မနေ့ည က ကစားခဲ့တဲ့ Trophee des Champions ခေါ် ပြင်သစ် စူပါဖလား ဗိုလ်လုပွဲမှာ လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီ အသင်းဟာ ပြင်သစ် ရှုံးထွက်ဖလား ( Coupe de France ) ချန်ပီယံ နန့်တက်စ် အသင်းကို ၄ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ဒီပွဲမှာ ပီအက်စ်ဂျီရဲ့ နာမည်ကြီး စူပါစတား တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေ မပါဝင်နိုင်ခဲ့ပေမယ့် ၊ လီယွန်နယ် မက်ဆီ ၊ နေမာတို့ရဲ့ တိုက်စစ် ဦးဆောင်မှုနဲ့ အတူ အခုလိုမျိုး သက်တောင့်သက်သာ နိုင်ပွဲကို ဖန်တီးသွားနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ပီအက်စ်ဂျီ အတွက် အဖွင့်ဂိုးကို လီယွန်နယ် မက်ဆီက နေမာရဲ့ ဖန်တီးမှုကတဆင့် နန့်တက်စ် ဂိုးသမား လာဖွန့်ကို လိမ်ခေါက်ကာ သွင်းယူသွားခဲ့ပါတယ် ။ ဒုတိယ ဦးဆောင်ဂိုးကိုတော့ နေမာ က တိုက်ရိုက် ဖရီးကစ်ကတဆင့် လှလှပပ သွင်းယူခဲ့ပါတယ် ။ တတိယ ဦးဆောင်ဂိုးကိုတော့ ဆာဂျီယို ရာမို့စ် က နောက်ပေါက်နဲ့ ပိတ်သွင်းယူခဲ့ပါတယ် ။ နောက်ဆုံး အပိတ်ဂိုးကိုတော့ နေမာကပဲ ပင်နယ်တီကတဆင့် အဆုံးသတ်ပေးခဲ့ပါတယ် ။ ဒါဟာ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို နေရာကို ဆက်ခံခဲ့တဲ့ နည်းပြသစ် ခရစ်စတော့ဖ် ဂေါ်လ်တီယာ အတွက်တော့ ကျေနပ်စရာကောင်းတဲ့ အစ တခု ဖြစ်စေမှာ သေချာပါတယ် ။

ပွဲအပြီး Prime Video နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ နေမာ က ပြီးခဲ့တဲ့ ရာသီတုန်းက ထင်သလောက် ခြေစွမ်း မပေါ်လွင်ခဲ့တဲ့ မက်ဆီ အပေါ် ဝေဖန်မှုတွေကို ရာသီသစ် မစတင်ခင်မှာပဲ တုန့်ပြန် ချေပခဲ့ပြီး ၊ နေမာ – အမ်ဘတ်ပေ – မက်ဆီ အတွဲသာ ညီခဲ့ရင် ၊ ဒီရာသီမှာ ၄င်းတို့ အကျိုး ဖြစ်ထွန်းလိမ့်မယ်လို့လည်း ဖွင့်ဟခဲ့ပါတယ် ။ နေမာ က ” ဒါဟာ လီယိုရဲ့ အသစ်တဖန် စတင်ခြင်းလား ? ကျွန်တော်ကတော့ မထင်ပါဘူး ။ လူ တွေဟာ စကား အများကြီး ပြောလွန်းပါတယ် ။ သူတို့ဟာ ကျွန်တော်တို့ အသင်း အတွင်း နေ့စဉ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာအားလုံးကို မသိနိုင်ကြပါဘူး ။ လီယို က လီယိုပါပဲ ။ အခုအချိန် အထိလည်း အရင်က လီယိုအတိုင်းပါပဲ ။ ”

” ရှေ့ဆက်ပြီး သူဟာ အသင်း အတွက် ကွဲပြားခြားနားတဲ့ အရည်အသွေးတွေကို ဆက်လက် သယ်ဆောင်လာပေးဦးမှာပါ ။ သူဟာ ရောက်တဲ့ နေရာမှာ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်း ရှိပါတယ် ။ ၃ယောက်တွဲ တိုက်စစ်မှာ အရာရာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာဖို့ ဆန္ဒ ရှိတယ် ဆိုတာကတော့ အမှန်ပါပဲ ။ ကျွန်တော်ရယ် ၊ လီယိုရယ် ၊ ကီလီယန်ရယ် … ၃ယောက်လုံး အတွဲညီတယ်ဆိုရင် ဒါဟာ အသင်း အတွက် သေချာပေါက် အကျိုးရှိစေပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး နေမာ က ရာသီသစ် မစတင်ခင် ဆုဖလား တလုံး ဆွတ်ခူးနိုင်ခဲ့ခြင်း အပေါ်လည်း အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

နေမာ က ” ဒီနေ့ အောင်ပွဲ အတွက် ကျွန်တော် ကျေနပ်ပါတယ် ။ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ ပွဲတပွဲ ကစားနိုင်ခဲ့တာပါ ။ ရာသီသစ် တခုကို ဆုဖလား အောင်မြင်မှုနဲ့ စတင်နိုင်ဖို့က အရေးကြီးပါတယ် ။ ဒါဟာ ဖလားပေးတဲ့ ပြိုင်ပွဲ တခု ဖြစ်တာကြောင့် ၊ ဘာပဲဖြစ်နေဖြစ်နေ အခုအချိန်မှာ ကျွန်တော်တို့ ဖလားတလုံး ရထားပြီးပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပီအက်စ်ဂျီ ဟာ လာမယ့် စနေနေ့ညမှာ ရာသီသစ် လီဂူးဝမ်း အဖွင့်ပွဲစဉ် အဖြစ် ကလာမွန့် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ZAWGYI: မနေ့ည က ကစားခဲ့တဲ့ Trophee des Champions ခေါ် ပြင်သစ် စူပါဖလား ဗိုလ်လုပွဲမှာ လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီ အသင်းဟာ ပြင်သစ် ရှုံးထွက်ဖလား ( Coupe de France ) ချန်ပီယံ နန့်တက်စ် အသင်းကို ၄ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ဒီပွဲမှာ ပီအက်စ်ဂျီရဲ့ နာမည်ကြီး စူပါစတား တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေ မပါဝင်နိုင်ခဲ့ပေမယ့် ၊ လီယွန်နယ် မက်ဆီ ၊ နေမာတို့ရဲ့ တိုက်စစ် ဦးဆောင်မှုနဲ့ အတူ အခုလိုမျိုး သက်တောင့်သက်သာ နိုင်ပွဲကို ဖန်တီးသွားနိုင်ခဲ့တာ ဖြစ်ပါတယ် ။