက်အများ သုံးစွဲခဲ့တဲ့ အဆိုပါ အပြောင်းအရွှေ့ အများစုဟာ ဆိုးရွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့် ငွေကြေးများစွာ သုံးစွဲကာ မျှော်လင့်တကြီး ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ တွေထဲက၊ မအောင်မြင်ခဲ့တဲ့ ကစားသမား ခေါ်ယူမှု၅ခုကို ဖော်ပြပေးသွားမှာ ဖြစ်ပြီး၊ ဘောလုံး သမိုင်းတလျှောက် အဆိုးရွားဆုံး ယူရိုသန်း၁၀၀ကျော်တန် အပြောင်းအရွှေ့၅ခုကို အခုလို တွေ့နိုင်ပါတယ်။

၅။အန်တိုနီ ဂရစ်ဇ်မန်း (အေတီကိုမက်ဒရစ်မှ ဘာစီလိုနာသို့ – ယူရိုသန်း၁၂၀)။ ။ အန်တိုနီ ဂရစ်ဇ်မန်းဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး၊ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ ဒီကစားသမားကို ခေါ်ယူဖို့ အေတီကိုမက်ဒရစ် အသင်းထံ ယူရိုသန်း၁၂၀ ပေးချေခဲ့ရပါတယ်။ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဂရစ်ဇ်မန်းဟာ နူးကမ့်မှာ လူးဝစ္စ ဆွာရက်ဇ်ရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ် ခံခဲ့ရပေမယ့်၊ သူဟာ ကာတာလန် ကလပ်မှာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းဟောင်း အေတီကိုမက်ဒရစ်ကို ၂၀၂၃ခုနှစ်အထိ ဆက်ရှိနေမယ့် အငှါးစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ သွားခဲ့ပါတယ်။

၄။ရိုမီလူ လူကာကူ (အင်တာမီလန်မှ ချဲလ်ဆီးသို့ – ယူရို၁၁၃သန်း)။ ။ လူကာကူဟာ ပထမတကြိမ် ချဲလ်ဆီး ကစားသမား ဘဝမှာကတည်းက အဆင်မပြေခဲ့ပဲ၊ ဝက်စ်ဘရွန်း အသင်းနဲ့ အဲဗာတန် အသင်းတို့မှာ နှစ်ရာသွကြာ အငှါးစာချုပ်နဲ့ ပြောင်းရွှေ့ ကစားခဲ့ပြီး၊ ၂၀၁၄ခုနှစ်မှာ အဲဗာတန် အသင်းထံ ယူရို၃၅သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို၁၁၃သန်းနဲ့ စတမ်းဖို့ဘရစ်ခ်ျကို ပြန်လည်ရောက်ရှိ လာခဲ့ပေမယ့်၊ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် မကြာသေးမီကမှ အင်တာမီလန် အသင်းထံ တရာသီ အငှါးစာချုပ်နဲ့ တကျော့ပြန် ပြောင်းရွှေ့သွားခဲ့ပါတယ်။

၃။ပေါလ်ပေါ့ဂ်ဘာ (ဂျူဗင်တပ်စ်မှ မန်ချက်စတာ ယူနိုက်တက်သို့ – ယူရို၁၀၅သန်း)။ ။ ဂျူဗင်တပ်စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ပေါလ်ပေါ့ဂ်ဘာကို ၂၀၁၂ခုနှစ်က အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ သူဟာ ဂျူဗင်တပ်စ် အသင်းမှာ ကစားခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ၁၇၈ပွဲကစားခဲ့ရာ ၃၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု၄၀ကြိမ် ပြုလုပ်ပေးခဲ့ပြီး စီးရီးအေ အမှတ်ပေးဖလား ၄ကြိမ်ရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဒါ့ကြောင့် ယူနိုက်တက်ဟာ သူတို့ရဲ့ အကယ်ဒမီ ကြယ်ပွင့်ဟောင်းကို ပြန်ခေါ်ဖို့ မျက်စိကျခဲ့ပြီး ၂၀၁၆ခုနှစ်မှာ ယူရို၁၀၅သန်းနဲ့ ပြန်လည်ခေါ်ယူ ခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်း အငြင်းပွားဖွယ်ရာ ကိစ္စတွေနဲ့သာ အချိန်ကုန်ခဲ့ပြီး၊ လာမယ့် ရက်ပိုင်းအတွင်း ဂျူဗင်တပ်စ် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထပ်မံပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

၂။ဖီလစ်ပီကော်တင်ဟို (လီဗာပူးလ်မှ ဘာစီလိုနာသို့ – ယူရို၁၃၅သန်း)။ ။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဇန်နဝါရီလက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ကော်တင်ဟိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး၊ ကာတာလန် ကလပ်ဟာ ဒီကစားသမား အတွက် လီဗာပူးလ် အသင်းထံ ယူရို၁၃၅သန်းအထိ ပေးချေခဲ့ရပါတယ်။ ဒါပေမယ့် ကော်တင်ဟိုဟာ နူးကမ့်မှာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိတာကြောင့်၊ ဘိုင်ယန်မြူးနစ် အသင်းထံ တရာသီ အငှါးစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး၊ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ အက်စတွန်ဗီလာ အသင်းထံ ထပ်မံ အငှါးချခဲ့ပါတယ်။

၁။အီဒင်ဟာဇက် (ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်သို့ – ယူရို၁၁၅သန်း)။ ။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ သူတို့ အသည်းအသန် လိုချင်ခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် အီဒင်ဟာဇက်ကို ယူရို၁၁၅သန်းပေးကာ ခေါ်ယူခဲ့ပါတယ်။ ဟာဇက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို ဝတ်ဆင်ခဲ့တဲ့ နံပါတ်၇ဂျာစီကို ပေးအပ်ခံခဲ့ရပေမယ့်၊ အထင်ကြီးစရာ စွမ်းဆောင်မှုတခုမှ လုပ်မပြနိုင်ခဲ့ပါဘူး။ ဘာနေဗျူးမှာ ဒဏ်ရာ ပြဿနာတွေနဲ့သာ အချိန်ကုန်နေခဲ့တဲ့ ဒီဘယ်လ်ဂျီယံ စူပါစတားဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ လာလီဂါ ချန်ပီယံဆု၁ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံဆု၁ကြိမ် ရရှိခဲ့ပေမယ့်၊ ဒီအောင်မြင်မှုတွေ အတွက် သူ့ရဲ့ ကူညီပေးနိုင်မှုက အရမ်းကို နည်းပါးခဲ့ပါတယ်။

ZAWGYI: ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အပြောင်းအရွှေ့ စျေးကွက်ပုံစံဟာ ပြောင်းလဲလာခဲ့ပါတယ်။ ဒီလို ပြောင်းလဲလာခဲ့ရာမှာ ငွေကြေး ချမ်းသာတဲ့ ကလပ်အသင်းတွေဟာ ပိုချမ်းသာလာခဲ့ပြီး၊ အောင်မြင်မှုကို ငွေနဲ့ဝယ်ဖို့အထိ ကြိုးစား လာခဲ့ကြပါတယ်။ ရလဒ် အနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သန်း၁၀၀ကျော်တန် အပြောင်းအရွှေ့ပေါင်း များစွာကို ဘောလုံးလောကမှာ မြင်တွေ့ခဲ့ရပြီး၊