ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ်ချ်အနေနဲ့ ပွဲကစားခွင့်ပိုမိုရရှိချင်နေတဲ့ အချက်ကို အခွင့်ကောင်းယူကာ အေစီမီလန်အသင်းနဲ့ ယူဗင်တပ်စ်အသင်းတို့အနေနဲ့ သူ့ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လာကြကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမားအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ သောမက်စ် တူဟယ်လ်ရဲ့လက်အောက်မှာ ပုံမှန်ပွဲကစားခွင့်အတွက် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲသာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက သူ့အနေနဲ့ ချဲလ်ဆီးအသင်းကနေ ထွက်ခွါသွားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး အီဒင် ဟာဇက်ရဲ့ နေရာအတွက် အစားထိုးမှုတစ်ရပ်အဖြစ် ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ Daily Mail သတင်းဌာနရဲ့အဆိုအရ အေစီမီလန်အသင်းနဲ့ ယူဗင်တပ်စ်အသင်းတို့အနေနဲ့ ပူလီဆစ်ချ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြပေမယ့် အောက်ကြေးနှိုက်ချင်နေကြတာလည်း ဖြစ်ပါတယ်။

ပူလီဆစ်ချ်ကို ခေါ်ယူလိုက်တာက အီတာလျံကလပ်တွေအတွက်တော့ ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်ပြီး အသက် ၂၀ ကျော်ခါစကတည်းက အတွေ့အကြုံပေါင်းများစွာကို ရရှိခဲ့ပြီးသား ကစားသမားလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက အမေရိကန်လက်ရွေးစင်ကစားသမားအနေနဲ့ ကလပ်အသင်းပွဲစဉ် ၂၀၀ ကျော်အထိ ကစားထားခဲ့ပြီး ချန်ပီယံလိဂ်ချန်ပီယံဆုကိုလည်း ချဲလ်ဆီးအသင်းနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ အမေရိကန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူနေရတာဖြစ်ပြီး နိုင်ငံလက်ရွေးစင်အသင်းကြီးအတွက် ၄၉ ပွဲအတွင်း ၂၁ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ပူလီဆစ်ချ်က “အခုလောက်ကတော့ ကျွန်တော့်အနေနဲ့ ဒီမှာလုပ်နေတာတွေကိုပဲ အာရုံစိုက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ပြီးတော့ ဒီမှာ ရှိနေရတာအတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ ဟုတ်ပါတယ်။ ဒါပါပဲ”

“ဒါပေါ့။ ကျွန်တော့်အနေနဲ့ ပွဲကစားချိန်ပိုပြီးရချင်တာပေါ့။ ကျွန်တော့်အနေနဲ့ ကွင်းထဲမှာ ကျွန်တော်ကစားနိုင်သလောက် ဆက်ကစားချင်ပြီး ကျွန်တော်လုပ်နိုင်သမျှ အထက်မြက်ဆုံးပုံစံကို လုပ်ချင်သလို ကြံ့ခိုင်မှုအပြည့်နဲ့ ရှိနိုင်သလောက် ရှိချင်ပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော့်အနေနဲ့ ပွဲအများကြီး ရရှိနေခဲ့တုန်းပါပဲ။ ဒါပေမယ့်လည်း ဒါဟာ ကျွန်တော့်အနေနဲ့ အမြဲတမ်းအလုပ်လုပ်နေပြီး ကလပ်အသင်းအဆင့်မှာ ပုံမှန်လေး ကစားနိုင်ဖို့နဲ့ နိုင်ငံအသင်းရောက်လာချိန်မှာ အကောင်းဆုံးအနေအထားကို ရှိနေနိုင်ဖို့အတွက် ကြိုးစားနေတဲ့အရာပါပဲ”လို့ ပြောလာခဲ့ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ်ချ်အနေနဲ့ ပွဲကစားခွင့်ပိုမိုရရှိချင်နေတဲ့ အချက်ကို အခွင့်ကောင်းယူကာ အေစီမီလန်အသင်းနဲ့ ယူဗင်တပ်စ်အသင်းတို့အနေနဲ့ သူ့ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လာကြကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမားအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ သောမက်စ် တူဟယ်လ်ရဲ့လက်အောက်မှာ ပုံမှန်ပွဲကစားခွင့်အတွက် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲသာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။