မန်ချက်စတာယူနိုက်တက်နဲ့ ခရစ်စတယ်ပဲလေ့စ်တို့နဲ့ သူ့အသင်းရဲ့ ရာသီကြိုပထမနှစ်ပွဲလုံးမှာ အထင်ကြီးအောင်လုပ်ဖို့ပျက်ကွက်ခဲ့တဲ့ ဒါဝင်နူညက်စ်အတွက် လီဗာပူးကဘဝသစ်မှာ ခက်ခဲကြမ်းတမ်းတဲ့စတင်မှုတခုဖြစ်ခဲ့ပါတယ်။ လီဗာပူးတို့ရဲ့ရာသီကြိုအဖွင့်နှစ်ပွဲမှာရုန်းကန်ခဲ့ရပြီးနောက် သူရင်ဆိုင်နေရတဲ့ဝေဖန်မှုတွေကို ဒါဝင်နူညက်စ်က တုံ့ပြန်လိုက်ပါတယ်။ အင်္ဂါနေ့၊ ဘန်ကောက်က မန်ယူတို့ကို ၄-၀ နဲ့ရှုံးခဲ့တဲ့ရာသီကြိုပွဲမှာ နောက်ဆုံးမိနစ် ၃၀ ကို ဥရုဂွေးသားကစားခဲ့ရပြီး ခရစ်စတယ်ပဲလေ့စ်တို့ကို ၂-၀ နဲ့နိုင်တဲ့ စင်ကာပူကပွဲမှာတော့ ဒုတိယပိုင်းအစမှာလဲတဲ့ ဒုတိယအသင်းအဖြစ် ဝင်ကစားခဲ့ပါတယ်။

သို့သော်လည်း နာရီဝက်မပြည့်ခင်မှာပဲ နောက်တသင်းထပ်လဲတဲ့အခါ ဆာလာနဲ့ကာဗယ်လ်ဟိုကိုပဲချန်ထားပြီး ကျန်ကစားသမားများနဲ့အတူ သူ့ကိုလည်းထည့်လဲခဲ့ပါတယ်။ မန်ယူတို့နဲ့ပွဲတုန်းက ဆာလာရဲ့ကန်သွင်းချက် တိုင်ထိထွက်လာပြီးနောက် သူ့ရှေ့တည့်တည့်ကိုကျပြီး ၈ ကိုက် အနီးကပ်အပိုင်လုံးတလုံးကို နူညက်စ်လွဲချော်ခဲ့ပါတယ်။ နောက်တခါလည်း ပွဲပြီးခါနီးမှာ half volley တလုံးအပိုင်ရခဲ့ပေမဲ့ တွမ်ဟီတန်က ပိုင်ပိုင်နိုင်နိုင်ကာကွယ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့တရားမဝင်ပွဲဦးထွက်က စိတ်ပျက်စရာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ပဲလေ့စ်တို့နဲ့ပွဲမှာတော့ သူတိုးတက်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေ ရှိခဲ့ပေမဲ့လည်း အဲဒီပွဲမှာလည်း တခါထပ်ပြီးပျက်ကွက်ခဲ့ပြန်ပါတယ်။ ထရန့်အလက်စ်ဇန်းဒါးအာနိုးလ်ရဲ့ နောက်ပြန်ချိုးပေးတဲ့ အပိုင်အခွင့်အရေးတခုကို သူထပ်လွဲချော်ခဲ့ပြန်ပါတယ်၊ ဒါပေမဲ့ သူ့ဘက်ကပြောရရင်တော့ ဒီခရော့စ်မှာ ဒီဖလက်ရှင်နည်းနည်းရှိခဲ့တာကြောင့် သူက ခြေထောက်ကို ပြန်ချိန်ညှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။ နူညက်စ်ရဲ့ပေးပို့မှုကလည်း ကီးလွဲနေခဲ့ပြီး ပြိုင်ဘက်အသင်းဖန်တွေရဲ့ အကွက်ဆိုက်ခဲ့ပါတယ်။

အသင်းဖော်ကို ခေါင်းတိုက်ချပေးဖို့ကြိုးစားပေမဲ့ ပဲလေ့စ်ကစားသမားဆီရောက်သွားတဲ့ သူ့ရဲ့ညံ့ဖျင်းတဲ့ပေးပို့မှု၊ ပျင်းရိပျင်းတွဲဖောင်းတခု၊ ကစားကွက်ပျက်သွားတဲ့ပေးပို့မှုတခု စတာတွေစုစည်းထားတဲ့ ကွန်ပီလေးရှင်းတခု တွစ်တာပေါ်မှာ အတင်ခံရပြီး မျှဝေသူများနဲ့စည်ကားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကမှ ဘင်ဖီကာကနေ ပေါင် ၆၄ သန်းနဲ့ပြောင်းလာပြီး ပြိုင်ဆိုင်မှုပါဝင်တဲ့ပွဲလည်း တပွဲမှမကစားရသေးပေမဲ့လည်း သူ့အပေါ်မှာကျရောက်လာတဲ့ ပြင်းထန်တဲ့ဝေဖန်ကဲ့ရဲ့မှုတွေကို သူကကောင်းစွာသတိပြုမိပါတယ်။

ခရစ်စတယ်ပဲလေ့စ်ပွဲတုန်းကပုံအချို့ကို နှုတ်ခမ်းကိုလက်ညှိုးနဲ့ပိတ်ထားတဲ့ ရှူးတိုးတိုး အီမိုဂျီနဲ့ နားကိုလက်ညှိုးထိုးထားတဲ့အီမိုဂျီတွေနဲ့ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာတင်ခဲ့သလို တွစ်တာမှာလည်း ရှူးတိုးတိုးအီမိုဂျီနဲ့အတူ resilience ဆိုတဲ့ကပ်ပရှင်နဲ့အတူ တင်ထားခဲ့ပါတယ်။ သူ့ကစားသမားရရှိနေတဲ့ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ပတ်သတ်ပြီး လီဗာပူးဘော့စ်ကလော့ကို သတင်းထောက်တွေကမေးတဲ့အခါ ကလော့က “ကျေနာ်ကတော့ဖြင့် လုံးဝကို စိတ်ပူပန်မနေပါဘူး။ နူညက်စ်အပေါ်က အထွေထွေဝေဖန်ဆုံးဖြတ်မှုတွေဟာ ကျနော်တို့အတွက် စိတ်ဝင်စားမှုဇီးရိုးပါ။ ဒါက ဒီလိုမျိုးဖြစ်လာမှာပဲဖြစ်ပြီး ဒါကို ကျနော်တို့သိပြီးသားပါ။”

“ကစားသမားတယောက်က ကောင်းကောင်းလုပ်မနေတဲ့ အခြေအနေအချို့တွေကို ကောက်နှုတ်ဝေဖန်ဖို့ အချို့လူတွေအတွက် ဂိမ်းတခု သို့မဟုတ် ပြက်လုံးတခုသဘောမျိုးပါပဲ။ ဒါဟာ အခြားကလပ်တွေရဲ့ဖန်တွေဆီက ဂိမ်းတခုမျှသာဖြစ်ပြီး ဒါကပုံမှန်သဘာဝပါပဲ။ မန်ချက်စတာယူနိုက်တက်တို့ရဲ့ခေါ်ယူမှုတွေကို ကျနော်တို့ဖန်တွေကလည်း အလားတူ လုပ်ကောင်းလုပ်မှာပါပဲ။ ဒါကို အလေးအနက်ကြီး ကျနော်တို့သဘောထားနေလို့ မရပါဘူး။” လို့ ဆိုပါတယ်။ ပဲလေ့စ်နဲ့ပွဲအပြီးမှာ လူသစ်နှစ်ဦးဖြစ်တဲ့ နူညက်စ်နဲ့ ဖေဘီယိုကာဗယ်လ်ဟိုတို့ရဲ့ပါဖောမန့်နဲ့ပတ်သတ်ပြီး ဘော့စ်ကို အမေးခံခဲ့ရပါတယ်။

“သူတို့ကောင်းခဲ့ပါတယ်၊ တကယ်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတပွဲပြီးနောက် တကိုယ်တော်ကစားသမားတွေနဲ့ပတ်သတ်ပြီးပြောရတာ အမြားကွီးအဓိပ်ပါယျရှိတယျလို့ မထင်မိပါဘူး၊ မှန်တာပြောရရင်၊ ဘာကြောင့်လဲဆိုတော့ ကျနော်က အတိအကျ သေချာမနေလို့ပါ၊ ဒါပေမဲ့ ဒီနေ့ညကျနော်တို့သုံးခဲ့တဲ့ ကစားသမား ၃၂ ယောက်ဝန်းကျင်ရှိတယ်ထင်ပြီး သူတို့အားလုံးကို ကျေနာ်နှစ်သက်ပါတယ်၊ သူတို့လုပ်ခဲ့တာတွေကို နှစ်သက်ပါတယ်၊ တကယ်ပါ။” လို့ ဂျာမန်သားက ဖြေပေးခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်နဲ့ ခရစ်စတယ်ပဲလေ့စ်တို့နဲ့ သူ့အသင်းရဲ့ ရာသီကြိုပထမနှစ်ပွဲလုံးမှာ အထင်ကြီးအောင်လုပ်ဖို့ပျက်ကွက်ခဲ့တဲ့ ဒါဝင်နူညက်စ်အတွက် လီဗာပူးကဘဝသစ်မှာ ခက်ခဲကြမ်းတမ်းတဲ့စတင်မှုတခုဖြစ်ခဲ့ပါတယ်။ လီဗာပူးတို့ရဲ့ရာသီကြိုအဖွင့်နှစ်ပွဲမှာရုန်းကန်ခဲ့ရပြီးနောက် သူရင်ဆိုင်နေရတဲ့ဝေဖန်မှုတွေကို ဒါဝင်နူညက်စ်က တုံ့ပြန်လိုက်ပါတယ်။ အင်္ဂါနေ့၊ ဘန်ကောက်က မန်ယူတို့ကို ၄-၀ နဲ့ရှုံးခဲ့တဲ့ရာသီကြိုပွဲမှာ နောက်ဆုံးမိနစ် ၃၀ ကို ဥရုဂွေးသားကစားခဲ့ရပြီး ခရစ်စတယ်ပဲလေ့စ်တို့ကို ၂-၀ နဲ့နိုင်တဲ့ စင်ကာပူကပွဲမှာတော့ ဒုတိယပိုင်းအစမှာလဲတဲ့ ဒုတိယအသင်းအဖြစ် ဝင်ကစားခဲ့ပါတယ်။

သို့သော်လည်း နာရီဝက်မပြည့်ခင်မှာပဲ နောက်တသင်းထပ်လဲတဲ့အခါ ဆာလာနဲ့ကာဗယ်လ်ဟိုကိုပဲချန်ထားပြီး ကျန်ကစားသမားများနဲ့အတူ သူ့ကိုလည်းထည့်လဲခဲ့ပါတယ်။ မန်ယူတို့နဲ့ပွဲတုန်းက ဆာလာရဲ့ကန်သွင်းချက် တိုင်ထိထွက်လာပြီးနောက် သူ့ရှေ့တည့်တည့်ကိုကျပြီး ၈ ကိုက် အနီးကပ်အပိုင်လုံးတလုံးကို နူညက်စ်လွဲချော်ခဲ့ပါတယ်။ နောက်တခါလည်း ပွဲပြီးခါနီးမှာ half volley တလုံးအပိုင်ရခဲ့ပေမဲ့ တွမ်ဟီတန်က ပိုင်ပိုင်နိုင်နိုင်ကာကွယ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့တရားမဝင်ပွဲဦးထွက်က စိတ်ပျက်စရာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ပဲလေ့စ်တို့နဲ့ပွဲမှာတော့ သူတိုးတက်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေ ရှိခဲ့ပေမဲ့လည်း အဲဒီပွဲမှာလည်း တခါထပ်ပြီးပျက်ကွက်ခဲ့ပြန်ပါတယ်။ ထရန့်အလက်စ်ဇန်းဒါးအာနိုးလ်ရဲ့ နောက်ပြန်ချိုးပေးတဲ့ အပိုင်အခွင့်အရေးတခုကို သူထပ်လွဲချော်ခဲ့ပြန်ပါတယ်၊ ဒါပေမဲ့ သူ့ဘက်ကပြောရရင်တော့ ဒီခရော့စ်မှာ ဒီဖလက်ရှင်နည်းနည်းရှိခဲ့တာကြောင့် သူက ခြေထောက်ကို ပြန်ချိန်ညှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။ နူညက်စ်ရဲ့ပေးပို့မှုကလည်း ကီးလွဲနေခဲ့ပြီး ပြိုင်ဘက်အသင်းဖန်တွေရဲ့ အကွက်ဆိုက်ခဲ့ပါတယ်။

အသင်းဖော်ကို ခေါင်းတိုက်ချပေးဖို့ကြိုးစားပေမဲ့ ပဲလေ့စ်ကစားသမားဆီရောက်သွားတဲ့ သူ့ရဲ့ညံ့ဖျင်းတဲ့ပေးပို့မှု၊ ပျင်းရိပျင်းတွဲဖောင်းတခု၊ ကစားကွက်ပျက်သွားတဲ့ပေးပို့မှုတခု စတာတွေစုစည်းထားတဲ့ ကွန်ပီလေးရှင်းတခု တွစ်တာပေါ်မှာ အတင်ခံရပြီး မျှဝေသူများနဲ့စည်ကားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကမှ ဘင်ဖီကာကနေ ပေါင် ၆၄ သန်းနဲ့ပြောင်းလာပြီး ပြိုင်ဆိုင်မှုပါဝင်တဲ့ပွဲလည်း တပွဲမှမကစားရသေးပေမဲ့လည်း သူ့အပေါ်မှာကျရောက်လာတဲ့ ပြင်းထန်တဲ့ဝေဖန်ကဲ့ရဲ့မှုတွေကို သူကကောင်းစွာသတိပြုမိပါတယ်။

ခရစ်စတယ်ပဲလေ့စ်ပွဲတုန်းကပုံအချို့ကို နှုတ်ခမ်းကိုလက်ညှိုးနဲ့ပိတ်ထားတဲ့ ရှူးတိုးတိုး အီမိုဂျီနဲ့ နားကိုလက်ညှိုးထိုးထားတဲ့အီမိုဂျီတွေနဲ့ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာတင်ခဲ့သလို တွစ်တာမှာလည်း ရှူးတိုးတိုးအီမိုဂျီနဲ့အတူ resilience ဆိုတဲ့ကပ်ပရှင်နဲ့အတူ တင်ထားခဲ့ပါတယ်။ သူ့ကစားသမားရရှိနေတဲ့ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ပတ်သတ်ပြီး လီဗာပူးဘော့စ်ကလော့ကို သတင်းထောက်တွေကမေးတဲ့အခါ ကလော့က ကျေနာ်ကတော့ဖြင့် လုံးဝကို စိတ်ပူပန်မနေပါဘူး။ နူညက်စ်အပေါ်က အထွေထွေဝေဖန်ဆုံးဖြတ်မှုတွေဟာ ကျနော်တို့အတွက် စိတ်ဝင်စားမှုဇီးရိုးပါ။ ဒါက ဒီလိုမျိုးဖြစ်လာမှာပဲဖြစ်ပြီး ဒါကို ကျနော်တို့သိပြီးသားပါ။

ကစားသမားတယောက်က ကောင်းကောင်းလုပ်မနေတဲ့ အခြေအနေအချို့တွေကို ကောက်နှုတ်ဝေဖန်ဖို့ အချို့လူတွေအတွက် ဂိမ်းတခု သို့မဟုတ် ပြက်လုံးတခုသဘောမျိုးပါပဲ။ ဒါဟာ အခြားကလပ်တွေရဲ့ဖန်တွေဆီက ဂိမ်းတခုမျှသာဖြစ်ပြီး ဒါကပုံမှန်သဘာဝပါပဲ။ မန်ချက်စတာယူနိုက်တက်တို့ရဲ့ခေါ်ယူမှုတွေကို ကျနော်တို့ဖန်တွေကလည်း အလားတူ လုပ်ကောင်းလုပ်မှာပါပဲ။ ဒါကို အလေးအနက်ကြီး ကျနော်တို့သဘောထားနေလို့ မရပါဘူး။ လို့ ဆိုပါတယ်။ ပဲလေ့စ်နဲ့ပွဲအပြီးမှာ လူသစ်နှစ်ဦးဖြစ်တဲ့ နူညက်စ်နဲ့ ဖေဘီယိုကာဗယ်လ်ဟိုတို့ရဲ့ပါဖောမန့်နဲ့ပတ်သတ်ပြီး ဘော့စ်ကို အမေးခံခဲ့ရပါတယ်။

သူတို့ကောင်းခဲ့ပါတယ်၊ တကယ်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတပွဲပြီးနောက် တကိုယ်တော်ကစားသမားတွေနဲ့ပတ်သတ်ပြီးပြောရတာ အမြားကွီးအဓိပ်ပါယျရှိတယျလို့ မထင်မိပါဘူး၊ မှန်တာပြောရရင်၊ ဘာကြောင့်လဲဆိုတော့ ကျနော်က အတိအကျ သေချာမနေလို့ပါ၊ ဒါပေမဲ့ ဒီနေ့ညကျနော်တို့သုံးခဲ့တဲ့ ကစားသမား ၃၂ ယောက်ဝန်းကျင်ရှိတယ်ထင်ပြီး သူတို့အားလုံးကို ကျေနာ်နှစ်သက်ပါတယ်၊ သူတို့လုပ်ခဲ့တာတွေကို နှစ်သက်ပါတယ်၊ တကယ်ပါ။ လို့ ဂျာမန်သားက ဖြေပေးခဲ့ပါတယ်။