ပီအက်စ်ဂျီ အသင်း အနေနဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာကို ရောင်းချဖို့ အမှန်တကယ် ဆန္ဒရှိမယ်ဆိုရင် သူတို့ အသင်းမှာ လာရောက် ကစားဖို့ ကြိုဆိုသွားမယ်လို့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ကက်စီမီရိုက ပြောကြားလိုက်ပါတယ်။ နေမာလို ကစားသမားကို ခေါ်ယူရာမှာ ကုန်ကျစရိတ် ကြီးမားနိုင်တာ မှန်ပေမယ့်၊ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နေမာရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းတို့ကြားက ပြိုင်ဆိုင်မှုတွေကြောင့်၊ ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ ဆွေးနွှေး ငြင်းခုံမှုတွေ ရှိလာခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာ အသင်းမှာ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပြီး၊ လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းက ဒီကစားသမားကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ဘာစီလိုနာ အသင်းဟာ ဒီကမ်းလှမ်းမှုကို မငြင်းနိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီ အသင်းဟာ နေမာကို နူးကမ့်ကနေ ခေါ်ယူဖို့ ယူရို၂၂၂သန်း တန်ကြေးရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး၊ ဒီဘရာဇီးလ်သားဟာ ပြင်သစ်မြေမှာ ကာလရှည် ရှိနေမယ့် သဘောတူညီကို လက်ခံခဲ့ပြီးနောက် ဘာစီလိုနာ အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကြယ်ပွင့်ဟောင်းဟာ နောက်ပိုင်းမှာ နူးကမ့်ကို ပြန်လည် ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့်၊ ပီအက်စ်ဂျီ အသင်းဟာ အဆိုပါ အချိန်မှာ ဒီကစားသမားကို စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် အသင်းဟောင်းထံ ပြန်သွားဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ အသင်းက သူ့ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်၊ ပြင်သစ်မြေမှာ နေမာရဲ့ အနာဂတ် ဆက်ရှိဖို့ မသေချာမှုတွေ ဖြစ်လာခဲ့ပြီး၊ ထင်ကြေးပေးမှုတွေ အများအပြား ရှိလာခဲ့ပါတယ်။

လက်ရှိ အပြောင်းအရွှေ့ စျေးကွက် အနေအထားအရ နေမာကို ခေါ်ယူနိုင်လောက်တဲ့အထိ ငွေကြေး သုံးစွဲနိုင်တဲ့ ဥရောပ ထိပ်တန်းကလပ် အနည်းငယ်သာ ရှိနေပြီး၊ သူ့ကို ခေါ်ယူနိုင်ခြေ ရှိတယ်လို့ သတ်မှတ် ခံထားရတဲ့ အသင်းတွေထဲမှာ မန်စီးတီး အသင်းလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတို့ဟာ နေမာကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး၊ နည်းပြ ပပ်ဂွာဒီယိုလာ ကိုယ်တိုင်ကလည်း ကောလဟာလ သတင်းတွေဟာ အခြေအမြစ် မရှိဘူးလို့ မကြာသေးမီကမှ ပြောထားခဲ့ဖူးပါတယ်။

MIAMI GARDENS, FL – JULY 29: Casemiro #14 of Real Madrid and Neymar #11 of Barcelona vie for the ball during their International Champions Cup 2017 match at Hard Rock Stadium on July 29, 2017 in Miami Gardens, Florida. (Photo by Mike Ehrmann/Getty Images)

ဒီဘရာဇီးလ်သားကို ခေါ်ယူနိုင်ဖွယ် ရှိတယ်လို့ သတ်မှတ် ခံထားရတဲ့ နောက်ထပ် ထိပ်သီးကလပ် အသင်းတသင်းက ရီးရဲလ်မက်ဒရစ် အသင်းဖြစ်ပြီး၊ ကြယ်စင်စုတို့ဟာ ယခုနှစ် နွေရာသီမှာ ကိုင်လီယန် အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အမ်ဘာပေက ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီး၊ ဟာလန်းကလည်း မန်စီးတီး အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် နေမာဟာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် နောက်ထပ် ရွေးချယ်စရာ ပစ်မှတ်တခု ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြတာပါ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ နေမာကို ခေါ်ယူဖို့ ကစားသမားရဲ့ အသက် ၁၄နှစ်အရွယ်လောက် ကတည်းက ကြိုးပမ်းခဲ့ဖူးတဲ့ အသင်းဖြစ်ပြီး၊ ဘာနေဗျူးကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတဲ့အပြင်၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှု တွေထဲမှာ ရီးရဲလ်မက်ဒရစ် အသင်း ပါဝင်လာခဲ့တာ ဖြစ်ပြီး၊ သူတို့ရဲ့ ကွင်းလယ်လူ ကက်စီမီရိုကလည်း လက်ရွေးစင် အသင်းဖော် နေမာကို ဘာနေဗျူးကနေ ကြိုဆိုဖို့ အသင့်ရှိနေတယ်လို့ အခုလို ပြောထားပါတယ်။

“နေမာဟာ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ကစားနိုင်တဲ့သူပါ။ တကယ်လို့ ပီအက်စ်ဂျီ အသင်းက သူ့ကို မလိုချင်ဘူးဆိုရင်၊ ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို ခေါ်ယူချင်ပါတယ်။ သူတို့လည်း အမှန်တကယ် ရောင်းချင်မယ်၊ နေမာကလည်း လာချင်မယ် ဆိုရင်ပေါ့ဗျာ။” လက်ရှိအချိန်ထိ နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေ အများအပြား ထွက်ပေါ်နေပေမယ့်၊ တရားဝင် ကမ်းလှမ်းထားတဲ့ အသင်း မရှိသေးတဲ့အပြင် ကစားသမား ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီ အသင်းမှာ ဆက်နေချင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

ZAWGYI: ပီအက်စ်ဂျီ အသင်း အနေနဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာကို ရောင်းချဖို့ အမှန်တကယ် ဆန္ဒရှိမယ်ဆိုရင် သူတို့ အသင်းမှာ လာရောက် ကစားဖို့ ကြိုဆိုသွားမယ်လို့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ကက်စီမီရိုက ပြောကြားလိုက်ပါတယ်။ နေမာလို ကစားသမားကို ခေါ်ယူရာမှာ ကုန်ကျစရိတ် ကြီးမားနိုင်တာ မှန်ပေမယ့်၊ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နေမာရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းတို့ကြားက ပြိုင်ဆိုင်မှုတွေကြောင့်၊ ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ ဆွေးနွှေး ငြင်းခုံမှုတွေ ရှိလာခဲ့ပါတယ်။