မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် အချစ်တော်် နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က သူတို့ တွေဟာ ရာသီပိတ် ပွဲစဥ်မှာ ခရစ္စတယ် ပဲလေ့စ် အသင််းကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွား ဖြစ်ကြောင််း ကတိပေးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အတွက်် နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပြီး ရဲ့လ်ဖ် ရန်းဂနစ် ကို ယာယီ နည်းပြ အဖြစ် ရာသီကုန်အထိ ကိုင်တွယ်စေဖို့ ခန့်အပ်ခဲ့ပါတယ် ။

ဒါပေမဲ့ ရန်းဂနစ် လက်အောက်မှာလည်း အသင်းရဲ့ ရလဒ််တွေဟာ တိုးတက်မလာခဲ့ပဲ အခုတော့ ယူရို ပါလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့တောင် ရုန်းကန်နေခဲ့ရပါပြီ ။ ဒါ့အပြင် ပြီးခဲ့တဲ့ ပွဲစဥ်တုန်းက ဘရိုက်တန် အသင်းကို 4 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါသေးတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ရာသီပိတ် ပွဲစဥ် အဖြစ် ဒီတစ်ပါတ်မှာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ကစားရပါတော့မယ် ။ အကယ်လို့ ယူနိုက်တက် တို့သာ ဒီပွဲကို အနိုင် ကစားနိုင်ခဲ့ရင် နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရရှိပါလိမ့်မယ် ။

အကယ်လို့ ယူနိုက်တက်တို့ ရှုံးနိမ့်ပြီး ဝက်စ်ဟမ်း အသင််းကသာ အနိုင်ရလဒ် ရယူသွားနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်တို့ဟာ နောက်ရာသီမှာ ကွန်ဖရန့်လိဂ်သာ ကစားခွင့် ရရှိနိုင်ပါလိမ့်မယ် ။ ဒါဟာ ယူနိုက်တက်လို အသင်းမျိုး အတွက်တော့ စိတ်ပျက်စရာ ဖြစ်နေမှာ အသေအချာပါပဲ ။

အခုတော့ ယူနိုက်တက် အသင်းအတွက် တဈနှဈလုံးနီိးပါး လက်စွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ က ရာသီပိတ် ပွဲစဥ်မှာ ခရစ္စတယ် ပဲလေ့စ် အသင်းကို အနိုင် ရရှိနိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

‘ ဒီရာသီဟာ တကယ့်ကို ခက်ခဲခဲ့တာ ကျွန်တော်တို့ သိကြပါတယ် ။ ဒါပေမဲ့ အသင်းနဲ့ ပရိသတ်တွေရဲ့ ဂုဏ်သိိက္ခာပိုင်း အတွက် ကျွန်တော်တို့ ဒီပွဲ (ခရစ္စတယ် ပဲလေ့စ် နဲ့ ရာသီပိတ်ပွဲ ) ကို အနိုင်ရရှိအောင် တက်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားကြမှာပါ ‘

‘ ကျွန်တော်ကတော့ ပရိသတ်တွေအတွက် အနိုင်ရလဒ် ရယူပေးချင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီတစ်နှစ်လုံး သူတို့ဟာ အံ့ဖွယ် အားပေးခဲ့ကြတယ်လေ ။ ပွဲစဥ်တိုင််းမှာ သူတို့ရဲ့ အားပေးမှုတွေကို အမြဲတမ်း ရရှိခဲ့တာက တကယ့်ကို ခမ်းနားခဲ့ရပါတယ် ‘

‘ ဒါဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ရာသီ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ အရင်ကလည်း ကျွန်တော်ဟာ ကောင်းမွန််တဲ့ ရာသီတွေ ပိုင်ခဲ့ကြတယ်လေ ။ ဒါပေမဲ့ ဒီနှစ်တော့ ပိုကောင်းခဲ့တယ်လို့ ခံစားရပါတယ် ။ ဒါက ခက်ခဲတဲ့ ရာသီိဖွဈပမေဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် အတွက်တော့ ကျေနပ်မိပါတယ် ‘ လို့ ဒီဂီယာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။