ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဒါးလော့နဲ့ ဘစ္စကာတို့ရဲ့ ခြေစွမ်းတွေကို သဘောမကျတာကြောင့် ပီအက်စ်ဂျီရဲ့ အဓိက ညာနောက်ခံလူ ဟာခီမီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ ဂျာကွေး တယ်ဘော့ဂ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာ အတွက် ဘစ္စကာ ၊ ဒါးလော့နဲ့ အီသန် လီယက်ဒ်တို့ကို ပိုင်ဆိုင်ထားပေမယ့် ဒါးလော့ တဦးထဲသာ အဲရစ် တန်ဟက်ဂ်ရဲ့ တိုက်စစ် အသားပေး ကစားဟန်အတိုင်း လိုက်လံ ကစားနိုင်ပြီး ဒါးလော့ရဲ့ ခြေစွမ်းကလည်း ယုံကြည် စိတ်ချရတဲ့ အနေအထားမျိုးမှာ မရှိတာကြောင့် တန်ဟက်ဂ်က သူ့အသင်း အတွက် တိုက်စစ်လိုက်ပါမှု အားကောင်းတဲ့ ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ပီအက်စ်ဂျီ ညာနောက်ခံလူ ဟာခီမီ ၊ လန်းစ် ညာနောက်ခံလူ ကလော့စ်နဲ့ အင်တာမီလန် ညာနောက်ခံလူ ဒရမ်ဖရိုင်းတို့ကို စောင့်ကြည့်နေပေမယ့် အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ခံစစ်မှူးကတော့ ဟာခီမီသာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဂျာကွေး တယ်ဘော့ဂ်က ဆိုပါတယ်။ တယ်ဘော့ဂ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဟာခီမီရဲ့ ခြေစွမ်းကို အတော်လေး နှစ်ခြိုက် သဘောကျသူ ဖြစ်ပြီး ဟာခီမီရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းတွင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဟာခီမီကို ခေါ်ယူနိုင်ဖို့ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိတာကြောင့် သူတို့အသင်းရဲ့ လက်ရှိ ဘတ်ဂျက်အနေအထား အရ ဟာကင်မီကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပြီး လန်းစ် ညာနောက်ခံလူ ကလော့စ်ကသာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာဖို့ အနီးစပ်ဆုံး အနေအထား တရပ်မှာ ရှိနေပါတယ်။ အသက် ၂၃နှစ် အရွယ် မော်ရိုကို ညာနောက်ခံလူ ဟာခီမီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အင်တာမီလန်ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၆၆.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သလို ပီအက်စ်ဂျီနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော်နဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီးနောက် ဒီလစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုခံစစ်မှူး တဦးကို ရှာဖွေနေရာ အင်တာမီလန်ရဲ့ နံပါတ်တစ် ပစ်မှတ် ဗဟိုခံစစ်မှူး ဘရီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် ဗဟိုခံစစ်မှူး ဘရီမာက တိုရီနိုနဲ့အတူ စီးရီးအေပြိုင်ပွဲမှာ တောက်ပနေတဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တိုရီနိုအတွက် စီးရီးအေပြိုင်ပွဲမှာ ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘရီမာက မော်ဒန် ခံစစ်မှူးတွေလို ဘောလုံးပေးပို့ရာမှာ ထူးချွန်တဲ့ ခံစစ်မှူး တဦး မဟုတ်ပေမယ့် သူ့ရဲ့ မာကျောမှုနဲ့ ခံစစ်နည်းစနစ် ကျေညက်မှုတို့ကြောင့် ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းကို အိမ်မက်ဆိုးတွေ ပေးစွမ်းနိုင်သူ ဖြစ်ပြီး သူဟာ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းဝင် ထိပ်တန်း ခံစစ်မှူးလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ဘရီမာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဂျူဗင်တပ်က ဘရီမာကို အင်တာမီလန်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဘရီမာကို ခေါ်ယူဖို့ တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သူတို့အသင်းဟာ ဘရီမာကို အင်တာမီလန်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။ တိုရီနိုကတော့ သူတို့အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတဲ့ ဘရီမာကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဘရီမာအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် လိုချင်နေကြောင်းလည်း နီးစပ်ရာလူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ညာနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဒါးလော့နဲ့ ဘစ္စကာတို့ရဲ့ ခြေစွမ်းတွေကို သဘောမကျတာကြောင့် ပီအက်စ်ဂျီရဲ့ အဓိက ညာနောက်ခံလူ ဟာခီမီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ ဂျာကွေး တယ်ဘော့ဂ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။