အီတလီသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ ဘိုလော့ညာအသင်းရဲ့ ခံစစ်အစွန်လူ အာရွန် ဟစ်ကီးကို ပေါင် ၂၁.၇၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် အတော်လေး နီးစပ်တဲ့အနေအထားမှာ ရှိနေကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့်ကစားသမားအနေနဲ့ သူ့အသက် ၁၇ နှစ်ကတည်းက စကော့တလန်ကလပ် ဟာ့ထ်စ်အသင်းကနေ ဘိုလော့ညာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးရီးအေကလပ်အတွက် ၄၈ ပွဲအထိ ကစားပေးခဲ့ပြီးဖြစ်သလို သွင်းဂိုး ၅ ဂိုးလည်း သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

စကော့တလန်လက်ရွေးစင်ကစားသမားအနေနဲ့ လီဗာပူးလ်အသင်းရဲ့နောက်ခံလူ အန်ဒရူး ရောဘတ်ဆန်နဲ့ နှိုင်းယှဉ်ခံနေရတာဖြစ်ပြီး သူက တိုက်စစ်အားသန် ဘယ်နောက်ခံလူဖြစ်သလို ခံစစ်အစွန်လူနေရာအတွက် ပြိုင်ဆိုင်ရတာများပေမယ့် နိုင်ငံလက်ရွေးစင်အသင်းကြီးအတွက် ၃ ပွဲကစားပေးခဲ့ပြီးဖြစ်ပါတယ်။ ကီရန် တီယာနီအနေနဲ့ အဆိုပါနေရာအတွက် ပြိုင်ဆိုင်နေရတဲ့ နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဆဲလ်တစ်အသင်းခေါင်းဆောင်ဟောင်းအနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် မီခဲလ် အာတီတာရဲ့ အာဆင်နယ်အသင်းမှာပါ ပွဲကစားခွင့်နည်းပါးလာခဲ့တာဖြစ်ပါတယ်။

တီယာနီအနေနဲ့ ဂန်းနားတို့ဆီကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အလျင်အမြန်အံဝင်ခဲ့ပြီး အထင်ကြီးစရာစွမ်းဆောင်ရည်တွေကို ကြံ့ခိုင်မှုပြည့်နေတုန်းက ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း တစ်ရာသီကို ပျမ်းမျှ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Gazzetta Dello Sport သတင်းဌာနကတော့ ဟစ်ကီးရဲ့အပြောင်းအရွှေ့က အတော်လေးဖြစ်လာနိုင်ပြီး အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၁.၇၅ သန်းဝန်းကျင် ကမ်းလှမ်းထားပြီးဖြစ်ကြောင်း အခိုင်အမာဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်တုန်းက အဆင့် ၄ အတွင်း မဝင်နိုင်ခဲ့ပြီးနောက် အသင်းရဲ့ မန်နေဂျာ အာတီတာကတော့ ဒီနှစ်နွေမှာ ပြောင်းရွှေ့ကြေး အကန့်အသတ်နဲ့သာ ရရှိနိုင်မှာဖြစ်ပါတယ်။ စပိန်သားအနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့အတွက် ဦးစားပေးအနေနဲ့ သတ်မှတ်ထားပြီး မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကတော့ သူ့စာရင်းမှာ ထိပ်ဆုံးက ရှိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ကွင်းလယ်ဗဟိုကစားသမားနေရာကလည်း အာတီတာအတွက် နောက်ထပ်ရှာဖွေနေရတဲ့ နေရာတစ်ခုဖြစ်ပြီး လက်စ်တာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ယူရီ တီးလီးမန်းစ်က အသင်းရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရယူနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဟစ်ကီးကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဘယ်နောက်ခံလူနေရာမှာတင် စကော့တလန်သား ၂‌ ယောက်ကို ထားရှိပြီးသား ဖြစ်သွားမှာဖြစ်သလို တီယာနီ မကစားနိုင်ချိန်မှာလည်း နောက်ထပ် စကော့သားနဲ့ အစားထိုးနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂန်းနားတို့အနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် တီယာနီ မကစားနိုင်ချိန်မှာ နူနို တာဗာရက်စ်ကို အသုံးပြုနေရပြီး ပေါ်တူဂီသားရဲ့ ပရီးမီးယားလိဂ်နဲ့ အံမဝင်လှတဲ့ ပုံစံကြောင့် ဘယ်နောက်ခံလူတစ်ဦး ထပ်ရှာဖွေနေရတာဖြစ်သလို ကွင်းလယ်လူ ဂရာနစ် ဂျာကာကိုတောင် ဘယ်နောက်ခံလူအဖြစ် ဆင်းကစားခိုင်းနေရတာပါ။ တီယာနီမပါဝင်နိုင်တဲ့အတောအတွင်း ဘယ်နောက်ခံလူနေရာမှာ ဂျာကာ၊ မနှစ်က ဘိုလော့ဂ်ညာအသင်းကနေပဲ ခေါ်ယူထားနိုင်ခဲ့တဲ့ စွယ်စုံရနောက်ခံလူ တာကီဟဲရို တိုမီယာဆုနဲ့ ညာနောက်ခံလူ ဆက်ဒရစ် ဆွာရက်စ်တို့ကို တာဗာရက်စ်ထက် ဦးစားပေးအသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ZAWGYI: အီတလီသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ ဘိုလော့ညာအသင်းရဲ့ ခံစစ်အစွန်လူ အာရွန် ဟစ်ကီးကို ပေါင် ၂၁.၇၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် အတော်လေး နီးစပ်တဲ့အနေအထားမှာ ရှိနေကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့်ကစားသမားအနေနဲ့ သူ့အသက် ၁၇ နှစ်ကတည်းက စကော့တလန်ကလပ် ဟာ့ထ်စ်အသင်းကနေ ဘိုလော့ညာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးရီးအေကလပ်အတွက် ၄၈ ပွဲအထိ ကစားပေးခဲ့ပြီးဖြစ်သလို သွင်းဂိုး ၅ ဂိုးလည်း သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။