ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီဟာ အခုဆိုရင် အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလီလက်ထက်မှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ခေါ်ယူသွားမယ့် ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ပိုင်ရှင်ကြီးဖြစ်တဲ့ ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုကနေ အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလီ ပြန်လည်ဝယ်ယူမှုက သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ဒီကနေ့မှာပဲ လွှဲပြောင်းမှုက အပြီးသတ်နိုင်တော့မှာဖြစ်ကြောင်း အသင်းဘက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ပိုင်ရှင်သစ်လက်ထက် အသင်းဆီကို ပထမဆုံး ရောက်လာတော့မယ့် ကစားသမားသစ်က ပြင်သစ် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီ ဖြစ်တယ်လို့ပါ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ဒေါ့မွန်ကစားသမားဟောင်း ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ဘာစီလိုနာအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သူရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်က သူ့ကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အပြင် ကလပ်အသင်းများစွာကလည်း ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ဟန်ပြင်နေကြပါတယ်။

ဒမ်ဘီလီကလည်း သူရဲ့လက်ရှိကလပ် ဘာစီလိုနာအသင်းနဲ့ ထပ်မံသက်တမ်းတိုးမလား သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ တစ်သင်းသင်းကို ရွေးချယ်သွားမလားဆိုတာ ဆုံးဖြတ်ချက်ချသွားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒမ်ဘီလီကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ ကလပ်အသင်းတွေထဲမှာ ချယ်လ်ဆီး လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့ ပါဝင်လို့နေပြီး ဒီအသင်းတွေထဲကမှ ချယ်လ်ဆီးက ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေရတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်နဲ့ ဒမ်ဘီလီတို့ဟာလည်း ဒေါ့မွန်အသင်းမှာ အတူတကွ လက်တွဲခဲ့ဖူးသူတွေ ဖြစ်နေတာကြောင့် အခုတစ်ကြိမ် ချယ်လ်ဆီးမှာပါ ထပ်မံလက်တွဲသွားဖို့ နှစ်ဦးလုံး ဆန္ဒရှိနေပြီး ဒီအပြောင်းအရွှေ့ဟာလည်း မကြာခင်မှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ နာမည်ကြီး သတင်းမီဒီယာတချို့မှာ ဖော်ပြလာကြပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ဂျော်ဂျင်ဟိုကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး သူ့ရဲ့ မွေးရပ်မြေ အီတလီဆီ ပြန်ဖို့ တာစူနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၀ အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဂျော်ဂျင်ဟိုက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးဖို့ထက် အသင်းကနေ ထွက်ခွာဖို့သာ ပိုမို အလိုရှိနေပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင်သစ် အပြောင်းအလဲနဲ့အတူ အသင်းကို သွေးသစ်လောင်းဖို့ ကြံစည်နေတာကြောင့် ဂျော်ဂျင်ဟို အပါအဝင် အသက်အရွယ် ရလာတဲ့ ကစားသမား အများစုကို ရှင်းထုတ်ကာ လူငယ်ခြေတက် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ ဂျော်ဂျင်ဟိုနဲ့ ချယ်လ်ဆီးတို့ရဲ့ ကတ္တီပါလမ်းခွဲကို မြင်တွေ့ရဖို့ ရှိနေပြီး ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဂျော်ဂျင်ဟို အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ဂျော်ဂျင်ဟိုကလည်း ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း သိရပါတယ်။ ဂျူဗင်တပ်က စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ဂျော်ဂျင်ဟို အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေကြောင်းလည်း အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ZAWGYI: ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီဟာ အခုဆိုရင် အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလီလက်ထက်မှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ခေါ်ယူသွားမယ့် ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ပိုင်ရှင်ကြီးဖြစ်တဲ့ ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုကနေ အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလီ ပြန်လည်ဝယ်ယူမှုက သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ဒီကနေ့မှာပဲ လွှဲပြောင်းမှုက အပြီးသတ်နိုင်တော့မှာဖြစ်ကြောင်း အသင်းဘက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။