ကမ္ဘာ့အဆင့်တစ် ဘယ်ဂျီယံကတော့ ပြီးခဲ့တဲ့ပွဲမှာဂိုးပြတ်အရေးနိမ့်ခဲ့မှုကို ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖော်ဆောင်ပြီး အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံဟာ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာဟာဇက်၊ ဘက်ရှူအာယီ၊ ဒီဘရိုင်းတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ တိုင်လေမန့်စ်၊ ဝီဆယ်တို့ကို တွဲပေးခဲ့ပြိး ကာရက်စ်ကိုနဲ့ ကာစတန်နီတို့ကို Wing Back တွေအဖြစ် သုံးခဲ့ပါတယ်။

နောက်တန်းမှာ ဗာတွန်ဂန်၊ အယ်ဒါဝီးစ်နဲ့ ဒန်ဒွန်ကာတို့ကို ပွဲထွက်စေခဲ့တာပါ။ပိုလန်ကလည်း ၄-၅-၁ ကို ခင်းကျင်းခဲ့ပြီး လီဝန်ဒေါစကီး၊ ဇီလင်စကီးတို့ဦးဆောင်ပြီး ဘယ်ဂျီယံကို ရင်ဆိုင်ခဲ့တာပါ။ ပွဲအစကတည်းက ဘယ်ဂျီယံဟာ တရစပ်ဖိအားပေးခဲ့ပြီး ၄ မိနစ်မှာတင် ဘယ်ဂျီယံတို့ အပိုင်အခွင့်အရေး ရခဲ့ပေမဲ့ ဘက်ရှူအာယီနဲ့ ဟာဇက်တို့ရဲ့ နှစ်ဆင့်ပိတ်သွင်းချက်ကို ပိုလန်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

ပိုလန်ကတော့ ဘယ်ဂျီယံတိုက်စစ်ကို ဟန့်တားရင်း ခံစစ်ဇုန်မှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်ဂျီယံဟာ ပွဲအစပိုင်းမှာ တိုက်စစ်ကစားသမားတွေကြား ချိတ်ဆက်ပုံအားနည်းခဲ့ပြီး ပိုလန်ကလည်း တစ်သင်းလုံးခံစစ်မှာပဲ စုပြုံကစားနေလို့ ဂိုးရခက်နေခဲ့ရပါတယ်။ ၂၇ မိနစ်မှာ ပိုလန်တို့ ထင်မှတ်မထားတဲ့အနေအထားကနေ ဦးဆောင်ဂိုး ရခဲ့ပြီး လီဝန်ဒေါစကီးက သွင်းယူခဲ့တာပါ။

ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ဘယ်ဂျီယံတို့ ပြာမသွားခဲ့ဘဲ တိုက်စစ်ဆင်မှုတွေ ပိုကောင်းလာခဲ့ပါတယ်။ ဒါကြောင့် ၄၂ မိနစ်မှာ ဘယ်ဂျီယံ ချေပဂိုးပြန်ရခဲ့ပြီး ကာစတန်နီက အလိုက်သင့်ပေးလိုက်တာကို ဝီဆယ်ကဂိုးဧရိယာအပြင်ဘက်ကနေ တစ်ဟုန်ထိုး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲကပိုမို တစ်ဖက်သတ်ဆန်လာခဲ့ပြီး ဘယ်ဂျီယံဘက်မှာ ဒီဘရိုင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေက ပိုမိုအသက်ဝင်လာပါတယ်။

ဒီပွဲမှာ ဟာဇက်ကတော့ ခြေစွမ်းပိုင်း အားရစရာ မကောင်းခဲ့ဘဲလေးကွေးနေခဲ့ပါတယ်။ ဘယ်ဂျီယံတို့ ဖိအားပေးကစားရင်း ၅၉ မိနစ်မှာတော့ ဦးဆောင်ဂိုးရခဲ့ပြီး ဟာဇက်ရဲ့ ဖန်တီးမှုကနေ ဒီဘရိုင်းက ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ တည်တည်ငြိမ်ငြိမ် အဆုံးသတ်ခဲ့တာပါ။ အဲဒီနောက် ဘယ်ဂျီယံက ထရော်ဆတ်ကို ထည့်သွင်းပြီး တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့ပါတယ်။သူဝင်လာတော့မှ ဘယ်ဂျီယံတိုက်စစ်ပိုမြိုင်လာပြီး တောင်ပံတိုက်စစ်က အသက်ဝင်လာပါတယ်။

၇၃ မိနစ်နဲ့ မိနစ် ၈၀ တို့မှာ လူစားဝင် ထရော်ဆတ်က ဘယ်ဂျီယံအတွက် နှစ်ဂိုးဆက်သွင်းယူခဲ့ပါတယ်။ မိနစ် ၈၀ သွင်းတဲ့ဂိုးဆိုရင် အလွန်လှပလွန်းပြီး ဂိုးဧရိယာအပြင်ဘက် ထောင့်ကျတဲ့နေရာကနေ ဝေ့ဝှိုက်ကန်သွင်းခဲ့တာပါ။ ဂိုးပြတ်နိုင်နေပေမဲ့ လက်ကျန်မိနစ်တွေမှာ ဘယ်ဂျီယံတို့ ကစားအားမချခဲ့ဘဲ တိုက်စစ်ဆင်ခဲ့ရာမှာ ၈၃ မိနစ်မှာ ဒန်ဒွန်ကာနဲ့ နာကျင်အချိန်ပို ၃ မိနစ်မှာ အိုပန်ဒါတို့က ပွဲသိမ်းဂိုးတွေ သွင်းပေးခဲ့ကြပြီး ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်ပေးခဲ့ကြပါတယ်။

ZAWGYI: ကမ္ဘာ့အဆင့်တစ် ဘယ်ဂျီယံကတော့ ပြီးခဲ့တဲ့ပွဲမှာဂိုးပြတ်အရေးနိမ့်ခဲ့မှုကို ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖော်ဆောင်ပြီး အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံဟာ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာဟာဇက်၊ ဘက်ရှူအာယီ၊ ဒီဘရိုင်းတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ တိုင်လေမန့်စ်၊ ဝီဆယ်တို့ကို တွဲပေးခဲ့ပြိး ကာရက်စ်ကိုနဲ့ ကာစတန်နီတို့ကို Wing Back တွေအဖြစ် သုံးခဲ့ပါတယ်။