ဒီနှစ် နွေဈေးကွက်အတွင်း ကစားသမားသစ်(၃)ဦးထိ ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ကစားသမား ရောင်းချမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချတော့မှာ ဖြစ်သလို ဂျပန်စူပါစတား မီနာမီနိုကိုလည်း မိုနာကိုအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၅.၅)သန်းနဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်တယ်လို့ သိရှိရပါတယ်။

သတင်းမီဒီယာများစွာကနေ မီနာမီနိုရဲ့ သတင်းကို ဖော်ပြလာခဲ့ပြီး လီဗာပူးလ်အသင်းဘက်က သဘောတူညီခဲ့ရုံသာမကပဲ မီနာမီနိုကိုယ်တိုင် မိုနာကိုအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာဖြစ်လို့ အပြောင်းအရွှေ့ လုံးဝအပြီးသတ်ဖို့အတွက် ဆေးစစ်မှုတစ်ခုလောက်သာ ကျန်ရှိနေပါတော့တယ်။ မိုနာကိုအသင်းဟာ ဂျပန်လက်ရွေးစင် ကစားသမား မီနာမီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်း အပိုဆုကြေး ပေါင်(၂.၅)သန်း စုစုပေါင်း ပေါင်(၁၅.၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကိုလည်း လီဗာပူးလ်အသင်းဘက်က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား မီနာမီနိုဟာ အရည်အသွေးမြင့် အာရှကစားသမားတစ်ဦး ဆိုပေမယ့်လည်း ထိပ်တန်းကစားသမားတွေ များစွာပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပါတယ်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလကမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့သူ မီနာမီနိုဟာ အသင်းအတွက် စုစုပေါင်း (၅၅)ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး(၁၄)ဂိုး သွင်းယူနိုင်ခဲ့သလို ဆောက်သမ်တန်အသင်းမှာလည်း ရာသီဝက်အငှားနဲ့ ပါဝင်ဖြစ်ခဲ့ပါသေးတယ်။

ပွဲကစားခွင့်တွေ နည်းပါးနေမှုနဲ့ အနာဂတ် မသေချာမှုတို့ကြောင့် မီနာမီနိုကိုယ်တိုင် လီဗာပူးလ်နဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိနေခဲ့ပြီး ချူယာမန်နီ ဖာဘရီဂတ်စ်တို့လို ကစားသမားကောင်းတွေနဲ့ လမ်းခွဲခဲ့ရတဲ့ လီဂူးကလပ် မိုနာကိုအသင်းနဲ့ ပူးပေါင်းဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ဘက်ကတော့ မီနာမီနိုကို ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေး ပေါင်(၇.၂၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ ပေါင်(၁၅.၅)သန်းဝန်းကျင်နဲ့ ပြန်လည်ရောင်းချမှာဖြစ်လို့ မီနာမီနိုရဲ့ အပြောင်းအရွှေ့ကနေ အကျိုးအမြတ်တွေ ရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ မာနေးနဲ့ မီနာမီနိုတို့ နှစ်ဦးစလုံးကို ရောင်းချတော့မှာဖြစ်သလို အော်ရီဂီနဲ့ ကာရီးယပ်စ်တို့ကိုလည်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုထားပါတယ်။ တစ်ဖက်မှာလည်း ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ နေရာအတွက် အေဂျက်ကြယ်ပွင့် ဟော်လာကို ခေါ်ယူ အစားထိုးဖို့ နီးစပ်နေကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဒေါ့မွန်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို မန်ချက်စတာ စီးတီးထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၅သန်းနဲ့ လက်လွှတ်ခဲ့ရတာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဒေါ့မွန်ရဲ့ ကင်းထောက်တွေနဲ့ တာဝန်ရှိသူတွေက ဟာလန်းရဲ့ နေရာကို အစားဝင်နိုင်မယ့် အထောင် တိုက်စစ်မှူး တဦးကို ရှာဖွေနေကြကာ ဟော်လာဟာ သူတို့ရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဟော်လာဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းမှာ သွားရောက် ကစားခဲ့စဉ်က ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဝက်စ်ဟမ်း ကနေ အေဂျက်ထံ ပြောင်းရွှေ့ခဲ့ရာမှာတော့ ကစားသမားဘဝ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပြသနိုင်ခဲ့တဲ့ ကစားသမားကောင်း တဦးပါ။

ဟော်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဟော်လာဟာ ဟာလန်းရဲ့ နေရာကို အကောင်းဆုံး အစားဝင်နိုင်မယ့်သူ အဖြစ် သတ်မှတ်ထားပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဟော်လာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၃သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ်ကို အေဂျက်ထံ ပေးပို့ထားပြီး မကြာခင်မှာ ဟော်လာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။ အေဂျက်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟော်လာအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် လိုချင်နေပြီး ဒေါ့မွန်ဘက်က ဟော်လာကို လိုချင်ရင် ပြောင်းရွှေ့ကြေး တိုးပေးရန် လိုအပ်ကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

ZAWGYI: ဒီနှစ် နွေဈေးကွက်အတွင်း ကစားသမားသစ်(၃)ဦးထိ ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ကစားသမား ရောင်းချမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချတော့မှာ ဖြစ်သလို ဂျပန်စူပါစတား မီနာမီနိုကိုလည်း မိုနာကိုအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၅.၅)သန်းနဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်တယ်လို့ သိရှိရပါတယ်။