သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ပေါင် သန်း၄၀နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂နှစ်သားဟာ ယမန်နှစ်ရာသီက ယူနိုက်တက်နည်းပြသစ် တန်ဟက်လက်အောက် အေဂျက်စ်မှာ ၁၂ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဆိုပါခြေစွမ်းတွေကြောင့် ဘရာဇီးသားဟာ ယူနိုက်တက်၊ တော့တင်ဟမ်တို့ အပါအဝင် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဘရာဇီးရဲ့ အပြောင်းအရွှေ့အပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အမ်စတာဒမ်ကို လာရောက်ရန် ရှိနေကြောင်း သိရပါတယ်။

အန်တိုနီဟာ ဆရာဟောင်းဖြစ်တဲ့ တန်ဟက်နောက်ကိုလိုက်ပြီး ကစားမယ်လို့ မျှော်မှန်းထားပါတယ်။ ယူနိုက်တက်မှာ စတင်အလုပ်လုပ်နေပြီဖြစ်တဲ့ တန်ဟက်ကတော့ ယမန်နှစ်ရာသီက ဆိုးရွားတဲ့ အခြေအနေတွေအပေါ် ပြောင်းပြန်လှန်ပစ်နိုင်ဖို့ အတော်လေးကြိုးစားရဖွယ် ရှိနေပါတယ်။

ပေါ့ဂ်ဘာ၊ လင်ဂတ်၊ မာတစ်တို့လို ကစားသမားတွေက အသင်းက ထွက်သွားပြီး အခြားကစားသမားတွေလည်း ထွက်ဖို့ ရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ နွေရာသီမှာ ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ရရန် ရှိနေပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ရဲ့ ပထမဆုံး နွေရာသီခေါ်ယူမှု ဖြစ်နိင်ပြီး တန်ဟက်တစ်ယောက် အေဂျက်စ်က တင်ဘာ၊

လီစန်ဒရို မာတီနက်ဇ်နဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ အဆိုပါ ကစားသမားတွေကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အမြားသုံးရမှာ ဖြစ်ပေမဲ့ ယူနိုက်တက် အမှုဆောင်ချုပ် ရစ်ချက် အာနိုးလ်ကတော့ အပြောင်းအရွှေ့မှာ ငွေကြေးကို စဉ်းစားစရာမလိုဘူးလို့ ပြောခဲ့ပါတယ်။

ZAWGYI: သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ပေါင် သန်း၄၀နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၂နှစ်သားဟာ ယမန်နှစ်ရာသီက ယူနိုက်တက်နည်းပြသစ် တန်ဟက်လက်အောက် အေဂျက်စ်မှာ ၁၂ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။