ဘာစီလိုနာတို့ဟာ ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာ အသင်းထံ အလွန်နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ရောင်းချ ခဲ့ပြီပဲဖြစ်ပါတယ်။ ဘာစီလိုနာတို့ဟာ ကော်တင်ဟိုကို လီဗာပူးလ်ကနေ ခေါ်ယူစဉ်ကထက် တော်တော်လေးကို နည်းပါးလွန်းတဲ့ ပမာဏနဲ့ ရောင်းချပစ်ခဲ့တာကြောင့် ဘာစီလိုနာ အသင်းသမိုင်းမှာ အံ့အားသင့်စရာ အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာ တို့ဟာ ကော်တင်ဟိုကို လီဗာပူးလ်ကနေ (၂၀၁၈)ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး၊ ကော်တင်ဟိုအတွက် လုပ်ခလစာကိုလည်း တစ်ပတ်ပေါင်(၄၈၀၀၀၀)အထိ ပေးချေခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်မှာ ရှိစဉ်တုန်းက ဆွဲမက်ဖွယ် ဘရားဇီးသားတစ်ယောက်ရဲ့ ကစားဟန်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပမေဲ့ ဘာစီလိုနာကို ရောက်ရှိခဲ့ ချိန်မှာတော့ ကော်တင်ဟိုဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို ခြေစွမ်းလည်း မပြနိုင်ခဲ့ပါဘူး။

ဘာစီလိုနာမှာ (၄)နှစ်ကြာ ကစားခဲ့ပေမဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၆)ပွဲသာ ကစားနိုင်ခဲ့ပြီး သွင်းဂိုးကတော့ (၂၆)ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာမှာ ရှိနေစဉ်အချိန်အတွင်း (၂၀၁၉-၂၀)ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်ကို အငှားထွက် ကစားခဲ့ရပါသေးတယ်။ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ (၃၈)ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးကတော့(၁၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ (၂၀၂၁-၂၂)ဘောလုံးရာသီရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာတော့ ကော်တင်ဟိုဟာ အက်စတွန်ဗီလာ အသင်းထံ ထပ်မံ အငှားချခံခဲ့ရပြန်ပါတယ်။

လီဗာပူးလ်အသင်းဖော်ဟောင်း ဂျာရက် ကိုင်တွယ်နေတဲ့ ဗီလာမှာ ကော်တင်ဟိုဟာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပိုင်းအရလည်း အသင်းအတွက် အကျိုး ဖြစ်စေခဲ့ပါတယ်။ လက်ရှိမှာ (၁၆)ပွဲ ကစားပေးထားခဲ့ပြီး သွင်းဂိုးကတော့ (၄)ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာရက်ကတော့ လီဗာပူးလ်မှာ တောက်ပခဲ့တဲ့ ကော်တင်ဟိုရဲ့ ခြေစွမ်းတွေကို ပြန်လည် ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပုံရပါတယ်။ ဒါ့ကြောင့်ပဲ ဘာစီလိုနာအသင်းထံကနေ ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ အသင်းထံကို အရခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကော်တင်ဟိုကို ရောင်းချဖို့အတွက် ဘာစီလိုနာနဲ့ ဗီလာတို့ကြားမှာ ကနဦး ပြောင်းရွှေ့ကြေးပေါင်(၃၃)သန်းနဲ့ သဘောတူညီခဲ့ကြမလို ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပေါင်(၁၇)သန်းနဲ့သာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဗီလာအနေနဲ့ ကော်တင်ဟိုကို ပြန်လည်ရောင်းချခဲ့မယ်ဆိုရင် ရရှိလာမယ့် ပြောင်းရွှေ့ကြေးရဲ့ (၅၀) ရာခိုင်နှုန်းကိုတော့ ဘာစီလိုနာတို့က ပြန်လည်ရရှိသွားမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို အပြောင်းအရွှေ့ စာချုပ်မှာ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော်တင်ဟိုအနေနဲ့လည်း ဗီလာမှာ ဘာစီလိုနာမှာ ရရှိခဲ့တဲ့ လုပ်ခလစာထက် အများကြီး လျှော့ယူသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်းတွေအရ ကော်တင်ဟိုဟာ ဗီလာမှာ တစ်ပတ်လုပ်ခ ပေါင်(၁၂၅၀၀၀)သာ ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗီလာထံကို (၄)နှစ်စာချုပ်နဲ့ (၂၉)နှစ်သား ဘရာဇီးသားဟာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာမှာ ရရှိခဲ့တဲ့ လုပ်ခလစာထက် အများကြီး လျော့နည်းသွားခဲ့ပေမဲ့ ဗီလာမှာတော့ လစာအများဆုံးရတဲ့ ကစားသမားတွေထဲက တစ်ယောက်အဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ စွဲမက်ဖွယ် ကစားဟန်တွေနဲ့ တချိန်က ပရီးမီးယားလိဂ် ဘောလုံး ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ ကော်တင်ဟိုတစ်ယောက် ဗီလာနဲ့အတူ အောင်မြင်တဲ့ ကစားသမား ဘဝကို တဖန်ပြန်ပြီးတော့ စတင်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: ဘာစီလိုနာတို့ဟာ ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာ အသင်းထံ အလွန်နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ရောင်းချ ခဲ့ပြီပဲဖြစ်ပါတယ်။ ဘာစီလိုနာတို့ဟာ ကော်တင်ဟိုကို လီဗာပူးလ်ကနေ ခေါ်ယူစဉ်ကထက် တော်တော်လေးကို နည်းပါးလွန်းတဲ့ ပမာဏနဲ့ ရောင်းချပစ်ခဲ့တာကြောင့် ဘာစီလိုနာ အသင်းသမိုင်းမှာ အံ့အားသင့်စရာ အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ရပါတယ်။