လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က အလိုရှိနေတဲ့ ဘရာဇီးလ်လက်ရွေးစင်တောင်ပံတိုက်စစ်မှူး ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၅၅ သန်း(ပေါင် ၄၇ သန်း)အလိုရှိကြောင်း သိရပါတယ်။ ရာဖင်ညာအနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတုန်းက ပြင်သစ်လီဂန်းကလပ် ရင်းနေးအသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံတိုက်စစ်မှူးအနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်းက မာဆယ်လို ဘီယဲလ်ဆာရဲ့ အသင်းကို အမှတ်ပေးဇယားအလယ်ပိုင်းမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း သွင်းဂိုး ၁၁ ဂိုးနဲ့အတူ အသင်းကို တန်းဆင်းဇုန်ကလွတ်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက နောက်ဆုံးပွဲအထိ အသည်းအသန်ကစားခဲ့ရပြီးမှ တန်းဆင်းဇုန်က လွတ်မြောက်ခဲ့ရတာဖြစ်ပေမယ့် ရာဖင်ညာအနေနဲ့ အသင်းကနေ ထွက်ခွါတော့မှာဖြစ်ကြောင်း ခန့်မှန်းထားရပြီး ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

လာလီဂါထိပ်တန်းအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ ရာဖင်ညာကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း စိတ်ဝင်စားမှု ပြသနေတာဖြစ်ပါတယ်။ လိဒ်စ်ကလည်း ရာဖင်ညာရဲ့ တန်ဖိုးကိုသိပြီး ယူရိုသန်း ၅၀(ပေါင် ၄၅ သန်း)ကျော် အလိုရှိနေတာဖြစ်ကြောင်း အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ရင် စိတ်ချရတဲ့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့အနေနဲ့ ရာဖင်ညာကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်ပေါင်းများစွာကတည်းက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဆိုပေမယ့် အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ စတင်စိတ်ဝင်စားမှု ပြသခဲ့တာဖြစ်ပါတယ်။ မီခဲလ် အာတီတာရဲ့ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၅၀ ဝန်းကျင်အထိ အသုံးပြုခဲ့ပြီး နောက်ထပ်ငွေသုံးကြမ်းဦးမယ့် အပြောင်းအရွှေ့ရာသီတစ်ခုကို မြင်ရနိုင်ဖွယ်ရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တေ့လွဲ,လွဲခဲ့ရပြီးနောက် အသင်းကို အားဖြည့်လိုနေတာဖြစ်ပါတယ်။

ဘာစီလိုနာဂန္ထဝင်ကစားသမားကြီးဖြစ်တဲ့ ဘရာဇီးလ်မှော်ဆရာလို့ လူသိများကြတဲ့ ရော်နယ်လ်ဒင်ညိုကတော့ သူနဲ့ တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ရာဖင်ညာကို ဒီနှစ်နွေမှာ နူးကမ့်ကို ပြောင်းရွှေ့သွားဖို့အတွက်သာ တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ရော်နယ်လ်ဒင်ညိုက “သူ့အနေနဲ့ ပြောင်းရွှေ့လာဖို့အတွက်ဆိုရင်တော့ ကျွန်တော်က အတော်လေးသဘောကျမိမှာပါ။ သူ့မှာ အရည်အသွေးအများကြီးရှိပါတယ်။”

“သူ့ရဲ့ ကစားတဲ့ ဝိသေသတွေကြောင့် စပိန်ဘောလုံးကစားဟန်နဲ့ ကောင်းကောင်းမွန်မွန်အသားကျသွားပါလိမ့်မယ်”လို့ ပြောလာခဲ့ပါတယ်။ ဒါ့အပြင် ရာဖင်ညာရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ဒေကိုကလည်း တစ်ချိန်က ရော်နယ်လ်ဒင်ညိုနဲ့ ဘာစီလိုနာမှာ အတူတွဲကစားခဲ့ကြတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ခဲ့သလို နူးကမ့်မှာ အတူတူသောက်စားမူးရူးခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေလည်း ဖြစ်ခဲ့ကြတာပါ။

ZAWGYI: လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က အလိုရှိနေတဲ့ ဘရာဇီးလ်လက်ရွေးစင်တောင်ပံတိုက်စစ်မှူး ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၅၅ သန်း(ပေါင် ၄၇ သန်း)အလိုရှိကြောင်း သိရပါတယ်။ ရာဖင်ညာအနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတုန်းက ပြင်သစ်လီဂန်းကလပ် ရင်းနေးအသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။