ချဲလ်ဆီး ပိုင်ရှင်သစ်တွေဟာ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမားသစ် 6 ယောက် အထိ ခေါ်ယူပေးမယ့် အကြောင်း နည်းပြကြီး တူချယ် ကို ကတိပေးလိုက်သလို ၊ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် အနိမ့်ဆုံး လိုချင်တဲ့ အကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်း ပြောဆို လိုက်ပါတယ်။ သူတို့ဟာ မန်စီးတီး ၊ လီဗာပူး တို့ နဲ့ အကြား ကွာဟချက် မကြီးမားသွားအောင် ရည်ရွယ်ထားကာ ၊ အသင်းရဲ့ လည်ပတ်မှုတွေကိုလဲ ပုံမှန် အတိုင်း အသားကျဖို့ ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။

လက်ရှိ ပူးတွဲ ပိုင်ရှင် Todd Boehly ဦးဆောင်ကာ အသင်းက စီနီယာ ဝန်ထမ်းတွေ နဲ့ သောမတ် တူချယ် တို့ဟာ အပြောင်းအရွှေ့ ကာလ လှုပ်ရှားမယ့် ကိစ္စရပ်တွေ နဲ့ ပတ်သက်ပြီး ဒီတစ်ပတ်မှာ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူခဲ့တဲ့ လူကာကူ ကို အင်တာ မီလန် အသင်းဆီ ပြန်လည် အငှားချဖို့ အတွက်လဲ သဘောတူညီမှု ရရှိထားပြီးပါပြီ။

လတ်တလော ထွက်ပေါ်နေတဲ့ အီတလီ က သတင်းတွေမှာတော့ နယ်သာလန် ခံစစ်မှုး ဒီလစ်ဟာ ယူဗင်တပ် နဲ့ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်တော့ပဲ ၊ ချဲလ်ဆီး ထံကို ပြောင်းရွှေ့လာဖို့ အတွက် အသင့်ပြင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ လူကာကူ ကို လမ်းခွဲလိုက်ပေမယ့် ၊ အဲဒီနေရာကို တိုက်ရိုတ် အစားထိုးဖို့ အတွက် တိုက်စစ်မှုးစစ်စစ် တစ်ယောက် ထပ်မံ ခေါ်ယူဖွယ် မရှိပဲ ၊ စတာလင် ၊ ဒမ်ဘီလီ ၊ ရစ်ချာ လီဆွန် နဲ့ ဂျေဇု တို့လို ကစားသမားမျိုးတွေကိုပဲ ဆန်ကာတင် စာရင်းမှာ ထည့်သွင်းထားပါတယ်။

လက်ရှိမှာ တူချယ် ဟာ အပြောင်းအရွှေ့ အသုံးစာရိတ် ပေါင် သန်း 200 အထိ ရှိထားပါတယ်။ တကယ်လို့များ အသင်းက စီနီယာ ကစားသမား တစ်ယောက်ယောက် ကို ရောင်းချနိုင်ခဲ့ဦးမယ် ဆိုရင် အသုံးစာရိတ်က ပိုပြီး တိုးလာဖွယ် ရှိနေပါတယ်။ အသင်းနဲ့ နီးစပ်သူ တစ်ဦး ရဲ့ Telegraph သတင်းဌာန ကို ပြောပြချက် မှာတော့ – “ အဓိက အချက်က သောမတ် တူချယ် အတွက် အကောင်းဆုံး ကစားသမားတွေကိုပဲ ဝန်းရံ ဖန်တီးပေးထားဖို့ပါ။

ကျနော်တို့ ဟာ ခံစစ်မာကျောတဲ့ နောက်တန်းမျိုးလဲ ပိုင်ဆိုင်ချင်တယ် ၊ ကွင်းလယ် အင်အားကိုလဲ တောင့်တင်း ချင်ပါတယ်။ တိုက်စစ်မှုးစစ်စစ် ထပ်ပြီး အားဖြည့်ဖို့တော့ သိပ်ပြီး အားမသန်တော့ပါဘူး။ ကံကောင်းစွာနဲ့ ပြောရရင် ဈေးကွက်ထဲမှာလဲ ပရိသတ်တွေ ကျေနပ်စေနိုင်လောက်တဲ့ ကစားသမားမျိုးတွေ ပေါ်ထွက်လာနေတယ်လေ။ ပစ်မှတ်တွေ ကို အားလုံး သဘောတူညီမှုမျိုး နဲ့ လှုပ်ရှားသွားမှာပါ။ 5-6 ယောက်လောက်တော့ ခေါ်ယူနိုင်လိမ့်မယ် ထင်ပါတယ်” လို ပြောဆိုသွားခဲ့ ပါတယ်။

Marina Granovskaia နဲ့ Bruce Buck တို့ အသင်းကနေ ထွက်ခွာသွားပြီးနောက် ၊ Boehly ဟာ အသင်းရဲ့ Chairman ရာထူးကိုရော ၊ Sporting Director ရာထူးကိုပါ ပူးတွဲ လုပ်ကိုင်လျှက် ရှိနေပါတယ်။ တစ်ချိန်တည်းမှာ ပြောင်းအရွှေ့ ကိစ္စတွေကိုပဲ ဦးဆောင် လှုပ်ရှားနေပြီး ၊ ဒီတစ်ပတ်ထဲမှာ ရီးစ် ဂျိမ်းကို စာချုပ် သက်တမ်း တိုးနိုင်ဖို့ အတွက် ပထမဆုံး ကမ်းလှမ်းမှု ချပြသွားဖွယ် ရှိနေပါတယ်။ အသင်းနဲ့ နီးစပ်သူတွေ ကတော့ Boehly ဟာ အားကစား ဒါရိုတ်တာ ရာထူးကို ယာယီ ခဏတာ ကိုင်တွယ်တာ ဖြစ်တယ်လို့ ပြောဆိုနေကြပြီး ၊ အဲဒီ နေရာအတွက် သင့်တော်မယ့် လူတစ်ယောက်ကို ရှာဖွေပြီး အစားထိုးခန့်အပ်လိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

လောလောဆယ်မှာတော့ လီဗာပူး အားကစား ဒါရိုတ်တာဟောင်း ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဝပ် ကို ချိတ်ဆက်နေတဲ့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း သိပ်ပြီး မကျန်တော့တဲ့ အက်စ်ပီလီကွီတာ ၊ မာကို့စ် အလွန်ဆို ၊ တီမို ဗာနာ ၊ ဇီယက် ၊ ပူလီဆစ် ၊ ကီပါ တို့ရဲ့ အနာဂတ်တွေ နဲ့ ပတ်သက်လို့တော့ အခုထိ ပြတ်သားတဲ့ အဖြေ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ တူချယ် ကိုယ်တိုင်ကတော့ လာမယ့် ဘောလုံးရာသီမှာ လူစားလဲခွင့် ကို 5 ယောက် အထိ တိုးမြှင့်ပေးမှာ ဖြစ်တဲ့ အတွက် တောင့်တင်းတဲ့ လူစားရင်းမျိုးကို ပိုင်ဆိုင်ထားချင်တဲ့ အကြောင့် ဖွင့်ဟ ထားပါတယ်။

ZAWGYI: ချဲလ်ဆီး ပိုင်ရှင်သစ်တွေဟာ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမားသစ် 6 ယောက် အထိ ခေါ်ယူပေးမယ့် အကြောင်း နည်းပြကြီး တူချယ် ကို ကတိပေးလိုက်သလို ၊ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် အနိမ့်ဆုံး လိုချင်တဲ့ အကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်း ပြောဆို လိုက်ပါတယ်။ သူတို့ဟာ မန်စီးတီး ၊ လီဗာပူး တို့ နဲ့ အကြား ကွာဟချက် မကြီးမားသွားအောင် ရည်ရွယ်ထားကာ ၊ အသင်းရဲ့ လည်ပတ်မှုတွေကိုလဲ ပုံမှန် အတိုင်း အသားကျဖို့ ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။