ရီရဲမက်ဒရစ်ရဲ့ပြင်သစ်စတား ကာရင်ဘန်ဇီမာရဲ့ ကိုင်လီယန်အမ်ဘာပေကို ရည်ညွှန်းတဲ့ အင်စတာဂရမ်စတိုရီဓာတ်ပုံကတော့ လော့ဘလန်ကို့စ်နဲ့PSGနှစ်ဖက်ပရိတ်သတ်တွေကြားမှာ ပွဲဆူလျှက်ရှိပါတယ်။ သူ့ရဲ့နိုင်ငံအသင်းဖော် သူငယ်ချင်းဖြစ်သူ ကိုင်လီယန်အမ်ဘာပေရဲ့သစ္စာဖောက်ခြင်းခံလိုက်ရတယ်လို့ ယူဆနေဖွယ်ရှိတဲ့ ဘန်ဇီမာဟာ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ လုပ်ကြံခံလိုက်ရလို့ကွယ်လွန်သွားပြီဖြစ်တဲ့ ဟစ်ဟော့လက်ဂျန့်တူးပက်နဲ့ သူ့ကိုသစ္စာဖောက်သွားတဲ့သူငယ်ချင်းတွေရဲ့ဓာတ်ပုံကိုတင်ကာ အရိပ်အမြွက်ချပြသွားခဲ့ပါတယ်။

မနေ့ကရီရဲမက်ဒရစ်ရဲ့အဝတ်လဲခန်းအတွင်းကို ဥက္ကဌပီရက်ဇ်ရောက်လာခဲ့ပြီး ကစားသမားတွေအားလုံးကို အမ်ဘာပေလာမှာမဟုတ်တော့ကြောင်း တရားဝင်အသိပေးပြီးတဲ့နောက်မှာ အသင်းက ကစားသမားတော်တော်များများကဒီလိုမျိုးခံစားချက်အနည်းနဲ့အများခံစားခဲ့ဖွယ်ရှိပေမဲ့ လူမှုကွန်ယက်ပေါ်ထိပေါက်ကွဲခဲ့တာကတော့ ဘန်ဇီမာတဦးသာရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိ ရီရဲမက်ဒရစ်ဆီကိုလာရောက်လိမ့်မယ်လို့ မျှော်လင့်နေခဲ့တဲ့ ဘန်ဇီမာကို အနီးကပ်မှသစ္စာဖောက်သွားခဲ့တာဖြစ်ပြီး မနေ့ညက မက်ဇ်နဲ့ပွဲမှာ အမ်ဘာပေက ဟက်ထရစ်ပါသွင်းယူခဲ့ပြီး ၂၀၂၅ခုနှစ်ဂျာစီကိုပြသပြီးပါရီကလပ်မှာသာ ဆက်လက်ရှိနေတော့မှာဖြစ်ကြောင်း လူကိုယ်တိုင်အသိပေးခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာဟာ ကောင်းကင်ပေါ်ကိုလက်ညှိုးထောင်ပြီးအောင်ပွဲခံနေတဲ့သူ့ရဲ့ပုံကိုလဲတင်ထားခဲ့ပြီး သူ့ရဲ့လက်ညှိးညွှန်ပြနေတဲ့နေရာမှာတော့ မက်ဒရစ်ကလပ်ရဲ့အမှတ်တံဆိပ်ကို ထည့်သွင်းထားကာ ကလပ်သာလျှင်အဓိကဖြစ်ကြောင်းကိုလဲ တနည်းတဖုံပြသသွားခဲ့ပါသေးတယ်။ ရက်ပ်ပါတူးပက် ရှာကာရဲ့ပုံကိုတော့ မည်သည့်အဓိပ္ပာယ်နဲ့တင်ခဲ့သလဲဆိုတာကို အစပိုင်းကပရိတ်သတ်တွေက နားမလည်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဂီတပရိတ်သတ်တွေရဲ့လူမှုကွန်ယက်ပေါ်မှာရေးသားအဓိပ္ပာယ်ဖော်မှုတွေကြောင့် အမ်ဘာပေကိုရည်ရွယ်ကြောင်း သိသွားခဲ့ကြပြီး နှစ်ဖက်ပရိတ်သတ်တွေကြား လူမှုကွန်ယက်ပေါ်မှာ အငြင်းပွားခဲ့ကြတာကိုတွေ့ရပါတယ်။

စပိန်နာမည်ကြီးသတင်းစာမာကာကလဲ အဆိုပါပုံနဲ့ ဘန်ဇီမာရည်ညွှန်းတဲ့ အဓိပ္ပာယ်ကို အခုလိုဖော်ပြသွားခဲ့ပါတယ်။ “ဘန်ဇီမာရဲ့အင်စတာဂရမ်စတိုရီထဲက ပုံတပုံမှာ အမေရိကန်ဟစ်ဟော့လက်ဂျန့် တူးပက်ရှာကာနဲ့ သူ့ရဲ့သူငယ်ချင်းတွေရိုက်ထားခဲ့တဲ့ပုံကိုတင်ထားခဲ့ပြီး ဒီပုံထဲမှာ ရက်ပ်စတားနဲ့လက်ဆွဲနူတ်ဆက်နေတာက သရုပ်ဆောင် စတီဖင်ဘော့ဝင်ဖြစ်ပါတယ်။”

“ဒီပုံကိုကြည့်ရုံနဲ့တော့ ပရိတ်သတ်တွေက ဟစ်ဟော့ယဉ်ကျေးမှုနဲ့သမိုင်းတွေကို မသိရင်နားလည်ကြမှာမဟုတ်ပဲ ဒီဖြစ်ရပ်က စတီဗင်ဘော့ဝင်နဲ့လဲဘာမှမဆိုင်ပါဘူး။ ပုံကိုသေချာကြည့်မယ်ဆိုရင် တူးပက်ရဲ့နောက်မှာရှိနေတဲ့ သူ့ရဲ့သူငယ်ချင်တွေထဲက ကင်မရာကိုလှမ်းကြည့်နေခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူက သူ့ကိုသစ္စာဖောက်ပြီး အမေရိကန်ရက်ပ်စတားကို လုပ်ကြံသွားခဲ့တာဖြစ်ပါတယ်။”

“ဒီပုံကို အကြောင်းမဲ့တင်ထားမဟုတ်ပဲ အချိန်အခါလိုက်ပြီးတင်ထားတဲ့ ဘန်ဇီမာရဲ့ ရည်ရွယ်ရင်းက အမ်ဘာပေအပြင်မရှိပဲ သူဘယ်လောက်တောင်ခံစားနေရသလဲဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ တကယ်လို့သာ ကာတာကမ္ဘာ့ဖလားမှာ ဒီနှစ်ယောက်တွဲဖက်ပြီး ပြင်သစ်တိုက်စစ်မှာ အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ဦးဆောင်ပါဝင်ချင်တယ်ဆိုရင်တော့ အမ်ဘာပေဘက်ကနေ ဘန်ဇီမာကို တစုံတရာဖြောင်းဖျနှစ်သိမ့်ဖြေရှင်းဖို့ရန်လိုအပ်နေပြီ” လို့မာကာကရေးသားသွားခဲ့ပါတယ်။

ZAWGYI: ရီရဲမက်ဒရစ်ရဲ့ပြင်သစ်စတား ကာရင်ဘန်ဇီမာရဲ့ ကိုင်လီယန်အမ်ဘာပေကို ရည်ညွှန်းတဲ့ အင်စတာဂရမ်စတိုရီဓာတ်ပုံကတော့ လော့ဘလန်ကို့စ်နဲ့PSGနှစ်ဖက်ပရိတ်သတ်တွေကြားမှာ ပွဲဆူလျှက်ရှိပါတယ်။ သူ့ရဲ့နိုင်ငံအသင်းဖော် သူငယ်ချင်းဖြစ်သူ ကိုင်လီယန်အမ်ဘာပေရဲ့သစ္စာဖောက်ခြင်းခံလိုက်ရတယ်လို့ ယူဆနေဖွယ်ရှိတဲ့ ဘန်ဇီမာဟာ သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ လုပ်ကြံခံလိုက်ရလို့ကွယ်လွန်သွားပြီဖြစ်တဲ့ ဟစ်ဟော့လက်ဂျန့်တူးပက်နဲ့ သူ့ကိုသစ္စာဖောက်သွားတဲ့သူငယ်ချင်းတွေရဲ့ဓာတ်ပုံကိုတင်ကာ အရိပ်အမြွက်ချပြသွားခဲ့ပါတယ်။