ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပချန်ပီယံဖြစ်လာပြီးနောက် မိုနာကိုအသင်းကွင်းလယ်လူ အူရီလီယန်ချူအာမီနီကို ပေါင် ၆၈ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ၂၂ နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ လက်ရှိမှာတော့ ပြင်သစ် အသင်းနဲ့အတူ နိုင်ငံပွဲကစားဖို့ ရောက်ရှိနေပြီး မကြာခင်မှာပဲ ဘာနေဗျူးကို အပြီးသတ်ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ပြင်သစ်နဲ့စပိန်ကလာတဲ့ သတင်းတွေအရတော့ ပီအက်စ်ဂျီက တိုက်စစ်မှူးကီလီယန်မက်ပီကို စာချုပ်သက်တမ်း တိုးပြီး ချူအာမီနီကို ဆွဲဆောင်ဖို့ ကြိုးစားနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးရဲလ်ကိုပဲ ရွေးချယ်ဖို့များနေပါတယ်။

ရီးရဲလ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားဖို့ရှိပြီး ကစားသမားကို မခေါ်ယူခင် ကာလရှည်စောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ချုအာမီနီရဲ့ အပြောင်းအရွှေ့ဟာ မက်ပီအပေါ်မှာလည်း မူတည်ခဲ့ပေမယ့် ပြင်သစ်တိုက်စစ်မှူးက ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ရီးရဲလ်အနေနဲ့ မတ်လကတည်းက ခေါ်ယူဖို့စီစဉ်နေတဲ့ ချူအာမီနီတစ်ဦးတည်းကိုသာ သီးသန့်ခေါ်ယူဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

မက်ပီကအခုဆိုရင် သူ့ရဲ့ပြင်သစ်အသင်းဖော်ကို ပီအက်စ်ဂျီမှာ လာကစားဖို့ ဆွဲဆောင်လျက်ရှိပေမယ့် ချူအာမီနီကိုယ်တိုင်က မိုနာကိုက ထွက်ပြီးရင် အခြားလီဂူးဝမ်းအသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပါဘူး။ ချူအာမီနီဟာ ပြီးခဲ့တဲ့ရာသီက မိုနာကိုအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားခဲ့ပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ ရီးရဲလ်ကတော့ စနေနေ့ညက ပဲရစ်မှာ လီဗာပူးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၁၄ ကြိမ်မြောက် ဥရောပဖလားကိုရရှိခဲ့လို လာလီဂါ ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အဲဗာတန်တိုက်စစ်မှူးရစ်ချာလီဆန်ကတော့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့်လည်း သူ့ရဲ့အဲဗာတန်အနာဂတ်နဲ့ ပက်သက်လို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့ပါတယ်။ ၂၅ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့ ၂၀၂၄ ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ဘဏ္ဍာရေးပြဿနာတွေရှိနေတဲ့ အဲဗာတန်ဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမား တစ်ယောက်ကိုတော့ မဖြစ်မနေ ရောင်းထုတ်ရဖို့ ရှိနေပါတယ်။

ဘရာဇီးလက်ရွေးစင်က ဘုတ်အဖွဲ့နဲ့ နည်းပြထံ အသင်းဆီကနေ ဘာကိုလိုချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း တင်ပြထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ရစ်ချာလီဆန်အသင်းဆီက ဘာကိုလိုချင်တာလဲဆိုတာ မရှင်းလင်းပေမယ့် တောင်းဆိုထားတာတွေကို မရခဲ့ရင်တော့ ဒီနွေရာသီမှာတင် အသင်းကနေ ထွက်ခွာဖွယ်ရှိပါတယ်။ နိုင်ငံပွဲကစားဖို့ ဘရာဇီးအသင်းကို ရောက်ရှိနေတဲ့ ရစ်ချာလီဆန်က “ကျွန်တော်ဘုတ်အဖွဲ့နဲ့ ရှင်းပြီးပါပြီ။ နည်းပြဖရန့်လမ်းပတ်ကိုလည်း ပြောပြထားပြီးပြီ။ ကျွန်တော့်အေးဂျင့်လည်း ကျွန်တော်လိုချင်တာကိုသိတယ်။ ဇွန်လထိစောင့်ကြည့်ကြတာပေါ့။ အခုတော့ ပြောလို့မရသေးဘူး။”

“အသင်းက ထွက်မထွက်ဆိုတာက ကြိုပြောလို့မရတဲ့ ကိစ္စမျိုးပါ။ ကျွန်တော်က အဲဗာတန်ကစားသမားပါ၊ ပရိသတ်တွေကလည်း ကျွန်တော့်ကိုလက်ခံကြတယ်။ ဒါတောင် ကျွန်တော်အသင်းကထွက်ဖို့ ကိစ္စကိုလျှောက်ပြောနေတာကတော့ မဖြစ်သင့်ဘူးထင်တယ်”လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့လို ပရီးမီးယားလိဂ်ကလပ်တွေတင်မကပဲ အခြားဥရောပထိပ်တန်း အသင်းတွေကပါ စိတ်ဝင်စားလျက်ရှိပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေပေမယ့် မက်ပီအသင်းမှာ ဆက်နေတာကြောင့် စိတ်ဝင်စားမှုလျော့သွားခဲ့ပါပြီ။

ဒါပေမယ့် မက်ပီရော၊ မန်စီးတီးကို ရွေးသွားတဲ့ ဟာလန်းကိုပါ ဆုံးရှုံးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ရစ်ချာလီဆန်ကို စိတ်ဝင်စားလာခဲ့ပါတယ်။ အဲဗာတန်ဟာ ၂၀၁၈ တုန်းက ဝက်ဖို့ဒ်ကနေ ပေါင် ၃၅ သန်းနဲ့ခေါ်ယူခဲ့တဲ့ ရစ်ချာလီဆန်ဟာ လက်ရှိအချိန်မှာတော့ အနည်းဆုံးပေါင်သန်း ၅၀ ခန့်ထိ မြင့်တက်လာခဲ့ပြီး အဲ့ဈေးထက်ပိုများဖို့ပဲ ရှိပါတယ်။ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကိုသာ ရရှိခဲ့မယ်ဆိုရင်တော့ အဲဗာတန် ဘက်ကလည်း ရောင်းထုတ်ဖို့ စဉ်းစားသွားဖို့ ရှိနေပါတယ်။ ရစ်ချာလီဆန်ဟာ အဲဗာတန်အတွက် ပြိုင်ပွဲစုံ ၁၅၂ ပွဲ ကစားပြီး ၅၃ ဂိုးထိ သွင်းယူထားပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပချန်ပီယံဖြစ်လာပြီးနောက် မိုနာကိုအသင်းကွင်းလယ်လူ အူရီလီယန်ချူအာမီနီကို ပေါင် ၆၈ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ၂၂ နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ လက်ရှိမှာတော့ ပြင်သစ် အသင်းနဲ့အတူ နိုင်ငံပွဲကစားဖို့ ရောက်ရှိနေပြီး မကြာခင်မှာပဲ ဘာနေဗျူးကို အပြီးသတ်ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ပြင်သစ်နဲ့စပိန်ကလာတဲ့ သတင်းတွေအရတော့ ပီအက်စ်ဂျီက တိုက်စစ်မှူးကီလီယန်မက်ပီကို စာချုပ်သက်တမ်း တိုးပြီး ချူအာမီနီကို ဆွဲဆောင်ဖို့ ကြိုးစားနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးရဲလ်ကိုပဲ ရွေးချယ်ဖို့များနေပါတယ်။