PSG ဟာ ဟိုးဆေး မော်ရင်ဟို ကို သူတို့ရဲ့ နည်းပြသစ် ခန့်အပ်ဖို့ အတွက် အံ့အားသင့်ဖွယ်ရာ စဉ်းစားချင့်ချိန်လျှက် ရှိနေပါတယ်။ မော်ရင်ဟို က ရိုးမား နဲ့ တူ ယူရိုပါ ကွန်းဖရင့်လိဂ် ဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားသူ ဖြစ်ပြီး ၊ သူ့ရဲ့ လက်ရှိ စာချုပ်က 2 နှစ် အထိ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ PSG ဟာ နည်းပြ ပိုချက်တီနို ကို ရာထူးကနေ ဖယ်ရှားမယ်လို့ မျှော်လင့်ရပြီး ၊ လက်ရှိမှာ နည်းပြသစ် အတွက် ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ်တွေကို ဆွဲထုတ်ကြည့်လျှက် ရှိနေပါတယ်။ သတင်းတွေ အရတော့ ပိုချက်တီနို ကို ရာထူးကနေ ထုတ်မယ့် သတင်းဟာ ရက်ပိုင်း အတွင်းမှာပဲ အတည်ပြုဖွယ် ရှိနေတယ်လို့ သိရပါတယ်။

PSG ရဲ့ ပစ်မှတ်တွေထဲမှာ ရီးရဲ မက်ဒရစ် နည်းပြဟောင်း ဖြစ်သူ ဇီဒန်းလဲ ပါဝင်နေပါတယ်။ သို့သော်လဲ ပြင်သစ်သားကြီးဟာ လစ်လပ်တော့မယ့် နည်းပြရာထူးကို လက်ခံရယူဖို့ တွန့်ဆုတ်နေပြီး ၊ ကမ္ဘာ့ဖလား အပြီးမှာ လက်ရွေးစင် အသင်းနဲ့ လမ်းခွဲတော့မယ့် ဒီဒီယာ ဒက်ချမ့် ရဲ့ နေရာကိုပဲ ဆက်ခံသွားဖွယ် ရှိနေပါတယ်။ PSG ဟာ ယခင်တုန်းကလဲ မော်ရင်ဟို ကို နည်းပြသစ် ခန့်အပ်နိုင်ဖို့ အကြီးအကျယ် ချိတ်ဆက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် လူးဝစ် ကမ့်ပို့စ် ရောက်ရှိလာခြင်းက မော်ရင်ဟို ဘက်ကို နောက်တစ်ကြိမ် မြှားဦးလှည်ဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ ကမ့်ပို့စ် ဟာ Sporting Director ရာထူး ခေါင်းစဉ် နဲ့ အလုပ်လုပ်ဖို့ မသေချာသေးသော်လဲ ၊ ပထမဆုံး အနေနဲ့ နည်းပြသစ် ရှာဖွေဖို့ ဦးစားပေး လုပ်ကိုင်နေပါပြီ။ သူ နဲ့ မော်ရင်ဟို တို့ဟာ ရီးရဲ မက်ဒရစ် မှာတုန်းက အတူတူ လက်တွဲ လုပ်ကိုင်ဖူးသူတွေ ဖြစ်ပြီး ၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိကြသူ ဖြစ်ပါတယ်။ မော်ရင်ဟို ဟာ ယူနိုက်တက် မှာ လုပ်ကိုင်ခဲ့စဉ် အချိန်က သူ့ရဲ့ ပေါ်တူဂီ မိတ်ဆွေကြီး လူးဝစ် ကမ့်ပို့စ် ကို အားကစား ဒါရိုတ်တာ အဖြစ် ခန့်အပ်ပေးဖို့ ထောက်ခံချက်ပေးခဲ့ဖူးပါတယ်။

ဒါ့အပြင် စပါး အသင်းဆီ ရောက်ရှိလာပြန်တော့လဲ ကမ့်ပို့စ် နဲ့ စပါး တာဝန်ရှိသူတွေ အကြား ကနဦး ဆွေးနွေးမှုတွေကိုတောင် လုပ်ဆောင်ခဲ့ဖူးပါတယ်။ PSG က မော်ရင်ဟို ကို မျက်စိကျလာတဲ့ အချက်ဟာ ကမ့်ပို့စ် နဲ့ အကြားက ဆက်ဆံရေး တွေထက် ၊ ဥရောပမှာ မတူညီတဲ့ အသင်းတွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရယူပေးဖူးတဲ့ မှတ်တမ်းတွေကို ပိုပြီး သဘောကျနေတာ ဖြစ်ပါတယ်။ ကမ့်ပို့စ် ကိုယ်တိုင်ကတော့ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ နိမ့်ကျနေတဲ့ ကစားသမား စာရင်းမှာ မလိုအပ်တော့တဲ့ ဘောလုံးသမားတွေကို ဦးစားပေး ရောင်းထုတ်မှာ ဖြစ်ပြီး ၊

အသင်းရဲ့ အနာဂတ် အစီစဉ်တွေ နဲ့ ကိုက်ညီမယ့် ကစားသမားမျိုးတွေကိုသာ ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ကစားသမားတွေ ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပေါ်ပေါက်လာဖို့ အတွက် မော်ရင်ဟို ရဲ့ တင်းကျပ်တဲ့ ကိုင်တွယ်မှု စတိုင်မျိုးကိုလဲ လိုချင်နေပြန်ပါတယ်။ Special ONE ကြီး အတွက်တော့ ယူနိုက်တက် ကို ကိုင်တွယ်ပြီး နောက်ပိုင်း ၊ နောက်ထပ် Big Squad ကစားသမား စာရင်းကို ထပ်မံ ကိုင်တွယ်ခွင့် ရရှိမယ့် အခွင့်အရေးမျိုး ဖန်တီးလာနိုင်တာမို့ ဥရောပ မှာ နောက်တစ်ကြိမ် စွာပြဦးမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သူ့ရဲ့ အမြင် ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ရိုးမား ဆက်နေတာထက် ပီအက်စ်ဂျီ မှာက ထိပ်တန်း ဆုဖလားတွေ စိန်ခေါ်ဖို့ ပိုပြီး အခွင့်အလမ်း များပါလိမ့်မယ်။ သို့သော် ယူရိုပါ ကွန်းဖရင့်လိဂ် ဖလား ဗိုလ်စွဲ အပြီးမှာတော့ အခြား ကလပ်အသင်းတွေဆီ ပြောင်းရွှေ့မှာ မဟုတ်ပဲ ၊ ရိုးမားမှာ ဆက်ရှိသွားမယ့် အကြောင်း အခိုင်အမာ ပြောဆိုထားခဲ့ပါတယ်။ ပြင်သစ်က သတင်းတွေမှာတော့ နိုက်စ် နည်းပြ Christophe Galtier ၊ ရေးဗားပလိတ် နည်းပြ Marcelo Gallardo တို့ ကလဲ PSG နည်းပြသစ် ဖြစ်လာနိုင်တဲ့ ဆန်ကာတင် စာရင်းမှာ ရှိနေကြောင်း ဖော်ပြလျှက် ရှိနေပါတယ်။

ZAWGYI: PSG ဟာ ဟိုးဆေး မော်ရင်ဟို ကို သူတို့ရဲ့ နည်းပြသစ် ခန့်အပ်ဖို့ အတွက် အံ့အားသင့်ဖွယ်ရာ စဉ်းစားချင့်ချိန်လျှက် ရှိနေပါတယ်။ မော်ရင်ဟို က ရိုးမား နဲ့ တူ ယူရိုပါ ကွန်းဖရင့်လိဂ် ဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားသူ ဖြစ်ပြီး ၊ သူ့ရဲ့ လက်ရှိ စာချုပ်က 2 နှစ် အထိ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ PSG ဟာ နည်းပြ ပိုချက်တီနို ကို ရာထူးကနေ ဖယ်ရှားမယ်လို့ မျှော်လင့်ရပြီး ၊ လက်ရှိမှာ နည်းပြသစ် အတွက် ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ်တွေကို ဆွဲထုတ်ကြည့်လျှက် ရှိနေပါတယ်။ သတင်းတွေ အရတော့ ပိုချက်တီနို ကို ရာထူးကနေ ထုတ်မယ့် သတင်းဟာ ရက်ပိုင်း အတွင်းမှာပဲ အတည်ပြုဖွယ် ရှိနေတယ်လို့ သိရပါတယ်။