နေမာဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ဒီအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ ပြင်သစ်ကလာတဲ့ သတင်းတွေအရ လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ကစားသမား လုပ်ခလစာ ပေးချေမှု များပြားနေခြင်းကို လျှော့ချဖို့ အသက် ၃၀အရွယ် ဘရာဇီးလ် တိုက်စစ်မှူး နေမာနဲ့ လမ်းခွဲချင်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ မကြာသေးမီကမှ ကိုင်လီယန် အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် သူတို့ရဲ့ ကစားသမား လုပ်ခလစာ ပေးချေမှုဟာ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး၊ အသင်းရဲ့ လုပ်ခလစာ ပေးချေမှုကို ထိန်းညှိဖို့ မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ဖူးတဲ့ လီဂူးဝမ်း လက်ရှိ ချန်ပီယံဟာ ဥရောပ အောင်မြင်မှု ရယူနိုင်ဖို့ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာလည်း သူတို့ရဲ့ ကစားသမား စာရင်းကို အင်အားဖြည့်တင်းဖို့ အလုပ်များနေခဲ့တာ တွေ့ရပါတယ်။

ဟုတ်ပါတယ် ပီအက်စ်ဂျီ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ စပို့တင်းလစ္စဘွန်း ကစားသမား နူနိုမန်ဒက်စ်ကို အပြီးသတ် ခေါ်ယူထားပြီ ဖြစ်တဲ့အပြင် ပေါ်တို ကွင်းလယ်လူ ဗီတင်ဟာကိုလည်း ယူရိုသန်း၄၀နဲ့ ခေါ်ယူဖို့ သဘောတူညီ ရယူထားပြီးပါပြီ။ ဒါ့ကြောင့် ကစားသမား လုပ်ခလစာ ပေးချေမှုကို လျှော့ချဖို့ လိုအပ်နေတဲ့ ပီအက်စ်ဂျီ အသင်းဟာ နေမာကို ရောင်းထုတ်ချင်နေတာပါ။ ဒါပေမယ့် နေမာက သူ့ရဲ့ အနာဂတ် အစီအစဉ်ကို ထုတ်ပြောပြီး၊ အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်ထားပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း၃နှစ် ကျန်ရှိနေသေးတဲ့ နေမာက “ကျွန်တော့်ဘက်ကတော့ ရှင်းပါတယ်၊ ဒီအသင်းမှာ ဆက်နေဖို့ အမှန်တကယ် ဆန္ဒရှိတာပါ။ အခုထိတော့ ကျွန်တော့်ကို ဒီအသင်းကနေ ထွက်ခွာစေချင်တယ်လို့ အသင်းရဲ့ တာဝန်ရှိသူ ဘယ်သူကမှ တရားဝင် ပြောလာတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ကောလဟာလတွေ ထွက်ပေါ်နေတာကြောင့် ကျွန်တော် အသင်းမှာ ဆက်နေချင်တယ်လို့ အရှင်းဆုံး ပြောထားတာပါ။”

နေမာက သူ့ရဲ့ ဆန္ဒကို အခုလို ထုတ်ပြောထားပေမယ့်၊ များပြားလှတဲ့ ထိပ်သီးကလပ်တွေဟာ သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် နေမာကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာ ပမာဏကို ပေးချေဖို့ ရုန်းကန်ရမှာပါ။ နေမာဟာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိပေမယ့် စပိန်ကလာတဲ့ သတင်းတွေအရ လာလီဂါ ဥက္ကဋ္ဌ ဂျာဗီယာ တီဘက်စ်က ပီအက်စ်ဂျီ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိ.မရှိ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဟုတ်ပါတယ် တီဘက်စ်က ပီအက်စ်ဂျီ အသင်းရဲ့ လက်ကျန် ဘဏ္ဍာရေး ရှင်းတမ်းမှာ ယူရို၂၂၄သန်း အရှုံးပေါ်ခဲ့ခြင်းကို လူသိရှင်ကြား ဝေဖန်သွားခဲ့တာ ဖြစ်ပြီး၊ လီဂူးဝမ်း ထိပ်သီးကလပ်ရဲ့ စည်းမျဉ်း လိုက်နာမှုအပေါ် အခုလို မေးခွန်းတွေထုတ်ခဲ့တာပါ။ “ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုသန်း၂၀၀ကျော် ဆုံးရှုံးခဲ့တာပါ။ အဲ့လို ဆုံးရှုံးမှုမျိုး ဖြစ်ပြီးခဲ့တာတောင် အခု အမ်ဘာပေကို ယူရိုသန်း၃၀၀ တန်ကြေးရှိတဲ့ စာချုပ်သစ်တရပ် ချုပ်ဆိုခဲ့ပါတယ်။ သူတို့ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း လိုက်နာမှုကို ကျွန်တော် နားမလည်နိုင်အောင်ပါပဲ။”

ZAWGYI: နေမာဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ဒီအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ ပြင်သစ်ကလာတဲ့ သတင်းတွေအရ လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ကစားသမား လုပ်ခလစာ ပေးချေမှု များပြားနေခြင်းကို လျှော့ချဖို့ အသက် ၃၀အရွယ် ဘရာဇီးလ် တိုက်စစ်မှူး နေမာနဲ့ လမ်းခွဲချင်နေတယ်လို့ သိရပါတယ်။