တရာသီလုံးအတွင်း တသင်းလုံးမှာ ခရစ်စတီယာနိုရော်နယ်လ်ဒိုတယောက်တည်းပဲ ကောင်းမွန်တဲ့အဆင့်တခုနဲ့ကစားခဲ့တယ်လို့ ဝန်ခံရင်း မန်ယူတို့ရဲ့စိတ်ပျက်စရာရာသီနဲ့ပတ်သတ်ပြီး နောက်တန်းကစားသမားဟာရီမက်ဂွိုင်းယားက ရင်ဖွင့်ခဲ့ပါတယ်။ ကစားသမားတွေမှာ ယုံကြည်မှုပြတ်လပ်တာနဲ့ အသင်းလိုက်အနေနဲ့ ညံ့ဖျင်းတဲ့ပါဖောမန့်တွေကို သူကမီးမောင်းထိုးပြခဲ့ပါတယ်။

သူတို့ရဲ့အဆိုးရွားဆုံးရမှတ်အဖြစ် ၅၈ မှတ်တည်းရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဇယားမှာ အဆင့် ၆ နဲ့အဆုံးသတ်ခဲ့တာကြောင့် မေ့ပစ်လိုက်ချင်စရာ ရာသီတခုကို မန်ယူတို့ရရှိခဲ့ပါတယ်။ ဖလားတလုံးမှမရတဲ့ ၅ ရာသီမြောက်နှစ်တနှစ်ကိုဖြတ်သန်းခဲ့ရပြီး အဆင့်မြင့်အဆင့်တွေကိုမရောက်ခင် ဖလားပြိုင်ပွဲအားလုံးကနေ ထွက်ခွာခဲ့ရပါတယ်။ မန်ယူတို့ရဲ့ရာသီနဲ့ပတ်သတ်ပြီး အင်္ဂလန်အသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲကစားဖို့အတွက်ရွေးချယ်ခံထားရတဲ့ မက်ဂွိုင်းယားက ပြိုင်ပွဲမတိုင်ခင် ဂါးဒီးယန်းသတင်းနဲ့ အမေးအဖြေပြုလုပ်ခဲ့ပါတယ်။

“ရာသီအဆုံးသတ်ဆီသွားနေချိန် ယုံကြည်မှုရှိမနေခဲ့တော့တာ ခင်ဗျားမြင်နိုင်ခဲ့ပါတယ်။ တယောက်ချင်းစီရဲ့ပါဖောမန့်တွေကို ခင်ဗျားကြည့်လို့ရပါတယ်၊ ဒါပေမဲ့ ကစားသမားတိုင်းက လယ်ဗယ်တခုမှာ မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး၊ ခရစ်စတီယာနိုနဲ့ သူ့ရဲ့ဂိုးတွေကလွဲလို့ပေါ့လေ။ ဒါပေမဲ့ တကိုယ်တော်ပါဖောမန့်တွေကိုခင်ဗျားကြည့်လိုက်ရင်တော့ ခင်ဗျားက အသင်းတသင်းမှာကစားနေရတဲ့အခါ အသင်းလိုက်အနေနဲ့ ကျနော်တို့က လုံလောက်အောင်ကောင်းမနေခဲ့တဲ့အခါ ဒါကခက်ခဲသွားပါတယ်။”

“ဘောလုံးက ကျနော့်ဘဝပါ။ ကလပ်မှာ နေ့စဉ်တိုင်းကို ကျနော်အလေးထားပါတယ်။ အခုဖြစ်ခဲ့တဲ့အတိုင်း အဆုံးသတ်ခဲ့ရတာက၊ လိဂ်မှာ အဆင့် ၆၊ ကိုယ်နိုင်သင့်တဲ့ပွဲတွေမှာ ဖလားပွဲတွေကနေ အဖြုတ်ခံခဲ့ရတာ၊ ဒါတွေဟာ အစကနေအဆုံးအထိ စိတ်ပျက်ဖွယ်ရာအတိဖြစ်ခဲ့ပါတယ်။” လို့ မက်ဂွိုင်းယားကပြောခဲ့ပါတယ်။

ဒီရာသီယူနိုက်တက်တို့အတွက် ရော်နယ်လ်ဒိုတဦးတည်းကသာ သိက္ခာဆယ်တဲ့အရာတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၃၇ နှစ်အရွယ်တိုက်စစ်ကစားသမားဟာ ပြိုင်ပွဲစုံ ၃၉ ပွဲအတွင်း ၂၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဟက်ထရစ် ၂ ကြိမ်အပါအဝင် သူ့ရဲ့အရေးပေါ်ဂိုးများက ယူနိုက်တက်တို့ ပွဲအဖြေကောင်းရအောင် ပွဲများစွာမှာ ကူညီပေးခဲ့ပါတယ်။

အသက် ၃၇ နှစ်မှာ သူလုပ်နိုင်ပါနေဆဲဆိုတာကို ရော်နယ်လ်ဒိုကပြသနေပေမဲ့လည်း ဆုဖလားတွေအနိုင်ရချင်ရင်တော့ ကစားသမားတဦးတည်းအပေါ်မှာ မန်ယူတို့မှီခိုလို့မရနိုင်ပါဘူး။ ရော်နယ်လ်ဒိုက ၂၄ ဂိုးသွင်းပြီး ကလပ်ရဲ့ဂိုးအများဆုံးသူဖြစ်နေချိန် သူနဲ့အနီးစပ်ဆုံး ဒုတိယဂိုးအများဆုံးသူက ဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီး ၁၀ ဂိုးတည်းသွင်းထားတာဖြစ်ပါတယ်။

အခြားတိုက်စစ်သမားများဖြစ်တဲ့ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန်ဆန်းချိုတို့မှာ သုံးယောက်ပေါင်းမှ ၁၂ ဂိုးတည်းရထားတာပါ။ ဒါ့ကြောင့် မန်ယူတို့တိုက်စစ်သမားလိုအပ်နေတာ သံသယမဲ့ဖြစ်ပါတယ်။ ဂျာနယ်လစ် ဒင်းဂျုံးစ်ရဲ့အဆိုအရတော့ မန်ယူတို့ဟာ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကိုလက်မှတ်ထိုးဖို့ နီးစပ်နေပြီလို့သိရပါတယ်။

ZAWGYI: တရာသီလုံးအတွင်း တသင်းလုံးမှာ ခရစ်စတီယာနိုရော်နယ်လ်ဒိုတယောက်တည်းပဲ ကောင်းမွန်တဲ့အဆင့်တခုနဲ့ကစားခဲ့တယ်လို့ ဝန်ခံရင်း မန်ယူတို့ရဲ့စိတ်ပျက်စရာရာသီနဲ့ပတ်သတ်ပြီး နောက်တန်းကစားသမားဟာရီမက်ဂွိုင်းယားက ရင်ဖွင့်ခဲ့ပါတယ်။ ကစားသမားတွေမှာ ယုံကြည်မှုပြတ်လပ်တာနဲ့ အသင်းလိုက်အနေနဲ့ ညံ့ဖျင်းတဲ့ပါဖောမန့်တွေကို သူကမီးမောင်းထိုးပြခဲ့ပါတယ်။