မန်ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ တန်ဟတ်ဟာ မန်ယူနိုက်တက်ရဲ့ ခေတ်တခေတ်ကိုပြန်စဖို့ သူ့ရဲ့ သစ်ဆန်းတဲ့ အိုင်ဒီယာတွေနဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ ပြင်ဆင်လျက် ရှိနေတာပါ။ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကစားသမား (၅)ဦးလောက် အထိ ခေါ်ယူဖို့ တန်ဟတ်က အလိုရှိနေတာ ဖြစ်ပြီး ရှေ့၊ လယ်၊ နောက် နေရာတိုင်းအတွက် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။

တန်ဟတ်အနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့အတွက် ပစ်မှတ်ကစားသမားတွေ ရှာဖွေရာမှာ အသင်းဟောင်း အေဂျက်က ကစားသမား အများစုကို သာ ရွေးချယ်နေတာ ဖြစ်ပါတယ်။ အေဂျက်မှာ အောင်မြင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ခဲ့တဲ့ တန်ဟတ် အနေနဲ့ တပည့်ဟောင်းတွေကိုပါ မန်ယူနိုက်တက်ဆီကို ခေါ်ဆောင်လာဖို့ ကြံရွယ်နေတာ ဖြစ်ပြီးတော့ လက်ရှိ အချိန်အထိတော့ ဘယ်သူ့ကိုမှ ခေါ်ယူနိုင်ခဲ့ ခြင်းမရှိသေးပါဘူး။

တန်ဟတ် ခေါ်ယူဖို့ အလိုရှိနေတဲ့ ကစားသမား စာရင်းမှာ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်က ထိပ်ဆုံးက ရှိနေပြီး၊ ဒီဂျောင်ဟာ အေဂျက်မှာ တန်ဟတ်နဲ့ အတူလက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေလည်းပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနေဆဲ အဆင့်မှာ ရှိနေဆဲ ဖြစ်ပြီး ဈေးကကွ် မပိတ်ခင် လက်ရှိနွေဈေးကွက်ထဲမှာတင်ပဲ ဒီဂျောင်တစ်ယောက် မန်ယူနိုက်တက်ကို ရောက်လာမယ်ဖို့ မျှော်လင့်ရပါတယ်။

နောက်ထပ် တန်ဟတ်ခေါ်ယူချင်နေတဲ့ ကစားသမားတွေကတော့ အေဂျက် က တင်ဘာ၊ လီဆန်ဒရို မာတီနက်၊ အန်တိုနီတို့ကို ခေါ်ယူဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။ တင်ဘာကတော့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အလိုရှိနေပြီး တန်ဟတ်နဲ့ လက်တွဲဖို့ စိတ်အားထက်သန်ခဲ့ပေမဲ့ ပွဲထွက်ခွင့် မသေချာမှုတွေကြောင့် အေဂျက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ လီဆန်ဒရိုမာတီနက်ကိုတော့ မန်ယူနိုက်တက်တို့ က စိတ်ဝင်စားနေဆဲ အဆင့်မှာပဲ ရှိနေဆဲ ဖြစ်ပြီး တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်ရခြင်းတော့ မရှိသေးပါဘူး။ တိုက်စစ်ပိုင်းအတွက်တော့ အန်တိုနီကိုခေါ်ယူဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

အန်တိုနီကို မန်ယူနိုက်တက်တို့ အနေနဲ့ ပေါင်သန်း(၄၀) ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အေဂျက်ဘက်ကတော့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)လောက်အထိ အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အန်တိုနီကိုခေါ်ယူရေးဟာလည်း ဒီဂျောင်ရဲ့ အပြောင်းအရွှေ့လို ဆွေးနွေးညှိနှိုင်း အဆင့်မှာတင် အချိန်အတော်ကြာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အေဂျက် အသင်းအနေနဲ့လည်း တပည့်ဟောင်းတွေကိုချည်း စွတ်ခေါ်ယူချင်နေတဲ့ တန်ဟတ်ကို ဘယ်ကစားသမားကိုပဲ ခေါ်ချင် ခေါ်ချင် ဈေးချိုချိုနဲ့ ရမှာတော့ မဟုတ်ဘူးလို့ သတိပေးထားခဲ့တာ ဖြစ်ပြီး၊ ခေါ်ယူဖို့ မလွယ်ကူလှတဲ့ အနေအထားတွေပါပဲ။ လက်ရှိ နွေဈေးကွက်ထဲမှာ အာဆင်နယ်လို အသင်းကတောင် ကစားသမားတွေ တစ်ယောက်ပြီး တယောက် မြန်မြန်ဆန်ဆန် ခေါ်ယူနေချိန်မှာ မန်ယူနိုက်တက်ရဲ့ ခြေလှမ်းတွေကတော့ နှေးကွေးလေးလံ နေဆဲ ဖြစ်ပြီး ပရိသတ်တွေကတော့ အားမလို အားမရ ဖြစ်နေခဲ့တာလည်းပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ တန်ဟတ်ဟာ မန်ယူနိုက်တက်ရဲ့ ခေတ်တခေတ်ကိုပြန်စဖို့ သူ့ရဲ့ သစ်ဆန်းတဲ့ အိုင်ဒီယာတွေနဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ ပြင်ဆင်လျက် ရှိနေတာပါ။ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ကစားသမား (၅)ဦးလောက် အထိ ခေါ်ယူဖို့ တန်ဟတ်က အလိုရှိနေတာ ဖြစ်ပြီး ရှေ့၊ လယ်၊ နောက် နေရာတိုင်းအတွက် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။