အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီး တိုက်စစ်မှုး ဂါဘရီရယ်ဂျေဆု ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု မြင့်မားနေတယ်လို့ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂျေဆုဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနဲ့ လက်ကျန်စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာပါ။ မန်ချက်စတာစီးတီးဟာ မကြာသေးမီ အချိန်ကမှ ဒေါ့မန်တိုက်စစ်မှုး အာလင်းဟာလန်းနဲ့ ရေးဗားဗလိတ် တိုက်စစ်မှုး ဂျူလီယံအယ်ဗာရက်တို့ကို ခေါ်ယူခဲ့တာကြောင့် ယခုအချိန်မှာ ဘရာဇီးတိုက်စစ်မှုး ဂျေဆုရဲ့ အနာဂတ်ဟာ စီးတီးနဲ့ ပိုမိုဝေဝါး လာခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ ပိုမိုနီးစပ် လာခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေခဲ့တဲ့ အာဆင်နယ် အသင်းဟာလည်း ၂၅ နှစ် အရွယ် ကစားသမားကို ချဉ်းကပ်မှုတွေ စတင်လုပ်ဆောင် ခဲ့ပါတယ်။ သတင်းတွေကတော့ အာဆင်နယ်ဟာ ဂျေဆုရဲ့ တာဝန်ရှိ သူတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေနေပြီလို့တောင် ဖော်ပြနေကြပါပြီ။ ပြီးခဲ့တဲ့ အပတ်မှာပဲ အာတီတာဟာ ဂျေဆုအတွက် ပုံမှန် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ခိုင်မာတဲ့ သတင်းတွေအရ သိရပါတယ်။ ကမ်းလှမ်းမှုဟာ ပေါင်သန်း ၃ဝ ခန့် ဝန်းကျင် ရှိပြီး စီးတီးကတော့ ဒီပြောင်းရွှေ့ကြေးကို ချက်ချင်းပဲ ပယ်ချသွား ခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်ကတော့ ဒီတိုက်စစ်မှုးအတွက် ပိုမိုများပြားတဲ့ ပမာဏ ကမ်းလှမ်းချက်နဲ့အတူ နောက်တစ်ကြိမ် အပြောင်းအရွှေ့ ဆွေးနွေးမှုလုပ်ဖို့ ကြိုးစားနေပါပြီ။ ဒီတစ်ခါ ကမ်းလှမ်းမဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၅ဝ ခန့် ဖြစ်မယ်လို့လည်း သိရပါတယ်။ The Times သတင်းဌာနကတော့ အာဆင်နယ်ဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက် မြင့်မားနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ကလည်း အတော်လေး နီးစပ်နေပြီလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဂျေဆုဟာလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခံ နေရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိ ခဲ့တာကြောင့် ဂျေဆုအနေနဲ့ ဂန်းနားတို့ကို ငြင်းပယ်နိုင်တယ်လို့လည်း ထင်ကြေးပေးမှုတွေ ရှိနေတာပါ။ မည်သို့ပင် ဆိုစေကာမှု အာတီတာနဲ့ ဂျေဆုဟာ စီးတီးမှာ အတူတကွ လက်တွဲဖူးတာကြောင့် ဒီအချက်ဟာ အာဆင်နယ်အတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်အပြင် ချဲလ်ဆီးအသင်းနဲ့ စပါးအသင်း တို့ဟာလည်း ဘရာဇီးသားကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ကစားသမား ကိုယ်တိုင်ကြောင့်နဲ့ လက်ရှိအခြေအနေအရ အမ်းမရိတ်ကို ဂျေဆုရောက်ရှိဖို့က အနီးစပ်ဆုံး ဖြစ်လာပြီလို့ ဆိုရပါလိမ့်မယ်။

ZAWGYI: အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီး တိုက်စစ်မှုး ဂါဘရီရယ်ဂျေဆု ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု မြင့်မားနေတယ်လို့ The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂျေဆုဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနဲ့ လက်ကျန်စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာပါ။ မန်ချက်စတာစီးတီးဟာ မကြာသေးမီ အချိန်ကမှ ဒေါ့မန်တိုက်စစ်မှုး အာလင်းဟာလန်းနဲ့ ရေးဗားဗလိတ် တိုက်စစ်မှုး ဂျူလီယံအယ်ဗာရက်တို့ကို ခေါ်ယူခဲ့တာကြောင့် ယခုအချိန်မှာ ဘရာဇီးတိုက်စစ်မှုး ဂျေဆုရဲ့ အနာဂတ်ဟာ စီးတီးနဲ့ ပိုမိုဝေဝါး လာခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ ပိုမိုနီးစပ် လာခဲ့ပါပြီ။