မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့အနေနဲ့ ပီအက်စ်ဗွီအသင်းရဲ့ ကွင်းလယ်ကစားသမား အီဘရာဟီမာ ဆန်ဂါရီကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် ဆန္ဒရှိနေကြကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားအနေနဲ့ ဒတ်ချ်ကလပ်ကို ၂၀၂၀ ပြည့်နှစ်တုန်းက ပြင်သစ်ကလပ် တူးလော့စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်ပါလျော်ကြေးအဖြစ် ပေါင်သန်း ၃၀ ဝန်းကျင်ရှိမယ်လို့ မျှော်မှန်းထားရတာဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတဲ့ အိုင်ဗရီကို့စ်သားအနေနဲ့ ကွင်းလယ်ကစားသမား အင်အားဖြည့်တင်းလိုနေတဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့နဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ Sky Sports သတင်းဌာနရဲ့ဖော်ပြချက်အရ ဆန်ဂါရီအနေနဲ့ ပရီးမီးယားလိဂ်ကို အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် ဆန္ဒရှိနေပြီး နောက်နှစ်ဘောလုံးရာသီမှာ အင်္ဂလန်ရဲ့အဆင့်အမြင့်ဆုံးလိဂ်မှာ ကစားနေရလိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေလည်း ရှိနေခဲ့တာပါ။

ဆန်ဂါရီအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပီအက်စ်ဂျီအသင်းအတွက် အဓိက,ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပွဲပေါင်း ၄၉ ပွဲအထိ ကစားပေးခဲ့သလို ဒတ်ချ်ပြည်တွင်းဖလားရခဲ့ချိန်မှာ ဒတ်ချ်ပြည်တွင်းအမှတ်ပေးလိဂ်မှာလည်း အိုင်းယက်စ်အသင်းရဲ့နောက် ဒုတိယနေရာကနေသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကွင်းလယ်အထိုင်ကစားသမားတွေဖြစ်တဲ့ နီမန်ယာ မာတစ်ချ်နဲ့ ပေါလ် ပေါ့ဂ်ဘာတို့ကို လက်လွှတ်ထားရတာကြောင့် ကွင်းလယ်ကစားသမားသစ်တွေကို ရှာဖွေနေပြီး ဒီထဲမှာ ဆန်ဂါရီလည်းပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန် ရိုက်စ်တို့ကိုလည်း ခေါ်ယူဖို့အတွက် ပစ်မှတ်ထားတာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ခံစစ်အားသန်တဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဆန်ဂါရီကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချဲလ်ဆီးအသင်းရဲ့ အရေးကြီးတဲ့အချိန်တွေမှာ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အန်ဂိုလို ကွန်တေရဲ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားလို့ ယူဆထားနိုင်တာလည်း ဖြစ်ပါတယ်။ ပြင်သစ်သားရဲ့ ပျက်ကွက်မှုတွေကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချဲလ်ဆီးအသင်း ထင်သလောက်မဖြစ်ထွန်းခဲ့ရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့မှာလည်း ချန်ပီယံဖြစ်ခွင့်မရခဲ့တာဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့အနေနဲ့ ပီအက်စ်ဗွီအသင်းရဲ့ ကွင်းလယ်ကစားသမား အီဘရာဟီမာ ဆန်ဂါရီကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် ဆန္ဒရှိနေကြကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားအနေနဲ့ ဒတ်ချ်ကလပ်ကို ၂၀၂၀ ပြည့်နှစ်တုန်းက ပြင်သစ်ကလပ် တူးလော့စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်ပါလျော်ကြေးအဖြစ် ပေါင်သန်း ၃၀ ဝန်းကျင်ရှိမယ်လို့ မျှော်မှန်းထားရတာဖြစ်ပါတယ်။