လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ဆာဂျီမီလင်ကိုဗစ်ဆာဗစ်ချ်ကို ယူရို ၅၅ သန်း (ပေါင် ၄၇ သန်း) နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

သူဟာ ယခုနှစ်ဘောလုံးရာသီမှာ သွင်းဂိုး ၁၁ ဂိုး သွင်းယူခဲ့ပေမယ့် လာဇီယိုအသင်းဟာ စီးရီအေမှာ အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ လက်ရှိမှာတော့ အသက် ၂၇ နှစ်သားဟာ အီတလီက ထွက်ခွာလိုနေပြီး အဆိုပါကစားသမားကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေပါတယ်။

အဲရစ်တန်ဟဂ်ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်လိုနေပြီး မီလင်ကိုဗစ်ဆာဗစ်ချ်ကိုလည်း သဘောကျနေပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်ဟာ ဆားဘီးယားသားအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားတာပါ။

အီတလီကလပ်ဟာ ကနဦးက မီလင်ကိုဗစ်ဆာဗစ်ချ်အတွက် ယူရိုသန်း ၈၀ (ပေါင် ၆၈ သန်း) မျှော်လင့်ခဲ့ပေမယ့် လက်ရှိမှာ ယူရို ၆၅ သန်း (ပေါင် ၅၅ သန်း) နဲ့ ကမ်းလှမ်းလာပါက လက်ခံစဥ်းစားသွားဖွယ် ရှိတယ်လို့ La Reppublica က ဆိုထားပါတယ်။

တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို ခေါ်ယူရေးအတွက် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။ ဘာစီလိုနာကတော့ နယ်သာလန်သားအတွက် ပေါင်သန်း ၇၀ သတ်မှတ်ထားပါတယ်။

ပီအက်စ်ဂျီဟာ နူးကမ့်ပ်ကို မပြောင်းခင်ကတည်းက ဒီဂျောင်ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဂျောင်ဟာ ပဲရစ်မှာ ကိုင်လီယန်အမ်ဘာပေနဲ့ တွဲကစားဖို့ စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

ZAWGYI: လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ဆာဂျီမီလင်ကိုဗစ်ဆာဗစ်ချ်ကို ယူရို ၅၅ သန်း (ပေါင် ၄၇ သန်း) နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။