မက်ဆီ-အမ်ဘက်ပီ-မော်ရင်ညို အမ်သုံးလုံးလား? ပီအက်စ်ဂျီတို့က လက်ရှိဘော့စ်ပိုချက်တီနိုကို လာမယ့်ရက်ပိုင်းအတွင်း အလုပ်ထုတ်ဖို့ပြင်ဆင်နေပြီး သူ့နေရာမှာ ရိုးမားဘော့စ်မော်ရင်ညိုနဲ့အစားထိုးဖို့ ကြံစည်နေကြပါတယ်။ ရိုးမားတို့အတွက် ဥရောပအောင်မြင်မှု ရအောင်ယူပေးနိုင်ခဲ့တဲ့မော်ရင်ညိုကို ချန်ပီယံလိဂ်ဖလား အသည်းအသန်လိုချင်နေတဲ့ပီအက်စ်ဂျီဘော့စ်တွေက မျက်စိကျသွားတာဖြစ်ပါတယ်။

ပါရီစိန့်ဂျာမန်းမှာ မော်ရီစီယိုပိုချက်တီနိုကိုအစားထိုးဖို့ အံ့အားသင့်စရာရွေးချယ်စရာအဖြစ် ဟိုဆေးမော်ရင်ညိုပေါ်ထွက်လာနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လိဂ်ဝမ်းချန်ပီယံဖြစ်ခဲ့ပေမဲ့လည်း စပါးဘော့စ်ဟောင်းပိုချက်တီနိုရဲ့ ပါရီကအနာဂါတ်ဟာ ကြီးမားတဲ့သံသယတခုထဲမှာရှိနေပါတယ်။

မျှော်မှန်းထားတဲ့အတိုင်း ပိုချက်တီနိုကိုထုတ်ပယ်ပြီးသွားပြီဆိုရင် ပါရီကအလုပ်အတွက် ထိပ်ဆုံးကယှဉ်ပြိုင်သူအဖြစ် မော်ရင်ညိုဖြစ်နေတယ်လို့ သတင်းများအရသိရပါတယ်။ နောက်ဆုံးမှာတော့ သူတို့လိုချင်လွန်းလှတဲ့ ချန်ပီယံလိဂ်ဖလားကိုအနိုင်ရဖို့ အကောင်းအဆုံးအခွင့်အလန်း သူတို့ကိုပေးနိုင်မယ်လို့ယုံကြည်တဲ့ ဘော့စ်အသစ်တယောက်ကို ပီအက်စ်ဂျီအကြီးအကဲတွေက လိုချင်နေတာပါ။

မော်ရင်ညိုကတော့ ဒီပြိုင်ပွဲမှာ ပေါ်တိုနဲ့ အင်တာမီလန်တို့နဲ့အတူ အောင်ပွဲရရှိခဲ့ဖူးပါတယ်။ ပြင်သစ်ကလပ်ရဲ့ မေဂျာပစ်မှတ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ပီအက်စ်ဂျီတို့ အမှန်တကယ်လိုချင်ခဲ့တာကတော့ ဇီနက်ဒင်းဒီဒန်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဆောင်းရာသီကာတာကမ္ဘာ့ဖလားပြီးရင် ပြင်သစ်နိုင်ငံအသင်းရဲ့ လက်ရှိမန်နေဂျာ ဒီဒီယာဒေးရွှမ်းရဲ့နေရာမှာ သူ့ကိုအစားထိုးဖို့ ဇီဒန်းကိုပစ်မှတ်ထားထားတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့ကြောင့်မို့ ပီအက်စ်ဂျီတို့ရဲ့ နံပါတ်တစ်ပစ်မှတ်က မော်ရင်ညိုဆီကိုရွေ့လာနိုင်တာဖြစ်ပါတယ်။

မော်ရင်ညိုကတော့ ရိုးမားမှာအောင်မြင်တဲ့တရာသီကို ပြီးမြောက်ခဲ့တာပါ၊ ရိုးမားတို့ကို စီးရီးအေဇယားအဆင့် ၆ နဲ့အဆုံးသတ်စေပြီး ယူအီးအက်ဖ်အေရဲ့ ပထမဆုံးအကြိမ်ယူရိုပါကွန်ဖရင့်လိဂ်မှာလည်း ဖလားရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီလို ဥရောပအီလစ်ကလပ်တခုကိုလာရမယ့်အချက်က မော်ရင်ညိုကို ဆွဲဆောင်ကောင်းဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

အခုတော့ ပီအက်စ်ဂျီတို့က ပိုချက်တီနိုကိုအလုပ်ထုတ်ဖို့ အဆုံးသတ်လုပ်ငန်းတွေလုပ်နေပြီး အားကစားဒါရိုက်တာလီယိုနာဒိုနေရာမှာလည်း လူးဝစ်ကမ်ပိုစ်နဲ့ အစားထိုးခဲ့ပြီး ကွင်းတွင်းကွင်းပြင် အပြောင်းအလဲတွေ အကြီးအကျယ်လုပ်နေပါတယ်။ ပိုချက်တီနိုရဲ့လက်ရှိစာချုပ်က နောက်ရာသီကုန်အထိရှိနေတာဖြစ်ပေမဲ့ အလုပ်ထုတ်ခံရမယ့်သတင်းတွေထွက်နေခဲ့တာ လနဲ့ချီကြာနေခဲ့ပါပြီ။

ZAWGYI: မက်ဆီ-အမ်ဘက်ပီ-မော်ရင်ညို အမ်သုံးလုံးလား? ပီအက်စ်ဂျီတို့က လက်ရှိဘော့စ်ပိုချက်တီနိုကို လာမယ့်ရက်ပိုင်းအတွင်း အလုပ်ထုတ်ဖို့ပြင်ဆင်နေပြီး သူ့နေရာမှာ ရိုးမားဘော့စ်မော်ရင်ညိုနဲ့အစားထိုးဖို့ ကြံစည်နေကြပါတယ်။ ရိုးမားတို့အတွက် ဥရောပအောင်မြင်မှု ရအောင်ယူပေးနိုင်ခဲ့တဲ့မော်ရင်ညိုကို ချန်ပီယံလိဂ်ဖလား အသည်းအသန်လိုချင်နေတဲ့ပီအက်စ်ဂျီဘော့စ်တွေက မျက်စိကျသွားတာဖြစ်ပါတယ်။