ပရီးမီးယားလိဂ် ပြိုင်ပွဲကို အာလင်း ဟာလန်းနဲ့ ဒါဝင်နူနက်ဇ်တို့ ရောက်ရှိလာခြင်းဟာ သူ့အတွက် ရွှေဖိနပ်ဆု ရယူနိုင်ရေး ပြိုင်ဆိုင်မှုမှာ တိုးတက်မှုတွေ ရှိလာစေလိမ့်မယ်လို့ ယုံကြည်ကြောင်း ဟယ်ရီကိန်းက ထုတ်ပြောလိုက်ပါတယ်။ ကိန်းဟာ ၂၀၁၅-၂၀၁၆၊၂၀၁၆-၂၀၁၇နဲ့ ၂၀၂၀-၂၀၂၁ခုနှစ် ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ၁၇ဂိုးသွင်းယူကာ တော့တင်ဟမ် ဟော့စပါး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရွှေဖိနပ်ဆု ရရှိခဲ့တာက ကိန်းရဲ့ အသင်းဖော် ဆွန်ဟောင်မင် ဖြစ်ပြီး၊ ဒီအာရှသားဟာ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့အတူ ၂၃ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲ ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ် အသင်းနည်းပြ ဂျာဂန်ကလော့ပ်ဟာ သူ့အသင်းကို တိုက်စစ် အင်အား ဖြည့်တင်းဖို့ စီစဉ်နေပြီး၊ လတ်တလော သတင်းတွေအရ ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်၆၄သန်းနဲ့ (ယူရို၇၅သန်း) သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။

နူနက်ဇ်ဟာ ဘင်ဖီကာ အသင်းအတွက် ပြိုင်ပွဲစုံ ၈၅ပွဲကစားပေးခဲ့ရာ ၄၈ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီး၊ ယမန်နှစ် ဘောလုံးရာသီက ပေါ်တူဂီ ပရီးမီးယားလိဂ်မှာ တပွဲပျှမ်းမျှ ၁.၂ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ တိုက်စစ်ပိုင်းမှာ ရွေးချယ်ခွင့် ပိုမိုရရှိစေဖို့ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူကာ ဥရောပ ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အဆိုပါ နော်ဝေး လက်ရွေးစင်ဟာ ဒေါ့မွန် အသင်းကို ရောက်ရှိလာပြီးချိန် ကတည်းက ၈၉ပွဲကစားပေးခဲ့ရာ ၈၆ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီး၊ သူဟာ ပြိုင်ပွဲစုံမှာ ပွဲကစားချိန် ၈၄မိနစ်တိုင်း ၁ဂိုးသွင်းယူ ထားနိုင်တဲ့ ဂိုးသွင်းမှတ်တမ်းမျိုး ပိုင်ဆိုင်ထားပါတယ်။ ဒီလို ထူးချွန်တဲ့ တိုက်စစ်မှူးတွေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတာကြောင့် ဟယ်ရီကိန်းက လာမယ့် ဘောလုံးရာသီမှာ ရွှေဖိနပ် ဆုအတွက် ဒီတိုက်စစ်မှူးတွေကို ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ပဲ စိတ်လှုပ်ရှားနေကြောင်း အခုလို ပြောလိုက်ပါတယ်။

“ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် တိုက်ပွဲက အမြဲတမ်း ခက်ခဲတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကမ္ဘာတဝှမ်းက ထိပ်တန်း တိုက်စစ်မှူးတွေကို မွေးထုတ်ပေးနေခဲ့တာ နှစ်တွေ အတော်ကြာပါပြီ။ ဒီပြိုင်ပွဲဟာ ကျွန်တော် ကစားဖူးခဲ့တဲ့ ဘောလုံး ရာသီတိုင်းမှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ အမြဲတမ်း ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရလေ့ရှိပြီး၊ လာမယ့် ဘောလုံးရာသီမှာလည် ဒီဆုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမှာ သေချာပါတယ်။”

“ထိပ်တန်း တိုက်စစ်မှူးတွေဟာ ပရီးမီးယားလိဂ်မှာ ကစားချင်ကြပြီး၊ အခု ဒီလိဂ်က အသင်းတွေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် နှစ်ဦးကလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ကစားချင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့ ရောက်လာတာဟာ ကစားသမား တယောက် အနေနဲ့ ပြိုင်ဆိုင်မှု အားကောင်းဖို့ အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလို ထိပ်တန်း တိုက်စစ်မှူးသစ်တွေက ကျွန်တော့်ကို ပိုကောင်းအောင်လုပ်ဖို့ တွန်းအား ဖြစ်စေနိုင်ပြီး၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ မျှော်လင့်နေပါတယ်။” လို့ ဟယ်ရီကိန်းက ထုတ်ပြော သွား ခဲ့ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် ပြိုင်ပွဲကို အာလင်း ဟာလန်းနဲ့ ဒါဝင်နူနက်ဇ်တို့ ရောက်ရှိလာခြင်းဟာ သူ့အတွက် ရွှေဖိနပ်ဆု ရယူနိုင်ရေး ပြိုင်ဆိုင်မှုမှာ တိုးတက်မှုတွေ ရှိလာစေလိမ့်မယ်လို့ ယုံကြည်ကြောင်း ဟယ်ရီကိန်းက ထုတ်ပြောလိုက်ပါတယ်။ ကိန်းဟာ ၂၀၁၅-၂၀၁၆၊၂၀၁၆-၂၀၁၇နဲ့ ၂၀၂၀-၂၀၂၁ခုနှစ် ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ၁၇ဂိုးသွင်းယူကာ တော့တင်ဟမ် ဟော့စပါး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့ပါတယ်။