ပြင်သစ်ကွင်းလယ်ကစားသမားပေါ့လ်ဘာဟာ ဇူလိုင်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖို့စီစဉ်ထားပြီး အသင်းတာဝန်ရှိသူများနှင့် သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိခဲ့ပေ။ပေါလ်ပေါ့ဘာဟာနွေရာသီတွင်မန်စီးတီးသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။

ဒါပေမဲ့ပေါလ်ပေါ့ဘာဟာယူနိုက်တက်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံလာရမှာစိုးရိမ်မှုနဲအတူစိတ်ပြောင်းကာအပြောင်းအရွှေ့ကိုဖျက်သိမ်းခဲ့ပါတယ်။အသက် ၂၉နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားဟာနွေရာသီတွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးကလပ်အတွက်နောက်ဆုံးပွဲကိုကစားထားပြီးဖြစ်ပါတယ်။

The Times ကပေါလ်ပေါ့ဘာဟာယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက်ကလပ်မန်စီးတီးသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရန်သဘောတူညီမှုရရှိခဲ့ကြောင်းဖော်ပြသွားပါတယ်။ဒါပေမဲ့ပေါ့ဘာဟာယူနိုက်တက်ရဲ့ယုံကြည်မှုကိုဖောက်ဖျက်သကဲ့သို့ပြုလုပ်လာသလိုဖြစ်လာနိုင်တာကြောင့် အပြောင်းအရွှေ့ကိုငြင်းပယ်ခဲ့ပါတယ်။

ပေါ့ဘာကမန်စီးတီးသို့သာပြောင်းရွှေ့မည်ဆိုပါကသူ့ရဲ့မန်ချက်စတာလူနေမှုဘဝကိုလည်းအကြီးအကျယ်ရိုက်ခတ်လာနိုင်တယ်လို့ယုံကြည်နေပါတယ်။လက်ရှိအချိန်တွင်ပေါလ်ပေါ့ဘာကိုခေါ်ယူရန်ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီ၊ဂျူဗင်တပ်တို့ကစိတ်ဝင်စားနေပါတယ်။

တစ်ဖက်မှာလည်း မန်ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီမှာ ဖလားပြိုင်ပွဲစုံကနေ စောစောစီးစီးထွက်ခွာခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရတော့တာသေချာသွားခဲ့ကာ ယူရိုပါလိဂ်ကလည်း ရဖို့ မသေချာသေးတာဖြစ်ပါတယ်။

အသင်းအနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးကြိမ် အနည်းဆုံးရမှတ်ကို ပိုင်ဆိုင်ထားရပြီး ဆိုးဆိုးရွားရွားအခြေအနေနဲ့ ရာသီပိတ်သိမ်းရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီ အသင်းရဲ့ အကောင်းဆုံးကစားသမားဆုပေးပွဲကို ကစားသမားတွေအနေနဲ့ ဆုလက်ခံဖို့ရာ ဆန္ဒမရှိတာကြောင့် မကျင်းပဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီတိုင်းမှာ ပထမအသင်းကြီးနဲ့ လူငယ်အသင်းက ကစားသမားတွေကို သက်ဆိုင်ရာ အကောင်းဆုံးဆုပေးပွဲကို ညစာစားပွဲနဲ့ အတူကျင်းပလေ့ရှိတာဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲကို ကလပ်အသင်းရဲ့ ဂန္တဝင်ကစားသမားတွေနဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်တို့ တက်ရောက် ချီးမြှင့်ပေးလေ့ရှိပါတယ်။

ဒီရာသီမှာတော့ အဆိုပါဆုပေးပွဲကို ကစားသမားတွေ တက်ရောက်လိုတဲ့ ဆန္ဒမရှိတာကြောင့် ကျင်းပသွားဖွယ်မရှိတာပါ။ ရာသီအစမှာ မန်ယူအသင်းအနေနဲ့ တာထွက်ကောင်းခဲ့ပေမယ့် ရလဒ်ပိုင်းတွေ ဆက်တိုက်ဆိုးရွားလာတာကြောင့် နည်းပြ အိုလေဆိုးရှားထုတ်ပယ်ခံလိုက်ရပြီ ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

ဒါပေမယ့်အသင်းအနေနဲ့ တိုးတက်ကောင်းမွန်လာခြင်းမရှိပဲ ကွင်းတွင်းကွင်းပြင် ပြဿနာပေါင်းစုံတက်နေခဲ့တာဖြစ်ပါတယ်။ ရာသီအကုန်မှာတော့ ယူနိုက်တက်အသင်းကို အေဂျက်ဇ်နဲ့ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ အဲရစ်တန်းဟက်ဂ်ကနည်းပြအဖြစ်တာဝန်ယူတော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်ဆက် Matt Busby တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က လက်ခံရယူခဲ့ပြီး ၂၀၂၀-၂၀၂၁ ရာသီ ယူနိုက်တက်အကောင်းဆုံးကစားသမားဆုကိုတော့ အင်္ဂလန်နောက်ခံလူလုခ်ရှောက ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေစ့်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို နည်းပြသစ်အဲရစ်တန်းဟက်ဂ် လာရောက်ကြည့်ရှုဖွယ်ရှိပါတယ်။